ဘလြန္းဒီေအာ္ဆုကိုရႏိုင္တ့ဲပရီးမီးယားလိဂ္မွကစားသမား(၃)ဦး

ျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာဥေရာပအသင္းေတြဟာ ဥေရာပေဘာလံုးစင္ျမင့္ထက္မွာၾကီးစိုးေနရာယူခ့ဲၾကပါတယ္။ ယူရိုပါလိဂ္ဖိုင္နယ္နဲ႔ခ်န္ပီယံလိဂ္ဖိုင္နယ္ႏွစ္ခုစလံုးမွာ ပရီးမီးယားလိဂ္အသင္းေတြသာတက္ေရာက္ႏိုင္ခ့ဲၾကတာျဖစ္ပါတယ္။

ဥေရာပရဲ႕ေဘာလံုးရာသီတစ္ခုကိုပရီးမီးယားလိဂ္အသင္းေတြၾကီးစိုးႏိုင္ခ့ဲတာနဲ႔အညီ (၂၀၁၉)ဘလြန္းဒီေအာ္ဆုအတြက္ေရပန္းစားမႈမွာလည္းပရီးမီးယားလိဂ္ကစားသမားေတြက ပိုျပီးအသာရေနတာလည္းျဖစ္ပါတယ္။ ဒီထဲကမွ ပိုျပီးေရပန္းစားျပီး ဘလြန္းဒီေအာ္ဆုကိုရရွိသြားႏိုင္တ့ဲပရီးမီးယားလိဂ္မွကစားသမား(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၃)မာေနး(လီဗာပူးလ္)
လီဗာပူးလ္အသင္းရဲေတာင္ပံတိုက္စစ္မွဴးမာေနးဟာ ဘလြန္းဒီေအာ္ဆုအတြက္ထိပ္တန္းေရပန္းစားေနတ့ဲသူေတါထဲကတစ္ေယာက္လို႔ေျပာရင္လည္း အ့ံအားသင့္စရာေတာ့ရွိမွာမဟုတ္ပါဘူး။ လီဗာပူးလ္အတြက္ျပိဳင္ပြဲစံု(၄၉)ပြဲမွာ(၂၆)ဂိုးသြင္းယူေပးႏိုင္ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ လီဗာပူးလ္ရဲ႕ၾကယ္ပြင့္ကစားသမားေတြျဖစ္ၾကတ့ဲ ဖာမီႏိုနဲ႔ဆာလာတို႔ဒဏ္ရာရရွိေနခ်ိန္မွာမာေနးရဲ႕စြမ္းေဆာင္ရည္ေတြဟာ ဒီရာသီလီဗာပူးလ္ေအာင္ျမင္ဖို႔အတြက္အဓိကက်တ့ဲေနရာကေနပါ၀င္ခ့ဲတာျဖစ္ပါတယ္။

လက္ရွိမွာ မာေနးဟာ ဆီနီေဂါအသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလားကိုကစားရဖို႔ရွိေနျပီး၊ အဆိုပါျပိဳင္ပြဲမွာသာ ဆီနီေဂါနဲ႔အတူရလဒ္ေကာင္းေတြကိုပံုေဖာ္ႏိုင္ခ့ဲမယ္ဆိုရင္ မာေနးတစ္ေယာက္ဘလြန္းဒီေအာ္ဆုကိုအမွတ္မထင္သိမ္းပိုက္သြားႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

(၂)ဘနာဒိုေဆးလ္ဗား(မန္စီးတီး)
မန္စီးတီးအသင္းရဲ႕ကြင္းလယ္ကစားသမား ဘနာဒိုေဆးလ္ဗားရဲ႕စြမ္းေဆာင္ရည္ေတြဟာ ဒီရာသီဒဏ္ရာျပႆနာေတြၾကံဳေတြ႔ခ့ဲရတ့ဲ ဒီဘရူနီရဲ႕ေျခစြမ္းေတြကိုေမ့ခ်င္စရာေကာင္းေလာက္ေအာင္ကိုေကာင္းမြန္ခ့ဲတာပါ။ ျပိဳင္ပြဲစံု(၄၉)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊ (၁၃)ဂိုးသြင္းကာ(၈)ၾကိမ္ဖန္တီးေပးႏိုင္ခ့ဲပါတယ္။ မန္စီးတီးပရီးမီးယားလိဂ္ဖလားကို(၂)ႏွစ္ဆက္ရရွိႏိုင္ခ့ဲရာမွာေဆးလ္ဗားရဲ႕စြမ္းေဆာင္ရည္ေတြက အဓိကက်ခ့ဲတာပဲျဖစ္ပါတယ္။

ဘနာဒိုေဆးလ္ဗား လက္ရွိမွာေပၚတူဂီအသင္းနဲ႔အတူ ေနရွင္လိဂ္ဖလားကိုလည္းရရွိထားႏိုင္ခ့ဲျပီး၊ အဆိုပါျပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုလည္းရရွိထားႏိုင္ခ့ဲပါတယ္။ ဘနာဒိုေဆးလ္ဗားဟာလည္း ဘြန္းဒီေအာ္ဆုကိုရရွိသြားႏိုင္တ့ဲပရီးမီးယားလိဂ္ကစားသမားေတြထဲကတစ္ေယာက္အျဖစ္ေရပန္းစားလ်က္ရွိေနတာပဲျဖစ္ပါတယ္။

(၁)ဗာဂ်ယ္ ဗန္ဒိုက္(လီဗာပူးလ္)
လီဗာပူးလ္အသင္းရဲ႕မဟာတံတိုင္းၾကီးလို႔တင္စားရမယ့္ ဗန္ဒိုက္ရဲ႕စြမ္းေဆာင္ရည္ေတြကေတာ့ အထူးေျပာစရာမလိုေတာ့ဘူးျဖစ္ပါတယ္။ လက္ရွိမွာလည္း ဘလြန္းဒီေအာ္ဆုအတြက္ေရပန္းအစားဆံုးကစားသမားတစ္ေယာက္လည္းျဖစ္ေနတ့ဲဗန္ဒိုက္အတြက္ေကတာ့ ကစားသမားဘ၀အေကာင္းဆံုးအခ်ိန္ကိုပိုင္ဆိုင္ေနတာလို႔ေတာင္ေျပာလို႔ရပါတယ္။ လီဗာပူးလ္နဲ႔ျပသထားႏိုင္ခ့ဲတ့ဲေျခစြမ္းေတြကိုအားလံုးလည္းသိထားျပီျဖစ္တာေၾကာင့္ ဗန္ဒိုက္တစ္ေယာက္ ဘလြန္းဒီေအာ္ဆုကိုရရွိသြားမယ္ဆိုရင္လည္းအ့ံၾသစရာေတာ့မရွိပါဘူး။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်ဆုကိုရနိုင်တဲ့ပရီးမီးယားလိဂ်မှကစားသမား(၃)ဦး

ပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာဥရောပအသင်းတွေဟာ ဥရောပဘောလုံးစင်မြင့်ထက်မှာကြီးစိုးနေရာယူခဲ့ကြပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်နဲ့ချန်ပီယံလိဂ်ဖိုင်နယ်နှစ်ခုစလုံးမှာ ပရီးမီးယားလိဂ်အသင်းတွေသာတက်ရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဥရောပရဲ့ဘောလုံးရာသီတစ်ခုကိုပရီးမီးယားလိဂ်အသင်းတွေကြီးစိုးနိုင်ခဲ့တာနဲ့အညီ (၂၀၁၉)ဘလွန်းဒီအော်ဆုအတွက်ရေပန်းစားမှုမှာလည်းပရီးမီးယားလိဂ်ကစားသမားတွေက ပိုပြီးအသာရနေတာလည်းဖြစ်ပါတယ်။ ဒီထဲကမှ ပိုပြီးရေပန်းစားပြီး ဘလွန်းဒီအော်ဆုကိုရရှိသွားနိုင်တဲ့ပရီးမီးယားလိဂ်မှကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၃)မာနေး(လီဗာပူးလ်)
လီဗာပူးလ်အသင်းရဲတောင်ပံတိုက်စစ်မှူးမာနေးဟာ ဘလွန်းဒီအော်ဆုအတွက်ထိပ်တန်းရေပန်းစားနေတဲ့သူတေါထဲကတစ်ယောက်လို့ပြောရင်လည်း အံ့အားသင့်စရာတော့ရှိမှာမဟုတ်ပါဘူး။ လီဗာပူးလ်အတွက်ပြိုင်ပွဲစုံ(၄၉)ပွဲမှာ(၂၆)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်ကြတဲ့ ဖာမီနိုနဲ့ဆာလာတို့ဒဏ်ရာရရှိနေချိန်မှာမာနေးရဲ့စွမ်းဆောင်ရည်တွေဟာ ဒီရာသီလီဗာပူးလ်အောင်မြင်ဖို့အတွက်အဓိကကျတဲ့နေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မာနေးဟာ ဆီနီဂေါအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားကိုကစားရဖို့ရှိနေပြီး၊ အဆိုပါပြိုင်ပွဲမှာသာ ဆီနီဂေါနဲ့အတူရလဒ်ကောင်းတွေကိုပုံဖော်နိုင်ခဲ့မယ်ဆိုရင် မာနေးတစ်ယောက်ဘလွန်းဒီအော်ဆုကိုအမှတ်မထင်သိမ်းပိုက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

