အက္စတြန္ဗီလာနဲ႔စာခ်ဳပ္သက္တမ္းတိုးခ့ဲတ့ဲ လက္ေထာက္နည္းျပတယ္ရီ

အက္စတြန္ဗီလာအသင္းမွာလက္ေထာက္နည္းျပအျဖစ္တာ၀န္ယူေဆာင္ရြက္ေနတ့ဲ ခ်ဲလ္ဆီးအသင္းရဲ႕ကစားသမားေဟာင္း ဂၽြန္တယ္ရီဟာ အက္စတြန္ဗီလာအသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခ့ဲတယ္လို႔သိရပါတယ္။

တယ္ရီဟာ(၂၀၁၇-၁၈)ေဘာလံုးရာသီမွာ အက္စတြန္ဗီလာမွာကစားခ့ဲျပီး သူ႔ရဲ႕ကစားသမားဘ၀ကေနအနားယူခ့ဲတာပဲျဖစ္ပါတယ္။ အနားယူျပီးခ်ိန္မွာလည္း အက္စတြန္ဗီလာမွာလက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္ေနခ့ဲတာျဖစ္ျပီး၊ အက္စတြန္ဗီလာအသင္းကို ခ်န္ပီယံရွစ္ကေနပရီးမီးယားလိဂ္ကိုတန္းျပန္တက္လာႏိုင္ေအာင္ကူညီေပးႏိုင္ခ့ဲပါတယ္။

အက္စတြန္ဗီလာအသင္းရဲ႕နည္းျပျဖစ္သူ စမစ္ကလည္း ” JT(ဂၽြန္တယ္ရီ) နဲ႔အလုပ္တူတူတြဲလုပ္ရတာတကယ္ကိုေကာင္းတာေၾကာင့္ အသင္းကေနသူ႔ကိုစာခ်ဳပ္သက္တမ္းတိုးခ့ဲတ့ဲအေပၚမွာ ကၽြန္ေတာ္တကယ္ပဲေက်နပ္မႈရွိပါတယ္၊ ကၽြန္ေတာ္တို႔ရဲ႕အက္စတြန္ဗီလာနည္းျပဘ၀မွာေကာင္းမြန္တ့ဲ စတင္မႈေတြရွိခ့ဲပါတယ္၊ JTက ကၽြန္ေတာ္တို႔အသင္းအတြက္အေရးပါ ပါတယ္ ” လို႔ တယ္ရီကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ခ့ဲတ့ဲအေပၚမွာ ေက်နပ္တ့ဲအေၾကာင္းကိုအခုလိုပဲေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

တယ္ရီကို မစ္ဒယ္ဘေရာ့အသင္းကလည္းနည္းျပခ်ဳပ္ရာထူးအတြက္ခ်ိတ္ဆက္မႈေတြျပဳလုပ္ခ့ဲျပီး၊ စမစ္က တယ္ရီကိုစိတ္ရွည္ဖို႔ တိုက္တြန္းေျပာၾကားခ့ဲတယ္လို႔သိရပါတယ္။ တယ္ရီရဲ႕အက္စတြန္ဗီလာအသင္းဟာ ခ်န္ပီယံရွစ္ play-off ဖိုင္နယ္မွာ တယ္ရီရဲ႕ခ်ဲလ္ဆီးကစားေဖာ္ေဟာင္ လမ္းပတ္ကိုင္တြယ္ေနတ့ဲ ဒါဘီအသင္းကိုအႏိုင္ယူျပီး ပရီးမီးယားလိဂ္ကိုတက္လွမ္းလာႏိုင္ခ့ဲတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အက်စတွန်ဗီလာနဲ့စာချုပ်သက်တမ်းတိုးခဲ့တဲ့ လက်ထောက်နည်းပြတယ်ရီ

အက်စတွန်ဗီလာအသင်းမှာလက်ထောက်နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ကစားသမားဟောင်း ဂျွန်တယ်ရီဟာ အက်စတွန်ဗီလာအသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တယ်လို့သိရပါတယ်။

တယ်ရီဟာ(၂၀၁၇-၁၈)ဘောလုံးရာသီမှာ အက်စတွန်ဗီလာမှာကစားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကနေအနားယူခဲ့တာပဲဖြစ်ပါတယ်။ အနားယူပြီးချိန်မှာလည်း အက်စတွန်ဗီလာမှာလက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေခဲ့တာဖြစ်ပြီး၊ အက်စတွန်ဗီလာအသင်းကို ချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတန်းပြန်တက်လာနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းရဲ့နည်းပြဖြစ်သူ စမစ်ကလည်း ” JT(ဂျွန်တယ်ရီ) နဲ့အလုပ်တူတူတွဲလုပ်ရတာတကယ်ကိုကောင်းတာကြောင့် အသင်းကနေသူ့ကိုစာချုပ်သက်တမ်းတိုးခဲ့တဲ့အပေါ်မှာ ကျွန်တော်တကယ်ပဲကျေနပ်မှုရှိပါတယ်၊ ကျွန်တော်တို့ရဲ့အက်စတွန်ဗီလာနည်းပြဘဝမှာကောင်းမွန်တဲ့ စတင်မှုတွေရှိခဲ့ပါတယ်၊ JTက ကျွန်တော်တို့အသင်းအတွက်အရေးပါ ပါတယ် ” လို့ တယ်ရီကိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်တဲ့အကြောင်းကိုအခုလိုပဲပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

တယ်ရီကို မစ်ဒယ်ဘရော့အသင်းကလည်းနည်းပြချုပ်ရာထူးအတွက်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး၊ စမစ်က တယ်ရီကိုစိတ်ရှည်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ တယ်ရီရဲ့အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံရှစ် play-off ဖိုင်နယ်မှာ တယ်ရီရဲ့ချဲလ်ဆီးကစားဖော်ဟောင် လမ်းပတ်ကိုင်တွယ်နေတဲ့ ဒါဘီအသင်းကိုအနိုင်ယူပြီး ပရီးမီးယားလိဂ်ကိုတက်လှမ်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar