ဆလီဘာကိုေခၚယူဖို႔နီးစပ္ေနျပီျဖစ္တ့ဲအာဆင္နယ္

အာဆင္နယ္အသင္းဟာ ဒီေႏြေစ်းကြက္အတြင္းသူတို႔ရဲ႕ပထဆံုးကစားသမားေခၚယူမႈအျဖစ္ စိန္႔အက္တီယန္႔အသင္းရဲ႕ကစားသမားေလး ဆလီဘာကိုေခၚယူဖို႔ နီးစပ္ေနျပီျဖစ္တယ္လို႔ သတင္းေတြအရသိရပါတယ္။ သတင္းေတြအရ အာဆင္နယ္ဟာ ဆလီဘာကို(၅)ႏွစ္စာခ်ဳပ္နဲ႔ေခၚယူဖို႔သေဘာတူညီမႈရခ့ဲျပီလို႔သိရပါတယ္။

အာဆင္နယ္ဟာ ျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာ ေမ်ွာ္လင့္ခ်က္ေတြ၊ ရည္မွန္းခ်က္ေတြျမင့္မားစြာနဲ႔ေဘာလံုးရာသီကို စတင္ႏိုင္ခ့ဲေပမ့ဲ ရာသီကုန္မွာေတာ့ အဆင့္ေလးေတာင္မ၀င္ႏိုင္ခ့ဲပဲ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ခ့ဲရပါတယ္။ အာဆင္နယ္အသင္းမွာထိပ္တန္းကစားသမားေတြရွိေနေသာ္လည္းပဲ စြမ္းေဆာင္ရည္ေတြဟာ ဆိုးရြားခ့ဲတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာအဆင့္ေလးမ၀င္ခ့ဲတာေၾကာင့္ ခ်န္ပီယံလိဂ္၀င္ခြင့္မရခ့ဲတ့ဲအာဆင္နယ္ဟာ ယူရိုပါလိဂ္ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခ့ဲျပီး၊ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ေနာက္တစ္ၾကိမ္အခြင့္အေရးထပ္မံရရွိခ့ဲေပမ့ဲ ခ်ဲလ္ဆီးအသင္းကိုေလးဂိုးဂိုးမရွိနဲ႔ရံႈးနိမ့္ကာ လာမယ့္(၂၀၁၉-၂၀)ေဘာလံုးရာသီမွာပါခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ခ့ဲျပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ခံစစ္ပိုင္းအားနည္းမႈေတြရွိေနတာျဖစ္ျပီး၊ ဒီလိုအားနည္းခ်က္ကိုလာမယ့္ရာသီမွာမျပင္ဆင္ႏိုင္ရင္ ရလဒ္ဆိုးေတြထပ္မံၾကံဳေတြ႔ရဖို႔ရွိေနတာေၾကာင့္ ဒံစစ္ပိုင္းကို ျပင္ဆင္ဖို႔ စိန္႔အက္တီယန္႔ဗဟိုေနာက္ခံလူ ဆလီဘာကိုေခၚယူဖို႔ပစ္မွတ္ထားခ့ဲတာပဲျဖစ္ပါတယ္။ ေနာက္ထပ္သတင္းေတြအရ ေဒါ့မြန္ကိုေျပာင္းေရႊ႕ဖြယ္ရွိေနတ့ဲ ေနာက္ခံလူ ကိုစီရယ္နီရဲ႕ေနရာမွာ အစားထိုးဖို႔ ဆလီဘာကိုေခၚယူႏိုင္ရန္ၾကိဳးပမ္းခ့ဲတာလို႔လည္းသိရပါတယ္။

ဆလီဘာဟာအသက္(၁၈)သာရွိေသးျပီးေတာ့ အရြယ္နဲပမလိုက္ေအာင္စြမ္းေဆာင္ရည္ေတြကေကာင္းမြန္ေနတာေၾကာင့္ စိန္႔အက္တီယန္႕အသင္းပရိသတ္ေတြက ဆလီဘာကို ဂိုးမေပးရေအာင္စြမ္းေဆာင္ႏိုင္တ့ဲေနရာမွာဘုရင္လို႔ နာမည္ေျပာင္ေပးထားၾကတာျဖစ္ပါတယ္။ အာဆင္နယ္ကေတာ့ ဒီေႏြရာသီပထမဆံုးကစားသမားေခၚယူမႈအျဖစ္ ဆလီဘာကိုတကယ္ပဲေခၚယူႏိုင္ေတာ့မွာလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဆလီဘာကိုခေါ်ယူဖို့နီးစပ်နေပြီဖြစ်တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနွေဈေးကွက်အတွင်းသူတို့ရဲ့ပထဆုံးကစားသမားခေါ်ယူမှုအဖြစ် စိန့်အက်တီယန့်အသင်းရဲ့ကစားသမားလေး ဆလီဘာကိုခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေအရသိရပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ ဆလီဘာကို(၅)နှစ်စာချုပ်နဲပခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေမြင့်မားစွာနဲ့ဘောလုံးရာသီကို စတင်နိုင်ခဲ့ပေမဲ့ ရာသီကုန်မှာတော့ အဆင့်လေးတောင်မဝင်နိုင်ခဲ့ပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းမှာထိပ်တန်းကစားသမားတွေရှိနေသော်လည်းပဲ စွမ်းဆောင်ရည်တွေဟာ ဆိုးရွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာအဆင့်လေးမဝင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့အာဆင်နယ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပြီး၊ ချန်ပီယွလိဂ်ဝင်ခွင့်အတွက် နောက်တစ်ကြိမ်အခွင့်အရေးထပ်မံရရှိခဲ့ပေမဲ့ ချဲလ်ဆီးအသင်းကိုလေးဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ကာ လာမယ်(၂၀၁၉-၂၀)ဘောလုံးရာသီမှာပါချန်ပီယံလိဂ်ဝင်ခွက့်နဲ့လွဲချော်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ခံစစ်ပိုင်းအားနည်းမှုတွေရှိနေတာဖြစ်ပြီး၊ ဒီလိုအားနည်းချက်ကိုလာမယ့်ရာသီမှာမပြင်ဆင်နိုင်ရင် ရလဒ်ဆိုးတွေထပ်မံကြုံတွေ့ရဖို့ရှိနေတာကြောင့် ဒံစစ်ပိုင်းကို ပြင်ဆင်ဖို့ စိန့်အက်တီယန့်ဗဟိုနောက်ခံလူ ဆလီဘာကိုခေါ်ယူဖို့ပစ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ ဒေါ့မွန်ကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ နောက်ခံလူ ကိုစီရယ်နီရဲ့နေရာမှာ အစားထိုးဖို့ ဆလီဘာကိုခေါ်ယူနိုင်ရန်ကြိုးပမ်းခဲ့တာလို့လည်းသိရပါတယ်။

ဆလီဘာဟာအသက်(၁၈)သာရှိသေးပြီးတော့ အရွယ်နဲပမလိုက်အောင်စွမ်းဆောင်ရည်တွေကကောင်းမွန်နေတာကြောင့် စိန့်အက်တီယန့်အသင်းပရိသတ်တွေက ဆလီဘာကို ဂိုးမပေးရအောင်စွမ်းဆောင်နိုင်တဲ့နေရာမှာဘုရင်လို့ နာမည်ပြောင်ပေးထားကြတာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဒီနွေရာသီပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဆလီဘာကိုတကယ်ပဲခေါ်ယူနိုင်တော့မှာလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar