ေကာ္တင္ဟိုကိုပီအက္စ္ဂ်ီေျပာျပခ့ဲတ့ဲပဲရစ္ျမိဳ႕ကအီဖယ္လ္ေမ်ွာ္စင္ၾကီးသိပ္လွတ့ဲအေၾကာင္း

ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာၾကယ္ပြင့္ ဖီလစ္ပီေကာ္တင္ဟိုေခၚယူဖို႔ဆက္သြယ္မႈေတြျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။ စပိန္သတင္းစာတစ္ရပ္ရဲ႕အဆိုအရ ေကာ္တင္ဟိုဟာ လီဂူးတစ္ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းဆီကို ဒီေႏြရာသီမွာေျပာင္းေရႊ႕ဖို႔ ျဖစ္ႏိုင္တယ္လို႔သိရပါတယ္။

ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းကို(၂၀၁၈)ခုႏွစ္ဇန္န၀ါရီအေျာင္းအေရႊ႕ကာလမွာေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ဘာစီလိုနာအသင္းရဲ႕ စီခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူခ့ဲတာပဲျဖစ္ပါတယ္။ (၂၀၁၇-၁၈)ေဘာလံုးရာသီမွာ ေရာက္ရွိခ့ဲတာျဖစ္ျပီး ေကာ္တင္ဟိုတစ္ေယာက္ ဘာစီလိုနာမွာထင္သေလာက္ ခရီးမေရာက္ခ့ဲပဲ ရုန္းကန္ေနခ့ဲရတာပဲျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ျပိဳင္ပြဲစံု(၅၄)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊ သြင္းဂိုး(၁၃)ဂိုးသာသြင္းယူႏိုင္ခ့ဲတာလည္းျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲအဓိကတိုက္စစ္မွဴး မက္ဆီနဲ႔လည္းဆက္ဆံေရးအဆင္မေျပမႈေတြရွိေနတယ္လို႔သိရျပီး၊ ျပီးခ့ဲတ့ဲရက္ပိုင္းတုန္းက ေကာ္တင္ဟိုဟာ သူ႔အေနနဲ႔ဘာစီလိုနာကေနထြက္ခြာခ်င္တယ္လို႔ ဖြင့္ဟေျပာၾကားခ့ဲတာလည္းျဖစ္ပါတယ္။

သတင္းေတြအရ ပီအက္စ္ဂ်ီအသင္းရဲ႕ဒါရိုက္တာအသစ္ျဖစ္သူ လီယိုနာဒို ကေကာ္တင္ဟိုကိုအျမတမ္းစာခ်ဳပ္နဲ႔ေခၚယူဖို႔ရွိေနတယ္လို႔သိရပါတယ္။ ျပင္သစ္ဘီလူးၾကီး ပီအက္စ္ဂ်ီဟာ ကိုပါအေမရိက ျပိဳင္ပြဲျပီးတာနဲပ ေကာ္တင္ဟိုကို ေခၚယူႏိုင္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီဟာ ဘာစီလိုနာကိုျပန္လည္ေျပာင္းေရႊ႕မယ္လို႔သတင္းေတြထြက္ေနတ့ဲ ေနမာကို အသင္းမွာဆက္ထိန္းထားႏိုင္ဖို႔ ေကာ္တင္ဟိုအခုလိုေခၚယူဖို႔ျပင္ဆင္လာတာလည္းျဖစ္တယ္လို႔သိရပါတယ္။

ေကာ္တင္ဟိုကိုေခၚယူဖို႔ မန္ယူႏိုက္တက္နဲ႔ခ်ဲလ္ဆီးအသင္းတို႔ကလည္းစိတ္၀င္စားမႈရွိေနတာျဖစ္ျပီး၊ ပီအက္စ္ဂ်ီအေနနဲ႔ အဂၤလန္(၂)သင္းထက္လက္ဦးမႈရယူျပီးေခၚႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ကော်တင်ဟိုကိုပီအက်စ်ဂျီပြောပြခဲ့တဲ့ပဲရစ်မြို့ကအီဖယ်လ်မျှော်စင်ကြီးသိပ်လှတဲ့အကြောင်း

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကြယ်ပွင့် ဖီလစ်ပီကော်တင်ဟိုခေါ်ယူဖို့ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ စပိန်သတင်းစာတစ်ရပ်ရဲ့အဆိုအရ ကော်တင်ဟိုဟာ လီဂူးတစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းဆီကို ဒီနွေရာသီမှာပြောင်းရွှေ့ဖို့ ဖြစ်နိုင်တယ်လို့သိရပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို(၂၀၁၈)ခုနှစ်ဇန်နဝါရီအြောင်းအရွှေ့ကာလမှာရောက်ရှိခဲ့တာဖြစ်ပြီး၊ ဘာစီလိုနာအသင်းရဲ့ စီချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ (၂၀၁၇-၁၈)ဘောလုံးရာသီမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ကော်တင်ဟိုတစ်ယောက် ဘာစီလိုနာမှာထင်သလောက် ခရီးမရောက်ခဲ့ပဲ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။

ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ(၅၄)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုး(၁၃)ဂိုးသာသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲအဓိကတိုက်စစ်မှူး မက်ဆီနဲ့လည်းဆက်ဆံရေးအဆင်မပြေမှုတွေရှိနေတယ်လို့သိရပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကော်တင်ဟိုဟာ သူ့အနေနဲ့ဘာစီလိုနာကနေထွက်ခွာချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

သတင်းတွေအရ ပီအက်စ်ဂျီအသင်းရဲ့ဒါရိုက်တာအသစ်ဖြစ်သူ လီယိုနာဒို ကကော်တင်ဟိုကိုအမြတမ်းစာချုပ်နဲ့ခေါ်ယူဖို့ရှိနေတယ်လို့သိရပါတယ်။ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီဟာ ကိုပါအမေရိက ပြိုင်ပွဲပြီးတာနဲပ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ဘာစီလိုနာကိုပြန်လည်ပြောင်းရွှေ့မယ်လို့သတင်းတွေထွက်နေတဲ့ နေမာကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ ကော်တင်ဟိုအခုလိုခေါ်ယူဖို့ပြင်ဆင်လာတာလည်းဖြစ်တယ်လို့သိရပါတယ်။

ကော်တင်ဟိုကိုခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ချဲလ်ဆီးအသင်းတို့ကလည်းစိတ်ဝင်စားမှုရှိနေတာဖြစ်ပြီး၊ ပီအက်စ်ဂျီအနေနဲ့ အင်္ဂလန်(၂)သင်းထက်လက်ဦးမှုရယူပြီးခေါ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar