အသင္းေဟာင္းအတြက္ရီးရဲလ္ကိုျငင္းပယ္ေတာ့မယ့္ေပါ့ဘာ

လက္ရွိမွာထြက္ေပၚေနတ့ဲသတင္းေတြအရ မန္ယူႏိုက္တက္ကြင္းလယ္လးေပါ ေပါ့ဘာဟာ ရီးရဲလ္ကိုေျပာင္းေရႊ႕ဖို႔ထက္ အသင္းေဟာင္းဂ်ဳဗင္တပ္ကိုပဲျပန္လည္ေျပာင္းေရႊ႕ဖို႔စိတ္၀င္စားေနတယ္လို႔သိရပါတယ္။

ေပါ့ဘာဟာ မန္ယူႏိုက္တက္နဲ႔အတူ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ အဆင္မေျပမႈေတြရွိခ့ဲျပီး အသင္းကေနထြက္ခြာေတာ့မယ္လို႔သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္လာခ့ဲတ့ဲသူျဖစ္ပါတယ္။ မန္ယူႏိုက္တက္အေနနဲ႔လည္း ေပါ့ဘာကိုစာခ်ဳပ္သက္တမ္းတိုးျပီးအသင္းမွာဆက္ထားဖို႔အလိုရွိေနေပမ့ဲ ေပါ့ဘာအတြက္သင့္ေတာ္တ့ဲေျပာင္းေရႊ႕ေၾကးနဲ႔ကမ္းလွမ္းမႈေတြရွိလာရင္ ကစားသမားကိုအသင္းကေနထြက္ခြာခြင့္ျပဳဖို႔ရွိေနတယ္လို႔သိရပါတယ္။

ေပါ့ဘာကိုေခၚယူဖို႔ စီရီးေအကလပ္ဂ်ဳဗင္တပ္အသင္းနဲ႔ စပိန္ကလပ္ ရီးရဲလ္အသင္းတို႔က စိတ္၀င္စားေနတာျဖစ္ျပီး၊ ေပါ့ဘာဟာ အစပိုင္းမွာရီးရဲလ္ကိုေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနခ့ဲေပမ့ဲ ဂ်ဳဗင္တပ္အသင္းကပါ ေပါ့ဘာကိုျပန္လည္ေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔သတင္းေတြထြက္ေပၚျပီးတ့ဲေနာက္မွာေတာ့ ေပါ့ဘာအေနနဲ႔ ဂ်ဳဗင္တပ္ကိုပဲျပန္လည္းေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနတယ္လို႔သိရပါတယ္။

ဂ်ဳဗင္တပ္အသင္းရဲ႕နည္းျပသစ္ျဖစ္လာတ့ဲ ဆာရီကလည္းလာမယ့္ရာသီအတြက္ အသင္းကိုျပန္လည္ျပင္ဆင္ဖို႔ အလိုရွိေနတာျဖစ္ျပီး၊ အသင္းရဲ႕ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔အတြက္ ေပါ့ဘာကို အခုလိုကမ္းလွမ္းဖို႔ ျပင္ဆင္လာတာလည္းျဖစ္ပါတယ္။ ဂ်ဳဗင္တပ္ဟာ စီးရီးေအမွာရွစ္နွစ္ဆက္တိုက္ ဗိုလ္စြဲခ့ဲတာျဖစ္ျပီး၊ ဥေရာပမွာေတာ့ေအာင္ျမင္မႈၾကီးၾကီးမားမားရရွိဖို႔ေမ်ွာ္လင့္ေနတာလည္းျဖစ္ပါတယ္။

ေပါ့ဘာအေနနဲ႔ အသင္းသစ္နဲ႔စိန္ေခၚမႈအသစ္ေတြရရွိခ်င္တယ္လို႔ေျပာၾကားထားခ့ဲတာေၾကာင့္ ရီးရဲလ္ကိုပဲေျပာင္းေရႊ႕မလား၊ ဒါမွမဟုတ္ အသင္းေဟာင္းဂ်ဳဗင္တပ္ကိုပဲေရြးခ်ယ္မလားဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အသင်းဟောင်းအတွက်ရီးရဲလ်ကိုငြင်းပယ်တော့မယ့်ပေါ့ဘာ

လက်ရှိမှာထွက်ပေါ်နေတဲ့သတင်းတွေအရ မန်ယူနိုက်တက်ကွင်းလယ်လးပေါ ပေါ့ဘာဟာ ရီးရဲလ်ကိုပြောင်းရွှေ့ဖို့ထက် အသင်းဟောင်းဂျုဗင်တပ်ကိုပဲပြန်လည်ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ပေါ့ဘာဟာ မန်ယူနိုက်တက်နဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အဆင်မပြေမှုတွေရှိခဲ့ပြီး အသင်းကနေထွက်ခွာတော့မယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့လည်း ပေါ့ဘာကိုစာချုပ်သက်တမ်းတိုးပြီးအသင်းမှာဆက်ထားဖို့အလိုရှိနေပေမဲ့ ပေါ့ဘာအတွက်သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းမှုတွေရှိလာရင် ကစားသမားကိုအသင်းကနေထွက်ခွာခွင့်ပြုဖို့ရှိနေတယ်လို့သိရပါတယ်။

ပေါ့ဘာကိုခေါ်ယူဖို့ စီရီးအေကလပ်ဂျုဗင်တပ်အသင်းနဲ့ စပိန်ကလပ် ရီးရဲလ်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပြီး၊ ပေါ့ဘာဟာ အစပိုင်းမှာရီးရဲလ်ကိုပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့ပေမဲ့ ဂျုဗင်တပ်အသင်းကပါ ပေါ့ဘာကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်မှာတော့ ပေါ့ဘာအနေနဲ့ ဂျုဗင်တပ်ကိုပဲပြန်လည်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။

ဂျုဗင်တပ်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ ဆာရီကလည်းလာမယ့်ရာသီအတွက် အသင်းကိုပြန်လည်ပြင်ဆင်ဖို့ အလိုရှိနေတာဖြစ်ပြီး၊ အသင်းရဲ့ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ပေါ့ဘာကို အခုလိုကမ်းလှမ်းဖို့ ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။ ဂျုဗင်တပ်ဟာ စီးရီးအေမှာရှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး၊ ဥရောပမှာတော့အောင်မြင်မှုကြီးကြီးမားမားရရှိဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ပေါ့ဘာအနေနဲ့ အသင်းသစ်နဲ့စိန်ခေါ်မှုအသစ်တွေရရှိချင်တယ်လို့ပြောကြားထားခဲ့တာကြောင့် ရီးရဲလ်ကိုပဲပြောင်းရွှေ့မလား၊ ဒါမှမဟုတ် အသင်းဟောင်းဂျုဗင်တပ်ကိုပဲရွေးချယ်မလားဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar