ယူႏိုက္တက္ခ်ိတ္ဆက္ေနတဲ့ ရာဘီေရာ့ ဂ်ဴဗင္တပ္နဲ႔သေဘာတူညီမႈရျပီ

စီးရီးေအဘီလူးၾကီး ဂ်ဴဗင္တပ္အသင္းဟာ ေရရွည္ပစ္မွတ္ျဖစ္တဲ့ ပီအက္စ္ဂ်ီကြင္းလယ္ကစားသမား ရာဘီေရာ့နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈတစ္ရပ္ ရရွိခဲ့ျပီလို႔သိရပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမား ရာဘီေရာ့ဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ ေဆြးေနြးမႈေတြျပဳလုပ္ေနျပီလို႔ ျပီးခဲ့တဲ့ရက္ပိုင္းတုန္းကမွ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ျပီး အဲဒီေနာက္မၾကာခင္မွာ သူ႔အေနနဲ႔ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ေတြ ရယူႏုိင္ခဲ့တာျဖစ္လို႔ အီတလီေျမကို ေရာက္ရွိဖို႔ ေသခ်ာသေလာက္လည္းျဖစ္သြားျပီလို႔ ဆိုရေတာ့မွာပါ။

လြန္ခဲ့တဲ့ (၂)ႏွစ္ (၃)ႏွစ္ခန္႔ကတည္းက ဂ်ဴဗင္တပ္အသင္းေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တဲ့ အဆိုပါျပင္သစ္ကြင္းလယ္လူဟာ ဂ်ဴဗင္တပ္မွာ တစ္ႏွစ္လုပ္ခ ယူရို (၇)သန္းနဲ႔ (၅)ႏွစ္သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္နဲ႔ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္း သေဘာတူညီမႈရခဲ့တာလို႔လည္းသိရပါတယ္။ ဂ်ဴဗင္တပ္ဟာ ရာဘီေရာ့အတြက္အသည္းအသန္လိုက္ေနတဲ့ ျပိဳင္ဘက္ မန္ယူႏိုက္တက္အသင္းထက္ လက္ဦးမႈရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ကြင္းလယ္လူ အာရြန္ရန္ေဆးကိုလည္း ေႏြမတိုင္ခင္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားႏိုင္ခဲ့ျပီးျဖစ္လို႔ ရာဘီေရာ့ဟာ ေနာက္ထပ္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္ကို ေရာက္ရွိလာမယ့္ ဒုတိယေျမာက္ ကြင္းလယ္လူတစ္ေယာက္ ျဖစ္လာေတာ့မွာပါ။

ေစ်းကြက္အတြင္းမွာ ထိပ္တန္းကစားသမားေတြကို ေျပာင္းေရႊ႕ေၾကး တစ္ျပားတစ္ခ်ပ္မွ ေပးစရာမလိုပဲ ရေအာင္ေခၚယူတဲ့ေနရာမွာ ဆရာတင္ေလာက္တဲ့ ဂ်ဴဗင္တပ္အတြက္ေတာ့ ရာဘီေရာ့နဲ႔သေဘာတူညီမႈရခဲ့ျခင္းက အခ်ိဳေပၚသကာဆင့္ဆိုသလို နာမည္ဂုဏ္သတင္း ပိုမိုေမႊးပ်ံ႕သြားဖို႔လည္းရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်ချိတ်ဆက်နေတဲ့ ရာဘီရော့ ဂျူဗင်တပ်နဲ့သဘောတူညီမှုရပြီ

စီးရီးအေဘီလူးကြီး ဂျူဗင်တပ်အသင်းဟာ ရေရှည်ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီကွင်းလယ်ကစားသမား ရာဘီရော့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပြီလို့သိရပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီရော့ဟာ ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အဲဒီနောက်မကြာခင်မှာ သူ့အနေနဲ့ပုဂ္ဂိုလ်ရေး သဘောတူညီချက်တွေ ရယူနိုင်ခဲ့တာဖြစ်လို့ အီတလီမြေကို ရောက်ရှိဖို့ သေချာသလောက်လည်းဖြစ်သွားပြီလို့ ဆိုရတော့မှာပါ။

လွန်ခဲ့တဲ့ (၂)နှစ် (၃)နှစ်ခန့်ကတည်းက ဂျူဗင်တပ်အသင်းခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တဲ့ အဆိုပါပြင်သစ်ကွင်းလယ်လူဟာ ဂျူဗင်တပ်မှာ တစ်နှစ်လုပ်ခ ယူရို (၇)သန်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သဘောတူညီမှုရခဲ့တာလို့လည်းသိရပါတယ်။ ဂျူဗင်တပ်ဟာ ရာဘီရော့အတွက်အသည်းအသန်လိုက်နေတဲ့ ပြိုင်ဘက် မန်ယူနိုက်တက်အသင်းထက် လက်ဦးမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ အာရွန်ရန်ဆေးကိုလည်း နွေမတိုင်ခင်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်လို့ ရာဘီရော့ဟာ နောက်ထပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်ကို ရောက်ရှိလာမယ့် ဒုတိယမြောက် ကွင်းလယ်လူတစ်ယောက် ဖြစ်လာတော့မှာပါ။

ဈေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားတွေကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပဲ ရအောင်ခေါ်ယူတဲ့နေရာမှာ ဆရာတင်လောက်တဲ့ ဂျူဗင်တပ်အတွက်တော့ ရာဘီရော့နဲ့သဘောတူညီမှုရခဲ့ခြင်းက အချိုပေါ်သကာဆင့်ဆိုသလို နာမည်ဂုဏ်သတင်း ပိုမိုမွှေးပျံ့သွားဖို့လည်းရှိနေပါတယ်။

လူညိုချော@SportsGabar