လာမယ့္ေဘာလံုးရာသီမွာလည္းမန္ယူႏိုက္တက္အေျခအေနမေကာင္းႏိုင္တ့ဲအခ်က္(၃)ခ်က္

မန္ယူႏိုက္တက္ဟာ(၂၀၁၈-၁၉)ပရီးမီးယားလိဂ္ေဘာဘံုးရာသီမွာအဆင့္(၆)နဲ႔ရာသီသိမ္းႏိုင္ခ့ဲပါတယ္။ ဖာဂူဆန္ထြက္ခြာသြားျပီးေနာက္ပိုင္းထဲက မန္ယူႏိုက္တက္ဟာအေျခအေနေတြယိမ္းယိုင္ေနခ့ဲတာအခုခ်ိန္ထိပဲျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲရာသီ၀က္ေလာက္ကမွ မန္ယူႏိုက္တက္ရဲ႕နည္းျပသစ္ျဖစ္လာတ့ဲဆိုးလ္ရွားဟာ မန္ယူႏိုက္တက္ကိုအရင္ကလိုျပန္ျဖစ္ဖို႔အတြက္ ဒီေႏြေစ်းကြက္ထဲမွာလိုအပ္တ့ဲကစားသမားေခၚယူမႈေတြျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔လံုေလာက္တ့ဲကစားသမားေခၚယူမႈေတြျပဳလုပ္ဖို႔ၾကိဳးစားေနေပမ့ဲ အသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ထားခ့ဲတာေၾကာင့္ ကစားသမားေခၚယူမႈအတြက္ျပႆနာအခ်ိဳ႕ရွိေနတာလည္းျဖစ္ပါတယ္။ဆိုေတာ့ကာ အသင္းအေနနဲ႔လာမယ့္ရာသီမွာလည္းရုန္းကန္ရႏိုင္ျပီး၊ ဘာေၾကာင့္ရုန္းကန္ရႏိုင္လဲဆိုတ့ဲအေၾကာင္းျပခ်က္ကိုအခ်က္(၃)ခ်က္နဲ႔ေျပာျပေပးသြားမွာပဲျဖစ္ပါတယ္။

(၃)ဆိုးလ္ရွားရဲ႕အေတြ႕အၾကံဳနည္းပါးမႈ
ဆိုးလ္ရွားဟာ မန္ယူႏိုက္တက္ရဲ႕ယာယီနည္းျပအျဖစ္ရွိေနစဥ္ပထမဆံုးႏွစ္လမွာ အသင္းရဲ႕ကစားပံုဟာျပန္လည္တိုးတက္လာခ့ဲျပီး၊ ဆိုးလ္ရွားကိုလည္းခ်ီးက်ဳးေျပာဆိုမႈေတြျပဳလုပ္ခ့ဲၾကပါတယ္။ ဒါေပမ့ဲ အျမဲတမ္းနည္းျပအျဖစ္ခန္႔အပ္ျခင္းခံခ့ဲရျပီးတ့ဲေနာက္မွာေတာ့ ရံႈးပြဲေတြစတင္ၾကံဳေတြ႔လာခ့ဲျပီး၊ အသင္းရဲ႕အေျခအေနဟာ ယိမ္းယိုင္ခ့ဲပါတယ္။ ဆိုးလ္ရွားရဲ႕ငယ္ရြယ္မႈနဲ႔အေတြ႔အၾကံဳမရင့္ေသးတ့ဲအခ်က္ေတြက လာမယ့္ရာသီမွာလည္း မန္ယူႏိုက္တက္ကို အျမင့္ကိုဆြဲေခၚႏိုင္ဖို႔လံုေလာက္မႈမရွိေသးတ့ဲအခ်က္(၁)ခ်က္ပဲျဖစ္ပါတယ္။

(၂)ကြင္းအတြင္းေခါင္းေဆာင္ေကာင္းေပ်ာက္ဆံုးမႈ
ျပီးခ့ဲတ့ဲေဘာလံုးရာသီေတြအတြင္းမွာကြင္းထဲမွာအသင္းကိုေကာင္းစြာဦးေဆာင္ႏိုင္တ့ဲကစားသမားမ်ိဳးမန္ယူႏိုက္တက္မွာမရွိခ့ဲပါဘူး။ ပြဲတစ္ပြဲမွာတစ္ဂိုး ဒါမွမဟုတ္ ႏွစ္ဂိုးေလာက္နဲ႔ရံႈးနိမ့္ေနျပီဆိုရင္မန္ယူႏိုက္တက္ဟာ လံုးလံုးတပ္ပ်က္သြားခ့ဲတာေတြခ်ည္းပဲ။ ပီအက္စ္ဂ်ီကိုခ်န္ပီယံလိဂ္မွာသမိုင္းႏိုင္ပြဲနဲ႔ျပန္လည္အႏိုင္ယူႏိုင္ခ့ဲတာကလြဲရင္ ဒီရာသီမန္ယူႏိုက္တက္ရဲ႕ ကြင္းအတြင္းစြမ္းေဆာင္ရည္ေတြက ဆိုးရြားခ့ဲျပီး၊ ကြင္းအတြင္းဦးေဆာင္ႏိုင္တ့ဲကစားသမားမ်ိဳးမရွိတာေၾကာင့္ ကစားသမားေတြဟာတိုက္ပြဲ၀င္စိတ္ဓာတ္ေတြေပ်ာက္ဆံုးေနခ့ဲတာျဖစ္ပါတယ္။ ဒီအခ်က္ကလည္း လာမယ့္ရာသီမွာမန္ယူႏိုက္တက္ကိုရုန္းကန္ရႏိုင္ေစတ့ဲအခ်က္ေတြထဲက(၁)ခ်က္ပဲျဖစ္ပါတယ္။

(၁)အသင္းရဲ႕ကစားဟန္ေပ်ာက္ဆံုးေနျခင္း
ဒီရာသီမန္ယူႏိုက္တက္ရဲ႕ကစားပံုဟာ ဘယ္ကစားကြက္နဲ႔ကစားေနသလဲဆိုတာမသိေလာက္ေအာင္ အသင္းရဲ႕ကစားပံုမွာ ဗရမ္းဗတာျဖစ္လြန္းခ့ဲပါတယ္။ ဆိုးလ္ရွားယာယီနည္းျပလက္ထက္က ျပိဳင္ဘက္အသင္းေတြအတြက္ေၾကာက္စရာေကာင္းတ့ဲတိုက္စစ္ကစားဟန္ကိုျပန္ျမင္ေတြ႔ခ့ဲရေပမ့ဲ ေနာက္ပိုင္းမွာေတာ့ အရင္ပံုစံတိုင္းကစားပံုျပန္လည္ဆိုးရြားခ့ဲျပီး၊ အေျခအေနေတြယိမ္းယိုင္ေနခ့ဲတာျဖစ္ပါတယ္။ ေနရာလိုက္ကစားသမားေတြရဲ႕ေျခစြမ္းမျပႏိုင္မႈေတြနဲ႔အတူ အသင္းဟာ ကိုယ္ပိုင္ကစားဟန္မရွိေတာ့ပဲ ျဖစ္သဘိုကစားေနၾကတ့ဲပံုစံမ်ိဳးျဖစ္ေနခ့ဲတာပဲျဖစ္ပါတယ္။

ယခုေဖာ္ျပေပးခ့ဲတ့ဲအခ်က္သံုးခ်က္ကိုမန္ယူႏိုက္တက္အေနနဲ႔မျပင္ႏိုင္ဘူးဆိုရင္ေတာ့ လာမယ့္ရာသီမွာလည္းမန္ယူႏိုက္တက္ဟာ ေသခ်ာေပါက္ရုန္းကန္ေနရဦးမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လာမယ့်ဘောလုံးရာသီမှာလည်းမန်ယူနိုက်တက်အခြေအနေမကောင်းနိုင်တဲ့အချက်(၃)ချက်

မန်ယူနိုက်တက်ဟာ(၂၀၁၈-၁၉)ပရီးမီးယားလိဂ်ဘောဘုံးရာသီမှာအဆင့်(၆)နဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းထဲက မန်ယူနိုက်တက်ဟာအခြေအနေတွေယိမ်းယိုင်နေခဲ့တာအခုချိန်ထိပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီဝက်လောက်ကမှ မန်ယူနိုက်တက်ရဲ့နည်းပြသစ်ဖြစ်လာတဲ့ဆိုးလ်ရှားဟာ မန်ယူနိုက်တက်ကိုအရင်ကလိုပြန်ဖြစ်ဖို့အတွက် ဒီနွေဈေးကွက်ထဲမှာလိုအပ်တဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့လုံလောက်တဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ကြိုးစားနေပေမဲ့ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ထားခဲ့တာကြောင့် ကစားသမားခေါ်ယူမှုအတွက်ပြဿနာအချို့ရှိနေတာလည်းဖြစ်ပါတယ်။ဆိုတော့ကာ အသင်းအနေနဲ့လာမယ့်ရာသီမှာလည်းရုန်းကန်ရနိုင်ပြီး၊ ဘာကြောင့်ရုန်းကန်ရနိုင်လဲဆိုတဲ့အကြောင်းပြချက်ကိုအချက်(၃)ချက်နဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

