ျပိဳင္ဘက္ေတြကို တစ္ဖက္လွည့္နဲ႔ သတိေပးလိုက္တဲ့ ဖရက္

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ကြင္းလယ္အဖ်က္ကစားသမား ဖရက္က ျပီးခဲ့တဲ့အပတ္ကတရား၀င္ ထြက္ေပၚလာခဲ့တဲ့ (၂၀၁၉-၂၀၂၀)ပရီးမီးယားလိဂ္ပြဲစဥ္ဇယားနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ဆႏၵဘယ္ေလာက္ျပင္းျပေနေၾကာင္းကိုဖြင့္ဟခဲ့ပါတယ္။

ဘရာဇီးလ္ကစားသမား ဖရက္ ဟာ ျပီးခဲ့တဲ့ ႏွစ္က ရွက္တာဒိုးနက္အသင္းကေန ယူႏိုက္တက္အသင္းထံ ေျပာင္းေရႊ႕ေၾကးေပါင္ (၅၄)သန္းနဲ႔ေရာက္ရွိလာခဲ့တဲ့သူျဖစ္ျပီး၊ ကံမေကာင္းစြာနဲ႔ပဲ သူေရာက္ေရာက္ခ်င္းႏွစ္မွာ ယူႏိုက္တက္ဟာ ဖလားလက္မဲ့ ေဘာလံုးရာသီတစ္ခုကိုၾကံဳေတြ႕ခဲ့ရသလို၊ ပရီးမီးယားလိဂ္ျပီးဆံုးခ်ိန္မွာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ အဆင့္(၄)နဲ႔ပါေ၀းခဲ့ရပါတယ္။

ဒါေပမဲ့ ဖရက္ကေတာ့ အတိတ္ကိုေမ့ထားျပီး ရာသီသစ္အတြက္ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ဖရက္က-

” ကြ်န္ေတာ္တို႔ဟာ အားလပ္ရက္မွာ အနားယူေနၾကတုန္း ပရီးမီးယားလိဂ္ပြဲစဥ္ဇယားထြက္လာပါတယ္၊ ဒါဟာ ကြ်န္ေတာ္တို႔ရဲ႕ တစ္ဖန္ျပန္လည္တိုက္ပြဲ၀င္ဖို႔ ဆာေလာင္စိတ္ကိုျဖစ္ေစပါတယ္၊ အဂၤလန္လိဂ္က ခက္ခဲပါတယ္၊ အသင္းၾကီးေတြကလည္း (၆)သင္း (၇)သင္းေလာက္ကို ရွိေနတာပါ ”

” ဒါေပမဲ့ ဒါဘီပြဲစဥ္ေတြကေတာ့ ကစားဖို႔ အေကာင္းဆံုး ပြဲေတြပါပဲ၊ ပြဲစဥ္ဇယားကို ကြ်န္ေတာ္ၾကည့္လိုက္ေတာ့ အဲလိုပြဲစဥ္ေတြကို ေတြ႕ခဲ့ရပါတယ္၊ ဘယ္အသင္းကအႏိုင္ရသြားမလဲဆိုတာ ေျပာဖို႔ခက္တယ္၊ ဘာေၾကာင့္လဲဆိုရင္ ပရီးမီးယားလိဂ္မွာ ပြဲတိုင္းနီးပါးက ပြဲၾကီးပြဲေကာင္းေတြခ်ည္းပဲမို႔လို႔ပါ ”

” ဒါေပမဲ့ ကြ်န္ေတာ္တို႔အေနနဲ႔ ပြဲၾကီးေတြကို အႏိုင္ယူႏိုင္စြမ္းရွိပါတယ္၊ လာမယ့္ရာသီမွာ ကြ်န္ေတာ္တို႔ပိုေကာင္းလာမယ္ဆိုတာကိုေတာ့ ၾကိဳေျပာထားခ်င္ပါတယ္၊ ကြ်န္ေတာ္တို႔ ဆုဖလားေတြအတြက္ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္တယ္၊ ကြ်န္ေတာ္တို႔ဟာ မန္ခ်က္စတာယူႏိုက္တက္ပါ၊ ဆုဖားေတြအတြက္ ဘာေၾကာင့္အသင့္ျဖစ္မေနရမွာလဲ ” လို႔ ၾကံဳး၀ါးသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပြိုင်ဘက်တွေကို တစ်ဖက်လှည့်နဲ့ သတိပေးလိုက်တဲ့ ဖရက်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်အဖျက်ကစားသမား ဖရက်က ပြီးခဲ့တဲ့အပတ်ကတရားဝင် ထွက်ပေါ်လာခဲ့တဲ့ (၂၀၁၉-၂၀၂၀)ပရီးမီးယားလိဂ်ပွဲစဉ်ဇယားနဲ့ပတ်သက်လို့ သူ့ရဲ့ဆန္ဒဘယ်လောက်ပြင်းပြနေကြောင်းကိုဖွင့်ဟခဲ့ပါတယ်။

ဘရာဇီးလ်ကစားသမား ဖရက် ဟာ ပြီးခဲ့တဲ့ နှစ်က ရှက်တာဒိုးနက်အသင်းကနေ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေးပေါင် (၅၄)သန်းနဲ့ရောက်ရှိလာခဲ့တဲ့သူဖြစ်ပြီး၊ ကံမကောင်းစွာနဲ့ပဲ သူရောက်ရောက်ချင်းနှစ်မှာ ယူနိုက်တက်ဟာ ဖလားလက်မဲ့ ဘောလုံးရာသီတစ်ခုကိုကြုံတွေ့ခဲ့ရသလို၊ ပရီးမီးယားလိဂ်ပြီးဆုံးချိန်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄)နဲ့ပါဝေးခဲ့ရပါတယ်။

ဒါပေမဲ့ ဖရက်ကတော့ အတိတ်ကိုမေ့ထားပြီး ရာသီသစ်အတွက် အောင်မြင်မှုတွေ ရယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဖရက်က-

” ကျွန်တော်တို့ဟာ အားလပ်ရက်မှာ အနားယူနေကြတုန်း ပရီးမီးယားလိဂ်ပွဲစဉ်ဇယားထွက်လာပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ တစ်ဖန်ပြန်လည်တိုက်ပွဲဝင်ဖို့ ဆာလောင်စိတ်ကိုဖြစ်စေပါတယ်၊ အင်္ဂလန်လိဂ်က ခက်ခဲပါတယ်၊ အသင်းကြီးတွေကလည်း (၆)သင်း (၇)သင်းလောက်ကို ရှိနေတာပါ ”

” ဒါပေမဲ့ ဒါဘီပွဲစဉ်တွေကတော့ ကစားဖို့ အကောင်းဆုံး ပွဲတွေပါပဲ၊ ပွဲစဉ်ဇယားကို ကျွန်တော်ကြည့်လိုက်တော့ အဲလိုပွဲစဉ်တွေကို တွေ့ခဲ့ရပါတယ်၊ ဘယ်အသင်းကအနိုင်ရသွားမလဲဆိုတာ ပြောဖို့ခက်တယ်၊ ဘာကြောင့်လဲဆိုရင် ပရီးမီးယားလိဂ်မှာ ပွဲတိုင်းနီးပါးက ပွဲကြီးပွဲကောင်းတွေချည်းပဲမို့လို့ပါ ”

” ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပွဲကြီးတွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်၊ လာမယ့်ရာသီမှာ ကျွန်တော်တို့ပိုကောင်းလာမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်၊ ကျွန်တော်တို့ ဆုဖလားတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တယ်၊ ကျွန်တော်တို့ဟာ မန်ချက်စတာယူနိုက်တက်ပါ၊ ဆုဖားတွေအတွက် ဘာကြောင့်အသင့်ဖြစ်မနေရမှာလဲ ” လို့ ကြုံးဝါးသွားခဲ့ပါတယ်။

လူညိုချော@SportsGabar