စပါးအသင္းကေန ထြက္ခြာဖို႔ အတိအလင္းဝန္ခံတဲ့ စကားလုံးေတြ ေျပာၾကားလိုက္တဲ့ အဲရစ္ဆင္

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ တိုက္စစ္အားေကာင္းေကာင္းနဲ႔ ျမိဳင္ျမိဳင္ဆိုင္ဆိုင္ ထိုးေဖာက္ျပီး၊ ခ်န္ပီယံလိဂ္ရဖို႔ ၾကိဳးစားခဲ့တဲ့ စပါးအသင္း၊ ဗိုလ္လုပြဲမွာ ရံႈးနိမ့္ျပီးတဲ့ေနာက္ အသင္းရဲ႕ ကစားသမားေတြကို ဆက္ထိန္းဖို႔ အခက္အခဲျဖစ္လာပါတယ္။

နဂိုကတည္းက ရီးရဲလ္နဲ႔ သတင္းထြက္ေနတဲ့ အဲရစ္ဆင္တစ္ေယာက္ကို ပရိသတ္ေတြကက အသင္းမေျပာင္းဖို႔ ဆုေတာင္းေနၾကတာပါ။ ဒါေပမဲ့ အဲရစ္ဆင္တစ္ေယာက္ေျဖခဲ့တဲ့ စကားလံုးေတြက ပရိသတ္ေတြရဲ႕ ရင္ကိုခြဲလိုက္ျပီလို႔ဆိုရမွာပါပဲ။ စိန္ေခၚမႈအသစ္ေတြကို ရွာဖို႔ အသင္းကေန ထြက္ခြာဖို႔ ရွိတဲ့အေၾကာင္းေတြ၊ ေက်းဇူးတင္စကားေတြကို ျမိဳင္ျမိဳင္ဆိုင္ဆိုင္ၾကီး အခုလိုေျပာခဲ့ပါတယ္။

‘ ကၽြန္ေတာ္အေနနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ ၾကိဳစားၾကည္႔သင့္တဲ့ အေနအထားတစ္ခုကို ေရာက္ေနျ႔ပီလို႔ ခံစားရပါတယ္၊ ေတာ့တင္ဟမ္မွာ ျဖစ္ပ်က္ခဲ့သမွ်အရာအားလံုးအတြက္ နက္နက္ရႈိင္းရိႈင္းေလးစားမႈ ရွိတာအမွန္ပါ၊ ျပီးေတာ့ အဆိုးျမင္နဲ႔ေျပာစရာ တစ္ကြက္မွလည္းမရွိပါဘူး၊ ဒါေပမဲ့ ကၽြန္ေတာ္ေျပာခ်င္တာတစ္ခုကေတာ့ ကၽြန္ေတာ္စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္တယ္’

‘ ဒီေႏြရာသီထဲမွာပဲ ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ကို ခ်ပါမယ္၊ ဒါက အစီအစဥ္ပါပဲ၊ ေဘာလံုးေလာကမွာဆုိရင္ ဒီလိုမ်ိဳး ဆံုးျဖတ္ခ်က္ကို မခ်မခ်င္း ခင္ဗ်ားသိရမွာမဟုတ္ပါဘူး၊ အဲဒါက ဘယ္လိုမ်ိဳးမဆိုျဖစ္ႏိုင္သလို အေကာင္းဆံုးကေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔ ျဖစ္သြားတာပါ၊ ဒါပေမဲ့ ေဘာလံုးေလာက ကအရာေတြကေတာ့ အခ်ိန္တစ္ခုထိ ယူတတ္ပါတယ္’ ဆိုျပီး ေျပာသြားခဲ့ပါတယ္။

အဲရစ္ဆင္ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ စပါးအသင္းက ထြက္ခြာဖို႔ ေသခ်ာသေလာက္ျဖစ္ေနျပီး မၾကာခင္မွာ အသင္းတစ္သင္းကို ေျပာင္းဖို႔ မူတည္ေနတယ္လို႔ ဆိုရမွာပါပဲ။ ဒီေႏြရာသီမွာပဲ ဆံုးျဖတ္မွာျဖစ္လို႔ နာမည္ထြက္ေနတဲ့ ရီးရဲလ္၊ ပီအက္ဂ်ီ ဒါမွမဟုတ္ ဥေရာပအသင္းၾကီးတစ္သင္းဆီကို ေရာက္ဖို႔ရွိေနတယ္လို႔ ခန္႔မွန္းရပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

စပါးအသင်းကနေ ထွက်ခွာဖို့ အတိအလင်းဝန်ခံတဲ့ စကားလုံးတွေ ပြောကြားလိုက်တဲ့ အဲရစ်ဆင်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တိုက်စစ်အားကောင်းကောင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထိုးဖောက်ပြီး၊ ချန်ပီယံလိဂ်ရဖို့ ကြိုးစားခဲ့တဲ့ စပါးအသင်း၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် အသင်းရဲ့ ကစားသမားတွေကို ဆက်ထိန်းဖို့ အခက်အဲခဲဖြစ်လာပါတယ်။

နဂိုကတည်းက ရီးရဲလ်နဲ့ သတင်းထွက်နေတဲ့ အဲရစ်ဆင်တစ်ယောက်ကို ပရိသတ်တွေကက အသင်းမပြောင်းဖို့ ဆုတောင်းနေကြတာပါ။ ဒါပေမဲ့ အဲရစ်ဆင်တစ်ယောက်ဖြေခဲ့တဲ့ စကားလုံးတွေက ပရိသတ်တွေရဲ့ ရင်ကိုခွဲလိုက်ပြီလို့ဆိုရမှာပါပဲ။ စိန်ခေါ်မှုအသစ်တွေကို ရှာဖို့ အသင်းကနေ ထွက်ခွာဖို့ ရှိတဲ့အကြောင်းတွေ၊ ကျေးဇူးတင်စကားတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အခုလိုပြောခဲ့ပါတယ်။

‘ ကျွန်တော်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ကြိုစားကြည့်သင့်တဲ့ အနေအထားတစ်ခုကို ရောက်နြေ့ပီလို့ ခံစားရပါတယ်၊ တော့တင်ဟမ်မှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအတွက် နက်နက်ရှိုင်းရှိုင်းလေးစားမှု ရှိတာအမှန်ပါ၊ ပြီးတော့ အဆိုးမြင်နဲ့ပြောစရာ တစ်ကွက်မှလည်းမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်ပြောချင်တာတစ်ခုကတော့ ကျွန်တော်စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်’

‘ ဒီနွေရာသီထဲမှာပဲ ကျွန်တော် ဆုံးဖြတ်ချက်ကို ချပါမယ်၊ ဒါက အစီအစဉ်ပါပဲ၊ ဘောလုံးလောကမှာဆိုရင် ဒီလိုမျိုး ဆုံးဖြတ်ချက်ကို မချမချင်း ခင်ဗျားသိရမှာမဟုတ်ပါဘူး၊ အဲဒါက ဘယ်လိုမျိုးမဆိုဖြစ်နိုင်သလို အကောင်းဆုံးကတော့ မြန်မြန်ဆန်ဆန်နဲ့ ဖြစ်သွားတာပါ၊ ဒါပမေဲ့ ဘောလုံးလောက ကအရာတွေကတော့ အချိန်တစ်ခုထိ ယူတတ်ပါတယ်’ ဆိုပြီး ပြောသွားခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့ ပြောကြားချက်အရဆိုရင် စပါးအသင်းက ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပြီး မကြာခင်မှာ အသင်းတစ်သင်းကို ပြောင်းဖို့ မူတည်နေတယ်လို့ ဆိုရမှာပါပဲ။ ဒီနွေရာသီမှာပဲ ဆုံးဖြတ်မှာဖြစ်လို့ နာမည်ထွက်နေတဲ့ ရီးရဲလ်၊ ပီအက်ဂျီ ဒါမှမဟုတ် ဥရောပအသင်းကြီးတစ်သင်းဆီကို ရောက်ဖို့ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

ရွှေရင်အေး@SportsGabar