(၃)ဆိုးလ်ရှားရဲ့အတွေ့အကြုံနည်းပါးမှု
ဆိုးလ်ရှားဟာ မန်ယူနိုက်တက်ရဲ့ယာယီနည်းပြအဖြစ်ရှိနေစဉ်ပထမဆုံးနှစ်လမှာ အသင်းရဲ့ကစားပုံဟာပြန်လည်တိုးတက်လာခဲ့ပြီး၊ ဆိုးလ်ရှားကိုလည်းချီးကျုးပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးတဲ့နောက်မှာတော့ ရှုံးပွဲတွေစတင်ကြုံတွေ့လာခဲ့ပြီး၊ အသင်းရဲ့အခြေအနေဟာ ယိမ်းယိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ငယ်ရွယ်မှုနဲ့အတွေ့အကြုံမရင့်သေးတဲ့အချက်တွေက လာမယ့်ရာသီမှာလည်း မန်ယူနိုက်တက်ကို အမြင့်ကိုဆွဲခေါ်နိုင်ဖို့လုံလောက်မှုမရှိသေးတဲ့အချက်(၁)ချက်ပဲဖြစ်ပါတယ်။

(၂)ကွင်းအတွင်းခေါင်းဆောင်ကောင်းပျောက်ဆုံးမှု
ပြီးခဲ့တဲ့ဘောလုံးရာသီတွေအတွင်းမှာကွင်းထဲမှာအသင်းကိုကောင်းစွာဦးဆောင်နိုင်တဲ့ကစားသမားမျိုးမန်ယူနိုက်တက်မှာမရှိခဲ့ပါဘူး။ ပွဲတစ်ပွဲမှာတစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးလောက်နဲ့ရှုံးနိမ့်နေပြီဆိုရင်မန်ယူနိုက်တက်ဟာ လုံးလုံးတပ်ပျက်သွားခဲ့တာတွေချည်းပဲ။ ပီအက်စ်ဂျီကိုချန်ပီယံလိဂ်မှာသမိုင်းနိုင်ပွဲနဲ့ပြန်လည်အနိုင်ယူနိုင်ခဲ့တာကလွဲရင် ဒီရာသီမန်ယူနိုက်တက်ရဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်တွေက ဆိုးရွားခဲ့ပြီး၊ ကွင်းအတွင်းဦးဆောင်နိုင်တဲ့ကစားသမားမျိုးမရှိတာကြောင့် ကစားသမားတွေဟာတိုက်ပွဲဝင်စိတ်ဓာတ်တွေပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကလည်း လာမယ့်ရာသီမှာမန်ယူနိုက်တက်ကိုရုန်းကန်ရနိုင်စေတဲ့အချက်တွေထဲက(၁)ချက်ပဲဖြစ်ပါတယ်။

(၁)အသင်းရဲ့ကစားဟန်ပျောက်ဆုံးနေခြင်း
ဒီရာသီမန်ယူနိုက်တက်ရဲ့ကစားပုံဟာ ဘယ်ကစားကွက်နဲ့ကစားနေသလဲဆိုတာမသိလောက်အောင် အသင်းရဲ့ကစားပုံမှာ ဗရမ်းဗတာဖြစ်လွန်းခဲ့ပါတယ်။ ဆိုးလ်ရှားယာယီနည်းပြလက်ထက်က ပြိုင်ဘက်အသင်းတွေအတွက်ကြောက်စရာကောင်းတဲ့တိုက်စစ်ကစားဟန်ကိုပြန်မြင်တွေ့ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အရင်ပုံစံတိုင်းကစားပုံပြန်လည်ဆိုးရွားခဲ့ပြီး၊ အခြေအနေတွေယိမ်းယိုင်နေခဲ့တာဖြစ်ပါတယ်။ နေရာလိုက်ကစားသမားတွေရဲ့ခြေစွမ်းမပြနိုင်မှုတွေနဲ့အတူ အသင်းဟာ ကိုယ်ပိုင်ကစားဟန်မရှိတော့ပဲ ဖြစ်သဘိုကစားနေကြတဲ့ပုံစံမျိုးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

ယခုဖော်ပြပေးခဲ့တဲ့အချက်သုံးချက်ကိုမန်ယူနိုက်တက်အနေနဲ့မပြင်နိုင်ဘူးဆိုရင်တော့ လာမယ့်ရာသီမှာလည်းမန်ယူနိုက်တက်ဟာ သေချာပေါက်ရုန်းကန်နေရဦးမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar