ဆာလာကိုခ်ီးက်ဴးစကားဆိုလိုက္တ့ဲအီဂ်စ္အသင္းကပၸတိန္

အီဂ်စ္အသင္းရဲ႕အသင္းေခါင္းေဆာင္ အယ္လ္မိုဟာမက္ဒီက ဆာလာကိုကမာၻ႔အေကာင္းဆံုးကစားသမား(၃)ေယာက္ထဲကတစ္ေယာက္အျဖစ္သတ္မွတ္ဖို႔အတြက္ထိုက္တန္တယ္လို႔ ခ်ီးက်ဴးေျပာဆိုသြားခ့ဲပါတယ္။

ဒီရာသီမွာ ဆာလာဟာ လီဗာပူးလ္အသင္းအတြက္ျပိဳင္ပြဲစံုသြင္းဂိုး(၂၇)ဂိုးသြင္းယူေပးႏိုင္ခ့ဲျပီး၊ လီဗာပူးလ္နဲ႔အတူခ်န္ပီယံလိဂ္ဖလားကိုလည္းဆြတ္ခူးရရွိႏိုင္ခ့ဲတာေၾကာင့္ ဆာလာအတြက္ေတာ့ တကယ့္ကိုခ်ိဳျမိန္တ့ဲေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။ လက္ရွိမွာေတာ့ ဆာလာဟာ အီဂ်စ္အသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလားျပိဳင္ပြဲကိုယွဥ္ျပိဳင္ရဖို႔ရွိေနတာျဖစ္ပါတယ္။

အီဂ်စ္အသင္းေခါင္းေဆာင္ အယ္လ္မိုဟာမက္ဒီက ” ဆာလာက အခုဆိုရင္ ကမာၻ႕အေကာင္းဆံုးကစားသမား(၃)ေယာက္ထဲကတစ္ေယာက္ျဖစ္ေနပါျပီ၊ ဒါက ႏိုင္ငံအတြက္ေရာ၊ အီဂ်စ္အသင္းအတြက္ပါ တကယ္ကိုၾကီးမားတ့ဲ ဆုတစ္ခုပဲျဖစ္ပါတယ္၊ ဘယ္အသင္းမွာပဲျဖစ္ျဖစ္ ဆာလာရွိေနရင္သူက အသင္းကိုေအာင္ျမင္မႈရဖို႔ကူညီေပးပါလိမ့္မယ္၊ လူတိုင္းကသူ႔ရဲ႕ေကာင္းမြန္တ့ဲစြမ္းေဆာင္ရည္ေတြကို ေမ်ွာ္လင့္ေနၾကပါတယ္၊

ဒါကေကာင္းတ့ဲအရာပါ၊ အီဂ်စ္အသင္းအတြက္လည္း တကယ့္ကိုေကာင္းမြန္တ့ဲအပိုဆုတစ္ခုပါပဲ၊ ေဘာလံုးကစားတယ္ဆိုတာ အသင္းတစ္သင္းအျဖစ္နဲ႔ပဲကစားရပါတယ္၊ ဒါေပမ့ဲဆာလာရွိေနတာက ကၽြန္ေတာ္တို႔အတြက္အေပါင္းလကၡဏာေဆာင္တ့ဲအရာျဖစ္တယ္၊ ပိုျပီးအေရးၾကီးတ့ဲအရာတစ္ခုျဖစ္ပါတယ္ ” လို႔ ဆာလာကိုခ်ီးက်ဴးေျပာဆိုသြားခ့ဲတာပဲျဖစ္ပါတယ္။

ဆာလာပါ၀င္တ့ဲအီဂ်စ္အသင္းဟာ အာဖရိကႏိုင္ငံမ်ားဖလားျပိဳင္ပြဲအဖြင့္ပြဲစဥ္အျဖစ္ မနက္ျဖန္မွာ ဇင္ဘာေဘြနဲ႔ စတင္ယွဥ္ျပိဳင္ကစားသြားရမွာပဲျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ခ့ဲတ့ဲဆာလာတစ္ေယာက္ ႏိုင္ငံအသင္းကိုေရာေအာင္ျမင္မႈေတြရရွိေအာင္ဘယ္လိုေတြစြမ္းေဆာင္ေပးသြားႏိုင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဆာလာကိုချီးကျူးစကားဆိုလိုက်တဲ့အီဂျစ်အသင်းကပ္ပတိန်

အီဂျစ်အသင်းရဲ့အသင်းခေါင်းဆောင် အယ်လ်မိုဟာမက်ဒီက ဆာလာကိုကမ္ဘာ့အကောင်းဆုံးကစားသမား(၃)ယောက်ထဲကတစ်ယောက်အဖြစ်သတ်မှတ်ဖို့အတွက်ထိုက်တန်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှာ ဆာလာဟာ လီဗာပူးလ်အသင်းအတွက်ပြိုင်ပွဲစုံသွင်းဂိုး(၂၇)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ လီဗာပူးလ်နဲ့အတူချန်ပီယံလိဂ်ဖလားကိုလည်းဆွတ်ခူးရရှိနိုင်ခဲ့တာကြောင့် ဆာလာအတွက်တော့ တကယ့်ကိုချိုမြိန်တဲ့ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

အီဂျစ်အသင်းခေါင်းဆောင် အယ်လ်မိုဟာမက်ဒီက ” ဆာလာက အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမား(၃)ယောက်ထဲကတစ်ယောက်ဖြစ်နေပါပြီ၊ ဒါက နိုင်ငံအတွက်ရော၊ အီဂျစ်အသင်းအတွက်ပါ တကယ်ကိုကြီးမားတဲ့ ဆုတစ်ခုပဲဖြစ်ပါတယ်၊ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ဆာလာရှိနေရင်သူက အသင်းကိုအောင်မြင်မှုရဖို့ကူညီပေးပါလိမ့်မယ်၊ လူတိုင်းကသူ့ရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို မျှော်လင့်နေကြပါတယ်၊

ဒါကကောင်းတဲ့အရာပါ၊ အီဂျစ်အသင်းအတွက်လည်း တကယ့်ကိုကောင်းမွန်တဲ့အပိုဆုတစ်ခုပါပဲ၊ ဘောလုံးကစားတယ်ဆိုတာ အသင်းတစ်သင်းအဖြစ်နဲ့ပဲကစားရပါတယ်၊ ဒါပေမဲ့ဆာလာရှိနေတာက ကျွန်တော်တို့အတွက်အပေါင်းလက္ခဏာဆောင်တဲ့အရာဖြစ်တယ်၊ ပိုပြီးအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ် ” လို့ ဆာလာကိုချီးကျူးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

ဆာလာပါဝင်တဲ့အီဂျစ်အသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မနက်ဖြန်မှာ ဇင်ဘာဘွေနဲ့ စတင်ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ဆာလာတစ်ယောက် နိုင်ငံအသင်းကိုရောအောင်မြင်မှုတွေရရှိအောင်ဘယ်လိုတွေစွမ်းဆောင်ပေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar