ဟာဇက္အထြက္မွာ အိုဒိြဳင္းကို လုပ္ခလစာအျမင့္နဲ႔ အဓိကေက်ာနံပါတ္ေပးဖို႔ ျပင္ေနတဲ့ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ သူတို႔ရဲ႕ ယူရိုပါလိဂ္ေအာင္ပြဲျပီးတဲ့ေနာက္ နည္းျပဆာရီနဲ႔ အီဒင္ဟာဇက္ တို႕ရဲ႕ အေျပာင္းအေရႊ႕က လႈပ္ခတ္ေနပါတယ္။ ဆာရီက ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ သတင္းေတြ ပလူပ်ံေနသလို ဟာဇက္က ရီးရဲလ္နဲ႔ ေျပာင္းေရႊ႕ေၾကးသေဘာတူတာနဲ႔ ေရာက္မယ္တကဲကဲ နဲ႔ ပရိသတ္ကို ဖမ္းစားထားပါတယ္။

ဒီထဲမွာ ခ်ဲလ္ဆီးပရိသတ္ေတြကို စိတ္ခ်မ္းသာေစမယ့္ သတင္းတစ္ခုကေတာ့ ထြက္ေပၚလို႔လာပါျပီ။ ဒဏ္ရာေၾကာင့္ ေခတၱအနားယူေနရတဲ့ ေကာလမ္ဟတ္ဆန္ အိုဒိြဳင္းဆိုတဲ့ ေတာင္ပံၾကယ္ပြင့္ အသက္ (၁၈)အရြယ္ အဂၤလန္လက္ေရြးစင္ေလးတစ္ေယာက္၊ အသင္းက စာခ်ဳပ္သစ္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနျပီဆိုတဲ့ သတင္းပါ။

ဘိုင္ယန္ျမဴးနစ္က တရား၀င္ကမ္းလွမ္းမႈေတြကို ပယ္ခ်ျပီး၊ အိုဒိြဳင္းကို တစ္ပတ္လုပ္ခ ေပါင္ (၁)သိန္း၊ ဒါ့အျပင္ ဟာဇက္ထြက္ခဲ့ရင္ အသင္းရဲ႕ ကေ်ာနံပါတ္ (၁၀)ကို ၀တ္ဆင္ခြင့္စတဲ့ မက္လံုးေတြနဲ႔ အသင္းၾကီးမွာ ကစားခြင့္ေပးဖို႔ ျပင္ဆင္ေနတာပါ။ အသက္ (၁၈)အရြယ္ ကစားသမားေတြထဲမွာ အိုဒြိဳင္းကို တစ္ပတ္ ေပါင္ (၁)သိန္းႏႈန္းနဲ႔ ကမ္းလွမ္းဖို႔ဆိုတာ မျဖစ္ႏုိင္ေပမယ့္ ျဖစ္ႏုိင္တဲ့အခ်က္ေတြ ရွိလို႔ေနပါတယ္။

အဲဒါကေတာ့ ခ်ဲလ္ဆီးအသင္းဟာ ကစားသမားေခၚယူခြင့္ (၂)ႏွစ္ပိတ္ပင္ခံရတဲ့ အေနအထားမွာ ဟာဇက္မရွိရင္ တစ္ဦးတည္းေသာ အစားထိုးမယ့္ ကစားသမားဟာ အိုဒိြဳင္းတစ္ေယာက္ပဲ ရွိလို႔ပါပဲ။ အိုဒိြဳင္းဟာ နည္းျပဆာရီကိုယ္တိုင္က မွားျပီးေလွ်ာ႔တြက္ခဲ့တယ္လို႔ ၀န္ခံထားတဲ့ ကစားသမားျဖစ္ျပီး၊ လက္ေရြးစင္မွာပါ ယူ(၂၀)(၂၃)ေတြကို ေက်ာ္ျပီး ေရြးခံရတဲ့ ကစားသမားပါ။

ဒါေၾကာင့္ အိုဒိြဳင္းကို ဆက္ထိန္းမယ့္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းခ်က္ေတြဟာ ဒီရက္ပိုင္းအတြင္း တရား၀င္ေၾကညာလာဖို႔ရွိသလို လစာအမ်ားဆံုးရ အသက္အငယ္ဆံုကစားသမားမ်ားျဖစ္လာမလားဆိုျပီး၊ ေစာင့္ၾကည္႔သြားရပါမယ္။

ေရႊရင္ေအး@SportsGabar

Unicode

ဟာဇက်အထွက်မှာ အိုဒွိုင်းကို လုပ်ခလစာအမြင့်နဲ့ အဓိကကျောနံပါတ်ပေးဖို့ ပြင်နေတဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ယူရိုပါလိဂ်အောင်ပွဲပြီးတဲ့နောက် နည်းပြဆာရီနဲ့ အီဒင်ဟာဇက် တို့ရဲ့ အပြောင်းအရွှေ့က လှုပ်ခတ်နေပါတယ်။ ဆာရီက ဂျူဗင်တပ်နဲ့ စာချုပ်ချုပ်ဖို့ သတင်းတွေ ပလူပျံနေသလို ဟာဇက်က ရီးရဲလ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူတာနဲ့ ရောက်မယ်တကဲကဲ နဲ့ ပရိသတ်ကို ဖမ်းစားထားပါတယ်။

ဒီထဲမှာ ချဲလ်ဆီးပရိသတ်တွေကို စိတ်ချမ်းသာစေမယ့် သတင်းတစ်ခုကတော့ ထွက်ပေါ်လို့လာပါပြီ။ ဒဏ်ရာကြောင့် ခေတ္တအနားယူနေရတဲ့ ကောလမ်ဟတ်ဆန် အိုဒွိုင်းဆိုတဲ့ တောင်ပံကြယ်ပွင့် အသက် (၁၈)အရွယ် အင်္ဂလန်လက်ရွေးစင်လေးတစ်ယောက်၊ အသင်းက စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းပါ။

ဘိုင်ယန်မြူးနစ်က တရားဝင်ကမ်းလှမ်းမှုတွေကို ပယ်ချပြီး၊ အိုဒွိုင်းကို တစ်ပတ်လုပ်ခ ပေါင် (၁)သိန်း၊ ဒါ့အပြင် ဟာဇက်ထွက်ခဲ့ရင် အသင်းရဲ့ ကျောနံပါတ် (၁၀)ကို ဝတ်ဆင်ခွင့်စတဲ့ မက်လုံးတွေနဲ့ အသင်းကြီးမှာ ကစားခွင့်ပေးဖို့ ပြင်ဆင်နေတာပါ။ အသက် (၁၈)အရွယ် ကစားသမားတွေထဲမှာ အိုဒွိုင်းကို တစ်ပတ် ပေါင် (၁)သိန်းနှုန်းနဲ့ ကမ်းလှမ်းဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်တဲ့အချက်တွေ ရှိလို့နေပါတယ်။

အဲဒါကတော့ ချဲလ်ဆီးအသင်းဟာ ကစားသမားခေါ်ယူခွင့် (၂)နှစ်ပိတ်ပင်ခံရတဲ့ အနေအထားမှာ ဟာဇက်မရှိရင် တစ်ဦးတည်းသော အစားထိုးမယ့် ကစားသမားဟာ အိုဒွိုင်းတစ်ယောက်ပဲ ရှိလို့ပါပဲ။ အိုဒွိုင်းဟာ နည်းပြဆာရီကိုယ်တိုင်က မှားပြီးလျှော့တွက်ခဲ့တယ်လို့ ဝန်ခံထားတဲ့ ကစားသမားဖြစ်ပြီး၊ လက်ရွေးစင်မှာပါ ယူ(၂၀)(၂၃)တွေကို ကျော်ပြီး ရွေးခံရတဲ့ ကစားသမားပါ။

ဒါကြောင့် အိုဒွိုင်းကို ဆက်ထိန်းမယ့် စာချုပ်နဲ့ ကမ်းလှမ်းချက်တွေဟာ ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာလာဖို့ရှိသလို လစာအများဆုံးရ အသက်အငယ်ဆုံး ကစားသမားများဖြစ်လာမလားဆိုပြီး၊ စောင့်ကြည့်သွားရပါမယ်။

ရွှေရင်အေး@SportsGabar