နယ္သာလန္လူငယ္ခံစစ္သမားကို ေပါင္(၂၅)သန္းနဲ႔ေခၚဖို႔မန္ယူႏိုက္တက္စီစဥ္ေန

မန္ယူႏိုက္တက္အသင္းဟာ နယ္သာလန္နဲ႔ ပီအက္စ္ဗီြ ညာေနာက္ခံကစားသမား ဒန္ဇယ္ဒမ္ဖရီးယပ္စ္ ကို ေပါင္(၂၅)သန္းနဲ႔ေခၚယူဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဗလန္စီယာ မရွိေတာ့တဲ့ ညာေနာက္ခံေနရာအတြက္ ခရစ္စတယ္လ္ပဲေလ့က ၀မ္ဘစ္ဆာခါကို ေခၚယူႏိုင္ဖို႔ အခက္အခဲေတြ ရွိလာခဲ့တာေၾကာင့္၊ ေနာက္ထပ္ပစ္မွတ္အေနနဲ႔ ပီအက္စ္ဗီြညာေနာက္ခံကစားသမား ကို ခ်ိန္ရြယ္လာခဲ့တာျဖစ္ပါတယ္။

ဒန္ဇယ္ဒမ္ဖရီးယပ္စ္ ဟာ ပထမပစ္မွတ္ ဘစ္ဆာခါထက္ထက္ တိုက္စစ္လိုက္ပါမႈအားေကာင္းတဲ့သူျဖစ္လို႔ ယူႏိုက္တက္ကင္းေထာက္ေတြက ၾကိဳက္ႏွစ္သက္ေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ ဂႏၳ၀င္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဂယ္ရီနဗီးလ္ကေတာ့ ဒမ္ဖရီးယပ္စ္နဲ႔ ပတ္သက္ျပီး ယူႏိုက္တက္ကင္းေထာက္အဖြဲ႔နဲ႔ အျမင္ကြဲျပားမႈေတြ ရွိေနပါတယ္။ နဗီးလ္ဟာ အဂၤလန္အသင္းနဲ႔ နယ္သာလန္တို႔ ကစားခဲ့ၾကတဲ့ ေနရွင္လိဂ္ ဆီမီးဖိုင္နယ္မွာ ပါ၀င္ကစားသြားခဲ့တဲ့ ဒမ္ဖရီးယပ္စ္ အေပၚမွာ ျပင္းထန္တဲ့ ေ၀ဖန္မႈတစ္ခု ျပဳလုပ္ခဲ့တာပါ။

” အဂၤလန္နဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ သူဟာ ခံစစ္သမားတစ္ေယာက္အေနနဲ႔ ပြဲထြက္လာခဲ့တာပါ၊ ဒါေပမဲ့ သူ႔ကိုၾကည့္ရတာ တစ္ပြဲလံုး ခံစစ္သမားတစ္ေယာက္ပံုစံမွာ ရွိမေနခဲ့ပဲ ပြဲအစကေနအဆံုးအထိ သူလုပ္သမွ်က ဆိုးရြားလြန္းခဲ့ပါတယ္ ” လို႔ ေ၀ဖန္ခဲ့ျပီး ယူႏိုက္တက္အေနနဲ႔ အသင္းအတြက္ အေရးၾကီးတဲ့ ခံစစ္ပိုင္းကို ျပဳျပင္တည္ေဆာက္ဖို႔အတြက္ ကစားသမားသစ္ေတြေခၚယူရာမွာ ဆႏၵမေစာသင့္ေၾကာင္း ေထာက္ျပသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နယ်သာလန်လူငယ်ခံစစ်သမားကို ပေါင်(၂၅)သန်းနဲ့ခေါ်ဖို့မန်ယူနိုက်တက်စီစဉ်နေ

မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်နဲ့ ပီအက်စ်ဗွီ ညာနောက်ခံကစားသမား ဒန်ဇယ်ဒမ်ဖရီးယပ်စ် ကို ပေါင်(၂၅)သန်းနဲ့ခေါ်ယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ဗလန်စီယာ မရှိတော့တဲ့ ညာနောက်ခံနေရာအတွက် ခရစ်စတယ်လ်ပဲလေ့က ဝမ်ဘစ်ဆာခါကို ခေါ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိလာခဲ့တာကြောင့်၊ နောက်ထပ်ပစ်မှတ်အနေနဲ့ ပီအက်စ်ဗွီညာနောက်ခံကစားသမား ကို ချိန်ရွယ်လာခဲ့တာဖြစ်ပါတယ်။

ဒန်ဇယ်ဒမ်ဖရီးယပ်စ် ဟာ ပထမပစ်မှတ် ဘစ်ဆာခါထက်ထက် တိုက်စစ်လိုက်ပါမှုအားကောင်းတဲ့သူဖြစ်လို့ ယူနိုက်တက်ကင်းထောက်တွေက ကြိုက်နှစ်သက်နေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ ဒမ်ဖရီးယပ်စ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်ကင်းထောက်အဖွဲ့နဲ့ အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။ နဗီးလ်ဟာ အင်္ဂလန်အသင်းနဲ့ နယ်သာလန်တို့ ကစားခဲ့ကြတဲ့ နေရှင်လိဂ် ဆီမီးဖိုင်နယ်မှာ ပါဝင်ကစားသွားခဲ့တဲ့ ဒမ်ဖရီးယပ်စ် အပေါ်မှာ ပြင်းထန်တဲ့ ဝေဖန်မှုတစ်ခု ပြုလုပ်ခဲ့တာပါ။

” အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူဟာ ခံစစ်သမားတစ်ယောက်အနေနဲ့ ပွဲထွက်လာခဲ့တာပါ၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ တစ်ပွဲလုံး ခံစစ်သမားတစ်ယောက်ပုံစံမှာ ရှိမနေခဲ့ပဲ ပွဲအစကနေအဆုံးအထိ သူလုပ်သမျှက ဆိုးရွားလွန်းခဲ့ပါတယ် ” လို့ ဝေဖန်ခဲ့ပြီး ယူနိုက်တက်အနေနဲ့ အသင်းအတွက် အရေးကြီးတဲ့ ခံစစ်ပိုင်းကို ပြုပြင်တည်ဆောက်ဖို့အတွက် ကစားသမားသစ်တွေခေါ်ယူရာမှာ ဆန္ဒမစောသင့်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

လူညိုချော@SportsGabar