စီးရီးေအကလပ္နဲ႔သတင္းေတြထြက္လာျပန္တ့ဲရီးရဲလ္အသင္းရဲ႕အပယ္ခံပန္းတစ္ပြင့္

အီတလီသတင္းေထာက္တစ္ဦးရဲ႕အဆိုအရ ရီးရဲလ္မက္ဒရစ္ရဲ႕အပယ္ခံပန္းတစ္ပြင့္ျဖစ္တ့ဲ ဂ်ိမ္းစ္ရိုဒရီဂြတ္ဟာ စီးရီးေအကလပ္ နာပိုလီအသင္းနဲ႔ သေဘာတူညီမႈရရွိထားျပီလို႔သိရပါတယ္။ သို႔ေပမ့ဲ နာပိုလီဟာ ဂ်ိမ္းစ္ကို အငွားနဲ႔သာေခၚယူမွာျဖစ္ျပီးေတာ့ အဆိုပါအငွားစာခ်ဳပ္မွာ အျပီးသတ္ေခၚယူႏိုင္ခြင့္အခ်က္အလက္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုသြားမယ္လို႔သိရပါတယ္။

ဂ်ိမ္းစ္ဟာ မိုနာကိုအသင္းနဲ႔အတူ(၂၀၁၃-၁၄)ေဘာလံုးရာသီမွာ ျပသႏိုင္ခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္ ဥေရာပေဘာလံုးဇာတ္ခံုေပၚမွာထင္ေပၚလာခ့ဲတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ (၂၀၁၄)ဘရာဇီးကမာၻ႔ဖလားမွာျပသခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္လည္း ဂ်ိမ္းစ္ဟာ လူအမ်ားပါးစပ္ဖ်ားမွာေရပန္းစားတ့ဲကစားသမားျဖစ္လာခ့ဲျပီး၊ ေနာက္ပိုင္းမွာ ရီးရဲလ္မက္ဒရစ္အသင္းက မိုနာကိုအသင္းထံကေန ေျပာင္းေရႊ႕ေၾကးယူရို(၇၅)သန္းနဲ႔ေခၚယူခ့ဲပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္(၇၇)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊(၂၈)ဂိုးသြင္းယူေပးႏိုင္ခ့ဲတ့ဲ ဂ်ိမ္းစ္ဟာ ေနာက္ပိုင္းမွာ ရီးရဲလ္အသင္းရဲ႕အပယ္ခံကစားသမားဘ၀ကိုေရာက္ရွိလာခ့ဲျပီး၊ (၂၀၁၇)ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားခ်ခံခ့ဲရပါတယ္။ ဘိုင္ယန္မွာအငွားကစားသမားဘ၀နဲ႔ (၂)ရာသီၾကာျဖတ္သန္းခ့ဲျပီးတ့ဲေနာက္မွာေတာ့ ရီးရဲလ္ကိုျပန္ေရာက္ရွိလာခ့ဲပါတယ္။

ရီးရဲလ္ရဲ႕တစ္ေက်ာ့ျပန္နည္းျပ ဇီဒန္းက အသင္းမွာဂ်ိမ္းစ္အတြက္ အနာဂတ္မရွိေတာ့ဘူးလို႔ထုတ္ေဖာ္ေျပာၾကားထားတာေၾကာင့္ ကစားသမားအေစာပိုင္းကာလေတြမွာ ေတာက္ပခ့ဲတ့ဲ ဂ်ိမ္းစ္တစ္ေယာက္ ေဘာလံုးေလာကရဲ႕အနိမ့္အျမင့္ ေလာကဓံရိုက္ခ်က္ေတြကို ခံစားေနရတာလည္းျဖစ္ပါတယ္။ ေျခစြမ္းပိုင္းေကာင္းမြန္ေပမ့ဲ ဒဏ္ရာမၾကာခဏရေလ့ရွိတ့ဲကစားသမားတစ္ေယာက္ျဖစ္ေနေတာ့ ဘယ္အသင္းကမွ အျပီးသတ္စာခ်ဳပ္နဲ႔ေခၚယူဖို႔ မ၀့ံမရဲျဖစ္ေနၾကတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နာပိုလီနဲ႔ထြက္ေနတ့ဲသတင္းေတြဟာ အမွန္တကယ္ပဲျဖစ္ႏိုင္မလားဆိုတာကေတာ့ ဒီေႏြေစ်းကြက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီးရီးအေကလပ်နဲ့သတင်းတွေထွက်လာပြန်တဲ့ရီးရဲလ်အသင်းရဲ့အပယ်ခံပန်းတစ်ပွင့်

