မီလန္တို္က္စစ္သမားကိုေခၚယူဖို႔ျပင္ေနေပမဲ့ပရိသတ္ေတြရဲ႕ကန္႔ကြက္မႈနဲ႔ရင္ဆိုင္ေနရတဲ့ စပါး

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေအစီမီလန္တိုက္စစ္ကစားသမား ဆူဆိုကို လက္မွတ္ထိုးေခၚယူဖို႔ စိတ္၀င္စားေနေပမဲ့ အသင္းရဲ႕ပရိတ္သတ္ေတြက မေခၚယူဖို႔ ကန္႔ကြက္ေနၾကတယ္လို႔သိရပါတယ္။

ဆူဆိုဟာ ျပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ေဘာလံုးရာသီမွာ ေအစီမီလန္အတြက္ ျပိဳင္ပြဲစံု (၄၁)ပြဲကစားေပးခဲ့ျပီး၊ (၈)ဂိုးသြင္းယူႏိုင္ခဲ့ကာ၊ (၉) ၾကိမ္ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ စပိန္လက္ေရြးစင္အသင္းၾကီးမွာ (၄)ၾကိမ္တိုင္တိုင္ အေရြးခ်ယ္ခံခဲ့ရတဲ့ ဆူဆိုဟာ လီဗာပူးလ္ကစားသမားအျဖစ္ (၅)ႏွစ္ၾကာျဖတ္သန္းခဲ့ဖူးျပီး (၂၀၁၅)
ခုႏွစ္မွာေတာ့ ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိခဲ့ပါတယ္။

ဆူဆိုဟာ မာေဆးလ္ဆိုက္မွာ ရွိေနစဥ္ (၅)ႏွစ္အတြင္း ၾကိဳးၾကာနီတို႔အတြက္ (၂၁) ပြဲသာကစားခြင့္ရခဲ့ပါတယ္။ ဒါဟာ သူ႔ရဲ႕အရည္အေသြးကို သက္ေသျပဖို႔အတြက္ေတာ့ မလံုေလာက္ခဲ့ပါဘူး။ အဲဒီေနာက္ ေအစီမီလန္ကို ေရာက္ရွိခဲ့ျပီးေနာက္မွာေတာ့ ဆူဆိုရဲ႕ေျခစြမ္းဟာ တိုးတက္လာခဲ့ပါတယ္။ ဒါေၾကာင့္ စပါးအသင္းရဲ႕စိတ္၀င္စားမႈကို ခံခဲ့ရျပီး အဂၤလန္ေျမကို တစ္ေက်ာ့ျပန္လာဖို႔ အိပ္မက္ခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့လည္း စပါးပရိသတ္ေတြကေတာ့ ဆူဆိုကို ႏွစ္သက္သေဘာက်ျခင္းမရွိပဲ အသင္းကေခၚယူမယ့္ကိစၥကို ၀ိုင္း၀န္းကန္႔ကြက္ခဲ့ၾကပါတယ္။ စပါးအသင္းက ဆူဆိုလိုကစားသမားမ်ိဳးကို မလိုအပ္ဘူးလို႔ ပရိသတ္ေတြက ယံုၾကည္ေနျပီး၊ အဂၤလန္ေဘာလံုးေလာကရဲ႕ကစားဟန္နဲ႔ မကိုက္ညီတဲ့အတြက္ သူ႔ကို လက္မွတ္ထိုးေခၚယူမယ္ဆိုရင္ေတာ့ အမွားၾကီးမွားလိမ့္မယ္လို႔ သတိေပးတားျမစ္ခဲ့ၾကတာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မီလန်တိုက်စစ်သမားကိုခေါ်ယူဖို့ပြင်နေပေမဲ့ပရိသတ်တွေရဲ့ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အေစီမီလန်တိုက်စစ်ကစားသမား ဆူဆိုကို လက်မှတ်ထိုးခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ အသင်းရဲ့ပရိတ်သတ်တွေက မခေါ်ယူဖို့ ကန့်ကွက်နေကြတယ်လို့သိရပါတယ်။

ဆူဆိုဟာ ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ဘောလုံးရာသီမှာ အေစီမီလန်အတွက် ပြိုင်ပွဲစုံ (၄၁)ပွဲကစားပေးခဲ့ပြီး၊ (၈)ဂိုးသွင်းယူနိုင်ခဲ့ကာ၊ (၉) ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းကြီးမှာ (၄)ကြိမ်တိုင်တိုင် အရွေးချယ်ခံခဲ့ရတဲ့ ဆူဆိုဟာ လီဗာပူးလ်ကစားသမားအဖြစ် (၅)နှစ်ကြာဖြတ်သန်းခဲ့ဖူးပြီး (၂၀၁၅)
ခုနှစ်မှာတော့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။

ဆူဆိုဟာ မာဆေးလ်ဆိုက်မှာ ရှိနေစဉ် (၅)နှစ်အတွင်း ကြိုးကြာနီတို့အတွက် (၂၁) ပွဲသာကစားခွင့်ရခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အရည်အသွေးကို သက်သေပြဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ အဲဒီနောက် အေစီမီလန်ကို ရောက်ရှိခဲ့ပြီးနောက်မှာတော့ ဆူဆိုရဲ့ခြေစွမ်းဟာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပြီး အင်္ဂလန်မြေကို တစ်ကျော့ပြန်လာဖို့ အိပ်မက်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း စပါးပရိသတ်တွေကတော့ ဆူဆိုကို နှစ်သက်သဘောကျခြင်းမရှိပဲ အသင်းကခေါ်ယူမယ့်ကိစ္စကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ စပါးအသင်းက ဆူဆိုလိုကစားသမားမျိုးကို မလိုအပ်ဘူးလို့ ပရိသတ်တွေက ယုံကြည်နေပြီး၊ အင်္ဂလန်ဘောလုံးလောကရဲ့ကစားဟန်နဲ့ မကိုက်ညီတဲ့အတွက် သူ့ကို လက်မှတ်ထိုးခေါ်ယူမယ်ဆိုရင်တော့ အမှားကြီးမှားလိမ့်မယ်လို့ သတိပေးတားမြစ်ခဲ့ကြတာဖြစ်ပါတယ်။

လူညိုချော@SportsGabar