(၂)ဘနာဒိုဆေးလ်ဗား(မန်စီးတီး)
မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘနာဒိုဆေးလ်ဗားရဲ့စွမ်းဆောင်ရည်တွေဟာ ဒီရာသီဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတဲ့ ဒီဘရူနီရဲ့ခြေစွမ်းတွေကိုမေ့ချင်စရာကောင်းလောက်အောင်ကိုကောင်းမွန်ခဲ့တာပါ။ ပြိုင်ပွဲစုံ(၄၉)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ (၁၃)ဂိုးသွင်းကာ(၈)ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးပရီးမီးယားလိဂ်ဖလားကို(၂)နှစ်ဆက်ရရှိနိုင်ခဲ့ရာမှာဆေးလ်ဗားရဲ့စွမ်းဆောင်ရည်တွေက အဓိကကျခဲ့တာပဲဖြစ်ပါတယ်။

ဘနာဒိုဆေးလ်ဗား လက်ရှိမှာပေါ်တူဂီအသင်းနဲ့အတူ နေရှင်လိဂ်ဖလားကိုလည်းရရှိထားနိုင်ခဲ့ပြီး၊ အဆိုပါပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိထားနိုင်ခဲ့ပါတယ်။ ဘနာဒိုဆေးလ်ဗားဟာလည်း ဘွန်းဒီအော်ဆုကိုရရှိသွားနိုင်တဲ့ပရီးမီးယားလိဂ်ကစားသမားတွေထဲကတစ်ယောက်အဖြစ်ရေပန်းစားလျက်ရှိနေတာပဲဖြစ်ပါတယ်။

(၁)ဗာဂျယ် ဗန်ဒိုက်(လီဗာပူးလ်)
လီဗာပူးလ်အသင်းရဲ့မဟာတံတိုင်းကြီးလို့တင်စားရမယ့် ဗန်ဒိုက်ရဲ့စွမ်းဆောင်ရည်တွေကတော့ အထူးပြောစရာမလိုတော့ဘူးဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘလွန်းဒီအော်ဆုအတွက်ရေပန်းအစားဆုံးကစားသမားတစ်ယောက်လည်းဖြစ်နေတဲ့ဗန်ဒိုက်အတွက်ကေတာ့ ကစားသမားဘဝအကောင်းဆုံးအချိန်ကိုပိုင်ဆိုင်နေတာလို့တောင်ပြောလို့ရပါတယ်။ လီဗာပူးလ်နဲ့ပြသထားနိုင်ခဲ့တဲ့ခြေစွမ်းတွေကိုအားလုံးလည်းသိထားပြီဖြစ်တာကြောင့် ဗန်ဒိုက်တစ်ယောက် ဘလွန်းဒီအော်ဆုကိုရရှိသွားမယ်ဆိုရင်လည်းအံ့သြစရာတော့မရှိပါဘူး။

Sirဇော်ကြီး@SportsGabar