အီတလီသတင်းထောက်တစ်ဦးရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်ရဲ့အပယ်ခံပန်းတစ်ပွင့်ဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဟာ စီးရီးအေကလပ် နာပိုလီအသင်းနဲ့ သဘောတူညီမှုရရှိထားပြီလို့သိရပါတယ်။ သို့ပေမဲ့ နာပိုလီဟာ ဂျိမ်းစ်ကို အငှားနဲ့သာခေါ်ယူမှာဖြစ်ပြီးတော့ အဆိုပါအငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူနိုင်ခွင့်အချက်အလက်ကိုလည်းထည့်သွင်းချုပ်ဆိုသွားမယ်လို့သိရပါတယ်။

ဂျိမ်းစ်ဟာ မိုနာကိုအသင်းနဲ့အတူ(၂၀၁၃-၁၄)ဘောလုံးရာသီမှာ ပြသနိုင်ခဲ့တဲ့ခြေစွမ်းတွေကြောင့် ဥရောပဘောလုံးဇာတ်ခုံပေါ်မှာထင်ပေါ်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ (၂၀၁၄)ဘရာဇီးကမ္ဘာ့ဖလားမှာပြသခဲ့တဲ့ခြေစွမ်းတွေကြောင့်လည်း ဂျိမ်းစ်ဟာ လူအများပါးစပ်ဖျားမှာရေပန်းစားတဲ့ကစားသမားဖြစ်လာခဲ့ပြီး၊ နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက မိုနာကိုအသင်းထံကနေ ပြောင်းရွှေ့ကြေးယူရို(၇၅)သန်းနဲ့ခေါ်ယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက်(၇၇)ပွဲပါဝင်ကစားပေးခဲ့ပြီး၊(၂၈)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ နောက်ပိုင်းမှာ ရီးရဲလ်အသင်းရဲ့အပယ်ခံကစားသမားဘဝကိုရောက်ရှိလာခဲ့ပြီး၊ (၂၀၁၇)ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အငှားချခံခဲ့ရပါတယ်။ ဘိုင်ယန်မှာအငှားကစားသမားဘဝနဲ့ (၂)ရာသီကြာဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ ရီးရဲလ်ကိုပြန်ရောက်ရှိလာခဲ့ပါတယ်။

ရီးရဲလ်ရဲ့တစ်ကျော့ပြန်နည်းပြ ဇီဒန်းက အသင်းမှာဂျိမ်းစ်အတွက် အနာဂတ်မရှိတော့ဘူးလို့ထုတ်ဖော်ပြောကြားထားတာကြောင့် ကစားသမားအစောပိုင်းကာလတွေမှာ တောက်ပခဲ့တဲ့ ဂျိမ်းစ်တစ်ယောက် ဘောလုံးလောကရဲ့အနိမ့်အမြင့် လောကဓံရိုက်ချက်တွေကို ခံစားနေရတာလည်းဖြစ်ပါတယ်။ ခြေစွမ်းပိုင်းကောင်းမွန်ပေမဲ့ ဒဏ်ရာမကြာခဏရလေ့ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်နေတော့ ဘယ်အသင်းကမှ အပြီးသတ်စာချုပ်နဲ့ခေါ်ယူဖို့ မဝံ့မရဲဖြစ်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နာပိုလီနဲ့ထွက်နေတဲ့သတင်းတွေဟာ အမှန်တကယ်ပဲဖြစ်နိုင်မလားဆိုတာကတော့ ဒီနွေဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar