ေနာက္လအတြင္းမွာကိုရီးယားကိုလာဖို႔ရွိတဲ့စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္အသင္းရဲ႕ ေပၚတူဂီစူပါစတား စီေရာ္နယ္ဒိုဟာ ေနာက္လအတြင္းမွာ သရုပ္ျပပြဲကစားဖို႔အတြက္ ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ျမိဳ႕ကို လာေရာက္လိမ့္မယ္လို႔သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းအေနနဲ႔ သရုပ္ျပပြဲအျဖစ္ ဂ်ဴလိုင္လ (၂၆)ရက္ေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ျမိဳ႕ရွိ ကမာၻ႔ဖလားေဘာလံုးကြင္းၾကီးအတြင္း ေကလိဂ္ေအာစတားအသင္းနဲ႔ ယွဥ္ျပိဳင္ကစားသြားမွာျဖစ္တယ္လို႔ ကိုရီးယားလိဂ္က ေၾကျငာခဲ့တာပါ။ ဒီ့အတြက္ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ လိုက္ပါလာမွာျဖစ္ျပီး သူ႔အေနနဲ႔ (၁၂)ႏွစ္အတြင္း ေတာင္ကိုရီးယားခရီးစဥ္ကို ေနာက္တစ္ေခါက္ လာေရာက္မွာလည္းျဖစ္ပါတယ္။

သူ႔အေနနဲ႔ ကိုရီးယားကို လာေရာက္ရမယ့္အေပၚ ေပ်ာ္ရႊင္မိေၾကာင္းကို ေရာ္နယ္ဒိုက-

” ကိုရီးယားကို ေနာက္တစ္ၾကိမ္ျပန္လာခြင့္ရလို႔ ကြ်န္ေတာ္အရမ္း၀မ္းသာမိပါတယ္၊ ကိုရီးယားပရိသတ္ေတြနဲ႔အတူ ေကာင္းမြန္တဲ့ အမွတ္တရေတြဖန္တီးႏိုင္ဖို႔ ကြ်န္ေတာ္ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ (၁၂)ႏွစ္၊ (၂၀၀၇)ခုႏွစ္တုန္းကလည္း ေရာ္နယ္ဒိုဟာ ဆိုးလ္အသင္းနဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲကစားဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ကိုရီးယားကို လာေရာက္ခဲ့ဖူးတာလည္းျဖစ္ပါတယ္။ ေတာင္ကိုရီးယားမွာရွိတဲ့ ေရာ္နယ္ဒိုရဲ႕ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕အိုက္ေဒါကို မ်က္၀ါးထင္ထင္ေတြ႔ျမင္ရဖို႔ အခြင့္အေရးရခဲ့တာျဖစ္ျပီး၊ ေရာ္နယ္ဒို ေဘာလံုးကစားတာကို ေစာင့္ၾကည့္ဖို႔ အလြန္ကို စိတ္အားထက္သန္ေနၾကတယ္လို႔သိရပါတယ္။

အဆိုပါ သရုပ္ျပပြဲမွာ ေရာ္နယ္ဒိုအေနနဲ႔ဘယ္ေလာက္ၾကာၾကာ၀င္ေရာက္ကစားမလဲဆိုတာနဲ႔ပတ္သက္လို႔ ေကလိဂ္က-

” ဒီပြဲကို ေရာ္နယ္ဒို ၀င္ေရာက္ကစားမွာေတာ့ ေသခ်ာပါတယ္၊ သူအခ်ိန္ဘယ္ေလာက္ၾကာၾကာ ကစားမွာလဲဆိုတာ တိတိက်က်မေျပာႏိုင္ေပမဲ့ ပရိသတ္ေတြ စိတ္ေက်နပ္ေလာက္တဲ့ အခ်ိန္အတိုင္းအတာပမာဏအထိ သူ႔ကိုၾကည့္ရဖို႔ရွိပါတယ္…” ဆိုျပီး ထုတ္ျပန္ထားပါတယ္။

