မက္ဆီဘက္က မခံမရပ္ႏိုင္ျဖစ္ေနတဲ့ ဖယ္လ္ကာအို

အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကအဖြင့္ပြဲမွာ ကိုလံဘီယာကိုရံႈးနိမ့္ခဲ့လို႔ ေ၀ဖန္မႈေတြက မက္ဆီအေပၚ အညွာအတာမဲ့စြာ စုျပံဳက်ေရာက္ခဲ့ပါတယ္။ ဒါကို လက္ပိုက္ၾကည့္မေနနိုင္သူက ထူးဆန္းစြာနဲ႔ ျပိဳင္ဘက္ကစားသမား ဖယ္ကာအိုျဖစ္ေနတယ္။

တစ္ကယ္တမ္းဆို အာဂ်င္တီးနားအသင္းရဲ႕အတက္အက်ေတြအားလံုးအတြက္ မက္ဆီတစ္ဦးတည္းအေပၚမွာပဲ အျပစ္ပံုခ်ေနၾကတာဟာ တရားမွ်တမႈ မရွိဘူးလို႔ ကိုလံဘီယာသားၾကီးက ယံုၾကည္ေနပံုရပါတယ္။ မက္ဆီအေပၚေ၀ဖန္မႈေတြနဲ႔ပတ္သက္လို႔ သူက-

” ဒါဟာ ကမာၻ႔အေကာင္းဆံုးျဖစ္ရျခင္းအတြက္ ေပးဆပ္လိုက္ရတဲ့ တန္ဖိုးလို႔ ကြ်န္ေတာ္ျမင္တယ္၊ သူ တစ္ဂိုးသြင္းတဲ့ပြဲဆိုရင္ ႏွစ္ဂိုးမသြင္းႏိုင္လို႔ဆိုျပီး အျပစ္ေျပာၾကတယ္၊ သူဖရီးကစ္ကန္ျပီး ဂိုးသြင္းျပျပန္ေတာ့လည္း လူတံတိုင္းကာတဲ့ေကာင္ေတြ ညံ့လို႔ပါကြာဆိုျပီး အပုတ္ခ်ၾကျပန္တယ္ ”

” အာဂ်င္တီးနားအသင္း ရံႈးပြဲၾကံဳတာနဲ႔ လူေတြက သူ႔ရဲ႕အမွားဆိုျပီး ကဲ့ရဲ႕ၾကပါေတာ့တယ္၊ တကယ္လို႔ သူသာ သာမန္ကစားသမားတစ္ေယာက္ဆိုရင္ သူ႔ကိုလည္း ဘယ္သူကမွ တကူးတကေ၀ဖန္ေနမွာမဟုတ္ပါဘူး၊ ကမာၻ႕အေကာင္းဆံုးျဖစ္ေနလို႔သာ ဒီအက်ိဳးဆက္ေတြကို သူခံစားေနရတာပါ၊ ဒါဟာ သူ႔ရဲ႕တန္ဖိုးပါပဲ ” လို႔ ကာကြယ္ေျပာၾကားသြားခဲ့ပါတယ္။

လာမယ့္ဇြန္လ (၁၉)ရက္ေန႔မွာေတာ့ မက္ဆီရဲ႕အာဂ်င္တီးနားအသင္းဟာ ပါရာေဂြးအသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ျပီး၊ ဖယ္လ္ကာအို ဦးေဆာင္တဲ့ ကိုလံဘီယာအသင္းကေတာ့ ပါရာေဂြးကို သေရကစားႏိုင္ခဲ့တဲ့ အာရွဇုန္က ကာတာအသင္းနဲ႔ ေတြ႕ဆံုယွဥ္ျပိဳင္ရမွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

မက်ဆီဘက်က မခံမရပ်နိုင်ဖြစ်နေတဲ့ ဖယ်လ်ကာအို

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကအဖွင့်ပွဲမှာ ကိုလံဘီယာကိုရှုံးနိမ့်ခဲ့လို့ ဝေဖန်မှုတွေက မက်ဆီအပေါ် အညှာအတာမဲ့စွာ စုပြုံကျရောက်ခဲ့ပါတယ်။ ဒါကို လက်ပိုက်ကြည့်မနေနိုင်သူက ထူးဆန်းစွာနဲ့ ပြိုင်ဘက်ကစားသမား ဖယ်ကာအိုဖြစ်နေတယ်။

တစ်ကယ်တမ်းဆို အာဂျင်တီးနားအသင်းရဲ့အတက်အကျတွေအားလုံးအတွက် မက်ဆီတစ်ဦးတည်းအပေါ်မှာပဲ အပြစ်ပုံချနေကြတာဟာ တရားမျှတမှု မရှိဘူးလို့ ကိုလံဘီယာသားကြီးက ယုံကြည်နေပုံရပါတယ်။ မက်ဆီအပေါ်ဝေဖန်မှုတွေနဲ့ပတ်သက်လို့ သူက-

” ဒါဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ရခြင်းအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးလို့ ကျွန်တော်မြင်တယ်၊ သူ တစ်ဂိုးသွင်းတဲ့ပွဲဆိုရင် နှစ်ဂိုးမသွင်းနိုင်လို့ဆိုပြီး အပြစ်ပြောကြတယ်၊ သူဖရီးကစ်ကန်ပြီး ဂိုးသွင်းပြပြန်တော့လည်း လူတံတိုင်းကာတဲ့ကောင်တွေ ညံ့လို့ပါကွာဆိုပြီး အပုတ်ချကြပြန်တယ် ”

” အာဂျင်တီးနားအသင်း ရှုံးပွဲကြုံတာနဲ့ လူတွေက သူ့ရဲ့အမှားဆိုပြီး ကဲ့ရဲ့ကြပါတော့တယ်၊ တကယ်လို့ သူသာ သာမန်ကစားသမားတစ်ယောက်ဆိုရင် သူ့ကိုလည်း ဘယ်သူကမှ တကူးတကဝေဖန်နေမှာမဟုတ်ပါဘူး၊ ကမ္ဘာ့အကောင်းဆုံးဖြစ်နေလို့သာ ဒီအကျိုးဆက်တွေကို သူခံစားနေရတာပါ၊ ဒါဟာ သူ့ရဲ့တန်ဖိုးပါပဲ ” လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

လာမယ့်ဇွန်လ (၁၉)ရက်နေ့မှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်းဟာ ပါရာဂွေးအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး၊ ဖယ်လ်ကာအို ဦးဆောင်တဲ့ ကိုလံဘီယာအသင်းကတော့ ပါရာဂွေးကို သရေကစားနိုင်ခဲ့တဲ့ အာရှဇုန်က ကာတာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

လူညိုချော@SportsGabar