၀ီလီယမ္အတြက္ စီးခ်င္းထိုးၾကေတာ့မယ့္ ဘာစီလိုနာနဲ႔အက္သလက္

ဘာစီလိုနာနဲ႔အက္သလက္တီကိုအသင္းတို႔ဟာ ခ်ဲလ္ဆီးအသင္းေတာင္ပံကစားသမား ၀ီလီယမ္ကိုေျပာင္းေရႊ႕ေၾကးေပါင္(၃၅)သန္းနဲ႔ကမ္းလွမ္းခ့ဲတယ္လို႔သိရပါတယ္။ ဒါေပမ့ဲ ခ်ဲလ္ဆီးအသင္းဟာ (၂)ႏွစ္သင္းလံုးရဲ႕ကမ္းလွမ္းမႈေတြပယ္ခ်သြားခ့ဲတယ္လို႔သိရပါတယ္။

ဘာစီလိုနာ ၀ီလီယမ္ကိုေခၚယူဖို႔ ျပီးခ့ဲတ့ဲေႏြရာသီကတည္းကၾကိဳးပမ္းခ့ဲတာျဖစ္ျပီး ပယ္ခ်ခံခ့ဲရတာလည္းျဖစ္ပါတယ္။ ဒီတစ္ၾကိမ္မွာလည္း အက္သလက္တီကိုအသင္းနဲ႔အျပိဳင္ၾကိဳးပမ္းလာခ့ဲျပီး၊ ထပ္မံျငင္းပယ္ခံခ့ဲရတာလည္းျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔အက္သလက္တီကိုတို႔ဟာ ၀ီလီယမ္ကိုေျပာင္းေရႊ႕ေပါင္(၃၅)သန္းနဲ႔ကမ္းလွမ္းခ့ဲတာျဖစ္ျပီး၊ အဆိုပါေျပာင္းေရႊ႕ေၾကးပမာဏဟာ ၀ီလီယမ္အတြက္ ထိုက္တန္တ့ဲေျပာင္းေရႊ႕ေၾကးလို႔ယူဆထားၾကပါတယ္။

၀ီလီယမ္ရဲ႕ခ်ဲလ္ဆီးနဲ႔ခ်ဳပ္ဆိုထားတ့ဲ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ေႏြရာသီမွာကုန္ဆံုးမွာျဖစ္ျပီးေတာ့၊ ခ်ဲလ္ဆီးအေနနဲ႔စာခ်ဳပ္သက္တမ္းမတိုးဘူးဆိုရင္ လာမယ့္ေႏြရာသီမွာအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ စြန္႔လႊတ္ရဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၀ီလီယမ္ကို အလြတ္ေျပာင္းေရႊ႕႕ေၾကးနဲ႔ဆံုးရံႈးရဖို႔ရွိေနေပမ့ဲ ကစားသမားကိုအသင္းမွာဆက္ထိန္းထားဖို႔ ရွိေနပါတယ္။

ဟာဇက္ကလည္း ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕သြားခ့ဲျပီျဖစ္ကာ၊ ခ်ဲလ္ဆီးအေနနဲပကစားသမားေခၚယူခြင့္လည္းပိတ္ပင္ခံထားရတာေၾကာင့္ အသင္းမွာရွိတ့ဲကစားသမားေတြကိုေသခ်ာေပါက္ဆက္ထိန္းထားႏိုင္ဖို႔လိုအပ္ေနတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲ ဘာစီလိုနာနဲ႔အက္သလက္တီကိုအသင္းတို႔ဟာ သူတို႔ရဲ႕ကမ္းလွမ္းမႈကိုခ်ဲလ္ဆီးအသင္းအေနနဲ႔ပယ္ခ်ထားခ့ဲေပမ့ဲ ၀ီလီယမ္ကိုအရေခၚယူဖို႔ ဆံုးျဖတ္ထားတယ္လို႔သိရပါတယ္။

၀ီလီယမ္အေနနဲ႔ ခ်ဲလ္ဆီးကိုစြန္႔ခြာျပီး စပိန္ကလပ္ေတြဆီကိုေျပာင္းေရႊ႕ျဖစ္မလားဆိုတာကေတာ့ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဝီလီယမ်အတွက် စီးချင်းထိုးကြတော့မယ့် ဘာစီလိုနာနဲ့အက်သလက်

ဘာစီလိုနာနဲ့အက်သလက်တီကိုအသင်းတို့ဟာ ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဝီလီယမ်ကိုပြောင်းရွှေ့ကြေးပေါင်(၃၅)သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ (၂)နှစ်သင်းလုံးရဲ့ကမ်းလှမ်းမှုတွေပယ်ချသွားခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာ ဝီလီယမ်ကိုခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းကကြိုးပမ်းခဲ့တာဖြစ်ပြီး ပယ်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အက်သလက်တီကိုအသင်းနဲ့အပြိုင်ကြိုးပမ်းလာခဲ့ပြီး၊ ထပ်မံငြင်းပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အက်သလက်တီကိုတို့ဟာ ဝီလီယမ်ကိုပြောင်းရွှေ့ပေါင်(၃၅)သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး၊ အဆိုပါပြောင်းရွှေ့ကြေးပမာဏဟာ ဝီလီယမ်အတွက် ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးလို့ယူဆထားကြပါတယ်။

ဝီလီယမ်ရဲ့ချဲလ်ဆီးနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီးတော့၊ ချဲလ်ဆီးအနေနဲ့စာချုပ်သက်တမ်းမတိုးဘူးဆိုရင် လာမယ့်နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်လွှတ်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝီလီယမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ဆုံးရှုံးရဖို့ရှိနေပေမဲ့ ကစားသမားကိုအသင်းမှာဆက်ထိန်းထားဖို့ ရှိနေပါတယ်။

ဟာဇက်ကလည်း ရီးရဲလ်အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကာ၊ ချဲလ်ဆီးအနေနဲပကစားသမားခေါ်ယူခွင့်လည်းပိတ်ပင်ခံထားရတာကြောင့် အသင်းမှာရှိတဲ့ကစားသမားတွေကိုသေချာပေါက်ဆက်ထိန်းထားနိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့အက်သလက်တီကိုအသင်းတို့ဟာ သူတို့ရဲ့ကမ်းလှမ်းမှုကိုချဲလ်ဆီးအသင်းအနေနဲ့ပယ်ချထားခဲ့ပေမဲ့ ဝီလီယမ်ကိုအရခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

ဝီလီယမ်အနေနဲ့ ချဲလ်ဆီးကိုစွန့်ခွာပြီး စပိန်ကလပ်တွေဆီကိုပြောင်းရွှေ့ဖြစ်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar