လူကာကူအတြက္ မန္ယူႏိုက္တက္နဲ႔အင္တာမီလန္တို႔ သေဘာတူညီမႈရရွိ

စီးရီးေအကလပ္ အင္တာမီလန္အသင္းနဲ႔ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူႏိုက္တက္အသင္းတို႔ကေတာ့ လူကာကူအတြက္ ယူရိုသန္း (၇၀)နဲ႔ သေဘာတူညီမႈရရွိခဲ့ၾကျပီလို႔သိရပါတယ္။

ျပီးခဲ့တဲ့လက အင္တာနဲ႔ လူကာကူတို႔ ပုဂၢိဳလ္​ေရးသေဘာတူညီမႈ ရရွိခဲ့အျပီးမၾကာခင္မွာပဲ အင္တာမီလန္ဟာ ယူႏိုက္တက္သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ယူရို သန္း(၇၀)ကို သေဘာတူလက္ခံလိုက္တာျဖစ္ပါတယ္။ ဒါေပမဲ့ အင္တာမီလန္အေနနဲ႔ အဲဒီ့ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးကို ေခၚယူႏိုင္ဖို႔ အတြက္ အခ်ိန္ကိုေတာ့ ဆိုင္းငံ့ထားရဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

ဘာေၾကာင့္လဲဆိုရင္ အင္တာမီလန္ဟာ တိုက္စစ္မွဴးအိုင္ကာဒီ၊ မီလန္ရွခရင္နီယာတို႔နဲ႔အလိုက္ေပးကာ ကမ္းလွမ္းမႈတစ္ခုျပဳလုပ္ခဲ့ေသးေပမဲ့ ယူႏို္တက္ကလက္မခံခဲ့လို႔ လူကာကူအတြက္ ေပးေခ်ရမယ့္ ေျပာင္းေရႊ႕ေၾကး သန္း(၇၀)ရႏိုင္ဖို႔အတြက္ အသင္းမွာရွိတဲ့ ကစားသမားေတြကို ေရာင္းထုတ္ျပီး ပိုက္ဆံျပန္ရွာရမွာ ျဖစ္တာေၾကာင့္ပါ။

အင္တာမီလန္နည္းျပသစ္ျဖစ္လာျပီးေနာက္ပိုင္း အန္တိုနီယို ကြန္တီဟာ အသင္းကို အားအင္ျဖည့္တင္းမႈေတြျပဳလုပ္ဖို႔ ျပင္ဆင္ေနရာမွာ ယူႏိုက္တက္တိုက္စစ္မွဴး လူကာကူက ဦးစားေပး ပစ္မွတ္တစ္ခုျဖစ္လာျပီး၊ အင္တာမီလန္အသင္း ယခုႏွစ္ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ရရွိထားျခင္းက ကစားသမားကို ဆြဲေဆာင္ဖို႔ တစ္ခုတည္းေသာအခ်က္ျဖစ္လာႏိုင္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လူကာကူအတွက် မန်ယူနိုက်တက်နဲ့အင်တာမီလန်တို့ သဘောတူညီမှုရရှိ

စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနိုက်တက်အသင်းတို့ကတော့ လူကာကူအတွက် ယူရိုသန်း (၇၀)နဲ့ သဘောတူညီမှုရရှိခဲ့ကြပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့လက အင်တာနဲ့ လူကာကူတို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့အပြီးမကြာခင်မှာပဲ အင်တာမီလန်ဟာ ယူနိုက်တက်သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀)ကို သဘောတူလက်ခံလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာမီလန်အနေနဲ့ အဲဒီ့ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ အတွက် အချိန်ကိုတော့ ဆိုင်းငံ့ထားရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် အင်တာမီလန်ဟာ တိုက်စစ်မှူးအိုင်ကာဒီ၊ မီလန်ရှခရင်နီယာတို့နဲ့အလိုက်ပေးကာ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့သေးပေမဲ့ ယူနိုတက်ကလက်မခံခဲ့လို့ လူကာကူအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေး သန်း(၇၀)ရနိုင်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ပိုက်ဆံပြန်ရှာရမှာ ဖြစ်တာကြောင့်ပါ။

အင်တာမီလန်နည်းပြသစ်ဖြစ်လာပြီးနောက်ပိုင်း အန်တိုနီယို ကွန်တီဟာ အသင်းကို အားအင်ဖြည့်တင်းမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေရာမှာ ယူနိုက်တက်တိုက်စစ်မှူး လူကာကူက ဦးစားပေး ပစ်မှတ်တစ်ခုဖြစ်လာပြီး၊ အင်တာမီလန်အသင်း ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားခြင်းက ကစားသမားကို ဆွဲဆောင်ဖို့ တစ်ခုတည်းသောအချက်ဖြစ်လာနိုင်ပါတယ်။

လူညိုချော@SportsGabar