ေရာ္နယ္ဒိုအျပင္ ဂ်ဴဗင္တပ္ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ မန္ဇူကစ္၊ ခ်ီရယ္လီနီ၊ ဒိုင္ဘာလာတို႔လည္း ဂ်ဴဗင္တပ္နဲ႔အတူ ကိုရီးယားကို လိုက္ပါလာဖို႔ရွိတယ္လို႔ကနဦးသတင္းေတြအရ သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နောက်လအတွင်းမှာကိုရီးယားကိုလာဖို့ရှိတဲ့စီရော်နယ်ဒို

ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီစူပါစတား စီရော်နယ်ဒိုဟာ နောက်လအတွင်းမှာ သရုပ်ပြပွဲကစားဖို့အတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို လာရောက်လိမ့်မယ်လို့သိရပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ သရုပ်ပြပွဲအဖြစ် ဂျူလိုင်လ (၂၆)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကမ္ဘာ့ဖလားဘောလုံးကွင်းကြီးအတွင်း ကေလိဂ်အောစတားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ ကိုရီးယားလိဂ်က ကြေငြာခဲ့တာပါ။ ဒီ့အတွက် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ လိုက်ပါလာမှာဖြစ်ပြီး သူ့အနေနဲ့ (၁၂)နှစ်အတွင်း တောင်ကိုရီးယားခရီးစဉ်ကို နောက်တစ်ခေါက် လာရောက်မှာလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ ကိုရီးယားကို လာရောက်ရမယ့်အပေါ် ပျော်ရွှင်မိကြောင်းကို ရော်နယ်ဒိုက-

” ကိုရီးယားကို နောက်တစ်ကြိမ်ပြန်လာခွင့်ရလို့ ကျွန်တော်အရမ်းဝမ်းသာမိပါတယ်၊ ကိုရီးယားပရိသတ်တွေနဲ့အတူ ကောင်းမွန်တဲ့ အမှတ်တရတွေဖန်တီးနိုင်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ် ” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၁၂)နှစ်၊ (၂၀၀၇)ခုနှစ်တုန်းကလည်း ရော်နယ်ဒိုဟာ ဆိုးလ်အသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကစားဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ကိုရီးယားကို လာရောက်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ ရော်နယ်ဒိုရဲ့ပရိသတ်တွေကတော့ သူတို့ရဲ့အိုက်ဒေါကို မျက်ဝါးထင်ထင်တွေ့မြင်ရဖို့ အခွင့်အရေးရခဲ့တာဖြစ်ပြီး၊ ရော်နယ်ဒို ဘောလုံးကစားတာကို စောင့်ကြည့်ဖို့ အလွန်ကို စိတ်အားထက်သန်နေကြတယ်လို့သိရပါတယ်။

အဆိုပါ သရုပ်ပြပွဲမှာ ရော်နယ်ဒိုအနေနဲ့ဘယ်လောက်ကြာကြာဝင်ရောက်ကစားမလဲဆိုတာနဲ့ပတ်သက်လို့ ကေလိဂ်က-

” ဒီပွဲကို ရော်နယ်ဒို ဝင်ရောက်ကစားမှာတော့ သေချာပါတယ်၊ သူအချိန်ဘယ်လောက်ကြာကြာ ကစားမှာလဲဆိုတာ တိတိကျကျမပြောနိုင်ပေမဲ့ ပရိသတ်တွေ စိတ်ကျေနပ်လောက်တဲ့ အချိန်အတိုင်းအတာပမာဏအထိ သူ့ကိုကြည့်ရဖို့ရှိပါတယ်…” ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ရော်နယ်ဒိုအပြင် ဂျူဗင်တပ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ မန်ဇူကစ်၊ ချီရယ်လီနီ၊ ဒိုင်ဘာလာတို့လည်း ဂျူဗင်တပ်နဲ့အတူ ကိုရီးယားကို လိုက်ပါလာဖို့ရှိတယ်လို့ကနဦးသတင်းတွေအရ သိရပါတယ်။

လူညိုချော@SportsGabar