အရိႈက္ကိုလက္သီးနဲ႔ထိုးတာခံလိုက္ရတ့ဲမန္ယူႏိုက္တက္

မန္ယူႏုိ္က္တက္ရဲ႕ညာေနာက္ခံလူ ဗလန္စီယာဟာအသင္းကေနထြက္ခြာသြားျပီျဖစ္သလို လက္ရွိညာေနာက္ခ့ေနရာမွာကစားေနတ့ဲ အက္ရွေလယန္းကလည္း အမွားမ်ားလြန္းတာေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ ဒီေႏြေစ်းကြက္ထဲမွာ ညာေနာက္ခံလူတစ္ဦးကိုေခၚယူဖို႔အသည္းအသန္ၾကိဳးစားေနတာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္ဟာ ခရစၥတယ္ပဲေလ့အသင္းရဲ႕ညာေနာက္ခံလူ ဘစ္ဆာခါကိုေခၚယူဖို႔ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ အဂၤလန္သတင္းစာတစ္ရပ္ရဲ႕အဆိုအရ မန္ယူႏိုက္တက္ဟာ ျပီးခ့ဲတ့ဲ ရက္ပိုင္းက ဘစ္ဆာခါကိုေခၚယူဖို႔ခရစၥတယ္ပဲေလ့အသင္းကို ေပါင္သန္း(၅၀)နဲဲ႔ကမ္းလွမ္းမႈတစ္ခုျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။ ဒါေပမ့ဲ ခရစၥတယ္ပဲေလ့ဟာ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်သြားခ့ဲတယ္လို႔သိရပါတယ္။

ေနာက္တန္းအားနည္းခ်က္ေတြကိုျပင္ဆင္ခ်င္ေနတ့ဲ မန္ယူႏိုက္တက္အတြက္ေတာ့ ခရစၥပဲေလ့ရဲ႕ျငင္းဆိုမႈဟာေခါင္းခဲစရာတစ္ခုျဖစ္လာခ့ဲပါတယ္။ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ မန္ယူနိုက္တက္ရဲ႕ခံစစ္စြမ္းေဆာင္ရည္ဟာ ထိပ္ဆံုးကိုးသင္းထဲမွာ အဆိုးဆံုးျဖစ္ခ့ဲတာပါ။ ပဲေလ့ကေတာ့ သူတို႔ရဲ႕ကစားသမားအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၅၀)နဲ႔အထက္အလိုရွိေနတာျဖစ္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ မန္ယူႏုိက္တက္ကိုလာမယ့္ရာသီမွာတိုးတက္ခ်င္တယ္ဆိုရင္ အရင္ဆံုးျပဳျပင္ရမွာ အသင္းရဲ႕ခံစစ္ကိုပဲျဖစ္ေနပါတယ္။ ဆိုးလ္ရွားအတြက္ေတာ့ မန္ယူႏိုက္တက္ရဲ႕ခံစစ္ကိုျပဳျပင္ဖို႔က အဓိကျပႆနာျဖစ္ေနျပီး၊ လာမယ့္ရာသီမတိုင္မီ ေျခစြမ္းပိုင္းေကာင္းမြန္တ့ဲ ေနာက္တန္းကစားသမားေတြကိုေခၚယူမႈမျပဳလုပ္ႏိုင္ဘူးဆိုရင္ ေနာက္ရာသီမွာလည္း မန္ယူႏိုက္တက္ဟာ အေျခအေနမေကာင္းႏိုင္ေသးပါဘူး။

ဆိုးလ္ရွားတစ္ေယာက္ ဘစ္ဆာခါကိုပဲပဲေလ့ဘက္ကလိုခ်င္ေနတ့ဲေစ်းေပးျပီးေခၚယူသြားမလား၊ ဒါမွမဟုတ္ အျခားညာေနာက္ခံလူတစ္ေယာက္ကိုပဲ ပစ္မွတ္ထားျပီးေခးဖို႔ျပင္ဆင္သြားမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အရှိုက်ကိုလက်သီးနဲ့ထိုးတာခံလိုက်ရတဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်ရဲ့ညာနောက်ခံလူ ဗလန်စီယာဟာအသင်းကနေထွက်ခွာသွားပြီဖြစ်သလို လက်ရှိညာနောက်ခ့နေရာမှာကစားနေတဲ့ အက်ရှလေယန်းကလည်း အမှားများလွန်းတာကြောင့် မန်ယူနိုက်တက်အနေနဲ့ ဒီနွေဈေးကွက်ထဲမှာ ညာနောက်ခံလူတစ်ဦးကိုခေါ်ယူဖို့အသည်းအသန်ကြိုးစားနေတာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့အသင်းရဲ့ညာနောက်ခံလူ ဘစ်ဆာခါကိုခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပါတယ်။ အင်္ဂလန်သတင်းစာတစ်ရပ်ရဲ့အဆိုအရ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘစ်ဆာခါကိုခေါ်ယူဖို့ခရစ္စတယ်ပဲလေ့အသင်းကို ပေါင်သန်း(၅၀)နဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့ဟာ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုပယ်ချသွားခဲ့တယ်လို့သိရပါတယ်။

နောက်တန်းအားနည်းချက်တွေကိုပြင်ဆင်ချင်နေတဲ့ မန်ယူနိုက်တက်အတွက်တော့ ခရစ္စပဲလေ့ရဲ့ငြင်းဆိုမှုဟာခေါင်းခဲစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူနိုက်တက်ရဲ့ခံစစ်စွမ်းဆောင်ရည်ဟာ ထိပ်ဆုံးကိုးသင်းထဲမှာ အဆိုးဆုံးဖြစ်ခဲ့တာပါ။ ပဲလေ့ကတော့ သူတို့ရဲ့ကစားသမားအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၅၀)နဲ့အထက်အလိုရှိနေတာဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ မန်ယူနိုက်တက်ကိုလာမယ့်ရာသီမှာတိုးတက်ချင်တယ်ဆိုရင် အရင်ဆုံးပြုပြင်ရမှာ အသင်းရဲ့ခံစစ်ကိုပဲဖြစ်နေပါတယ်။ ဆိုးလ်ရှားအတွက်တော့ မန်ယူနိုက်တက်ရဲ့ခံစစ်ကိုပြုပြင်ဖို့က အဓိကပြဿနာဖြစ်နေပြီး၊ လာမယ့်ရာသီမတိုင်မီ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ နောက်တန်းကစားသမားတွေကိုခေါ်ယူမှုမပြုလုပ်နိုင်ဘူးဆိုရင် နောက်ရာသီမှာလည်း မန်ယူနိုက်တက်ဟာ အခြေအနေမကောင်းနိုင်သေးပါဘူး။

ဆိုးလ်ရှားတစ်ယောက် ဘစ်ဆာခါကိုပဲပဲလေ့ဘက်ကလိုချင်နေတဲ့ဈေးပေးပြီးခေါ်ယူသွားမလား၊ ဒါမှမဟုတ် အခြားညာနောက်ခံလူတစ်ယောက်ကိုပဲ ပစ်မှတ်ထားပြီးခေးဖို့ပြင်ဆင်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar