ဘာစီလိုနာနဲ႔ ေနမာတို႔ကို ျပန္ေပါင္းထုပ္ခြင့္ေပးေတာ့မွာလား ေႏြ

လာမယ့္ေႏြမွာ ပီအက္စ္ဂ်ီအသင္းကေန ေနမာ ထြက္ခြာေတာ့မယ့္သတင္းေတြက တစ္ေန႔ထက္တစ္ေန႔ ပိုမို က်ယ္ေလာင္လာေနပါတယ္။ ျပင္သစ္ကလာတဲ့ သတင္းေတြမွာေတာ့ ကစားသမားရဲ႕ဆႏၵအရ ျပင္သစ္ခ်န္ပီယံ ပီအက္စ္ဂ်ီဟာ တစ္ျခားအသင္းေတြရဲ႕ကမ္းလွမ္းလာမႈကို ေစာင့္ဆိုင္းေနတယ္လို႔ေဖာ္ျပခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီဥကၠ႒ နယ္ဆာ ကလည္း ေနမာကို ေရာင္းထုတ္သြားဖို႔ အေကာင္းဆံုးျဖစ္ႏိုင္မယ့္ အစီအစဥ္ကို ေတြးေတာၾကံစည္ေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ နယ္ဆာက-

” ကစားသမားေတြဟာ အရင္ကထက္ပိုျပီးေတာ့ေတာင္မွ သူတို႔ရဲ႕တာ၀န္ယူမႈေတြ အျပည့္ရွိၾကပါလိမ့္မယ္၊ ကြ်န္ေတာ္တို႔ဟာ အသင္းရဲ႕အစီအစဥ္ေတြမွာ အတူတကြ ပူးေပါင္းဖို႔နဲ႔ အသင္း၀တ္စံုရဲ႕ဂုဏ္သိကၡာအတြက္ ဘာမဆိုေပးဆပ္ဖို႔ အသင့္ရွိေနတဲ့ ကစားသမားေတြကိုပဲအလိုရွိပါတယ္ ”

” တစ္ကယ္လို႔ ကစားသမားတစ္ေယာက္ဟာ အသင္းအတြက္ေပးဆပ္လိုစိတ္မရွိေတာ့ဘူးဆိုရင္ ကြ်န္ေတာ္တို႔ သူနဲ႔ စကားေျပာဆို ေဆြးေႏြးရပါလိမ့္မယ္၊ ေသခ်ာတာကေတာ့ ကစားသမားေတြဟာ စာခ်ဳပ္အေပၚမွာ ေလးစားမႈရွိရပါမယ္ ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ျပီး ဘာစီလိုနာအသင္းထံျပန္သြားဖို႔ တာဆူေနတဲ့ ေနမာနဲ႔ ပတ္သက္ျပီးေတာ့လည္း နယ္ဆာက-

” ဘယ္သူကမွ သူ႔ကို ဒီမွာလာကစားဖို႔ အတင္းဖိအားမေပးခဲ့ပါဘူး၊ ဘယ္သူကမွ သူ႔ကို တြန္းမပို႔ခဲ့ပါဘူး၊ အသင္းရဲ႕အစီအစဥ္ေတြမွာ ပူးေပါင္းပါ၀င္ဖို႔ သူ႔သေဘာနဲ႔သူ ေရာက္လာခဲ့တာပါ ” လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီဥကၠ႒ၾကီးရဲ႕ေျပာစကားအရ ေနမာဟာ ဘာစီလိုနာကေန သူ႔သေဘာနဲ႔သူထြက္လာခဲ့ျပီး၊ အခုအခ်ိန္မွာလည္း အသင္းေဟာင္းဆီ သူ႔သေဘာနဲ႔သူ ျပန္လည္ေျပာင္းေရႊ႕ခ်င္ေနပံုရပါတယ္။ ေျပာခဲ့တဲ့အထဲမွာလည္း အသင္းမွာ မေနခ်င္ရင္ မထားဘူးဆိုတဲ့ အဓိပၸါယ္ေတြပါေနတာေၾကာင့္ ေနမာတစ္ေယာက္ လာမယ့္ေႏြမွာ ဘာစီလိုနာအသင္းနဲ႔ ျပန္ေပါင္းထုပ္ျဖစ္ဖို႔ မ်ားေနပါျပီ။

လူညိဳေခ်ာ@SportsGabar

unicode

ဘာစီလိုနာနဲ့ နေမာတို့ကို ပြန်ပေါင်းထုပ်ခွင့်ပေးတော့မှာလား နွေ

လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းကနေ နေမာ ထွက်ခွာတော့မယ့်သတင်းတွေက တစ်နေ့ထက်တစ်နေ့ ပိုမို ကျယ်လောင်လာနေပါတယ်။ ပြင်သစ်ကလာတဲ့ သတင်းတွေမှာတော့ ကစားသမားရဲ့ဆန္ဒအရ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီဟာ တစ်ခြားအသင်းတွေရဲ့ကမ်းလှမ်းလာမှုကို စောင့်ဆိုင်းနေတယ်လို့ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီဥက္ကဋ္ဌ နယ်ဆာ ကလည်း နေမာကို ရောင်းထုတ်သွားဖို့ အကောင်းဆုံးဖြစ်နိုင်မယ့် အစီအစဉ်ကို တွေးတောကြံစည်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ နယ်ဆာက-

” ကစားသမားတွေဟာ အရင်ကထက်ပိုပြီးတော့တောင်မှ သူတို့ရဲ့တာဝန်ယူမှုတွေ အပြည့်ရှိကြပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ အသင်းရဲ့အစီအစဉ်တွေမှာ အတူတကွ ပူးပေါင်းဖို့နဲ့ အသင်းဝတ်စုံရဲ့ဂုဏ်သိက္ခာအတွက် ဘာမဆိုပေးဆပ်ဖို့ အသင့်ရှိနေတဲ့ ကစားသမားတွေကိုပဲအလိုရှိပါတယ် ”

” တစ်ကယ်လို့ ကစားသမားတစ်ယောက်ဟာ အသင်းအတွက်ပေးဆပ်လိုစိတ်မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ သူနဲ့ စကားပြောဆို ဆွေးနွေးရပါလိမ့်မယ်၊ သေချာတာကတော့ ကစားသမားတွေဟာ စာချုပ်အပေါ်မှာ လေးစားမှုရှိရပါမယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာအသင်းထံပြန်သွားဖို့ တာဆူနေတဲ့ နေမာနဲ့ ပတ်သက်ပြီးတော့လည်း နယ်ဆာက-

” ဘယ်သူကမှ သူ့ကို ဒီမှာလာကစားဖို့ အတင်းဖိအားမပေးခဲ့ပါဘူး၊ ဘယ်သူကမှ သူ့ကို တွန်းမပို့ခဲ့ပါဘူး၊ အသင်းရဲ့အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ သူ့သဘောနဲ့သူ ရောက်လာခဲ့တာပါ ” လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီဥက္ကဋ္ဌကြီးရဲ့ပြောစကားအရ နေမာဟာ ဘာစီလိုနာကနေ သူ့သဘောနဲ့သူထွက်လာခဲ့ပြီး၊ အခုအချိန်မှာလည်း အသင်းဟောင်းဆီ သူ့သဘောနဲ့သူ ပြန်လည်ပြောင်းရွှေ့ချင်နေပုံရပါတယ်။ ပြောခဲ့တဲ့အထဲမှာလည်း အသင်းမှာ မနေချင်ရင် မထားဘူးဆိုတဲ့ အဓိပ္ပါယ်တွေပါနေတာကြောင့် နေမာတစ်ယောက် လာမယ့်နွေမှာ ဘာစီလိုနာအသင်းနဲ့ ပြန်ပေါင်းထုပ်ဖြစ်ဖို့ များနေပါပြီ။

လူညိုချော@SportsGabar