လူကာကူကိုမန္ယူႏိုက္တက္ကထြက္ခြာဖို႔တို္က္တြန္းခ့ဲတ့ဲဘယ္လ္ဂ်ီယံနည္းျပမာတီနက္

ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဟာ ပရီးမီးယားလိဂ္ရာသီသစ္မစတင္မီ လူကာကူကို မန္ယူႏိုက္တက္ကေန ထြက္ခြာဖို႔ တိုက္တြန္းသြားခ့ဲတယ္လို႔သိရပါတယ္။ ပရီးမီးယားလိဂ္ဒုတိယရာသိ၀က္ေနာက္ပိုင္း အသင္းေဖာ္တိုက္စစ္မွဴးေနရာရလာျခင္းနဲ႔အတူ ဆိုးလ္ရွားလက္ေအာက္မွာသူ႔ရဲ႕ပံုစံေကာင္းေပ်ာက္ဆံုးေနခ့ဲတာပဲျဖစ္ပါတယ္။

လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ လူကာကူဟာ အီတလီေျမကိုအေျခခ်ဖို႔စိတ္ကူးေနျပီး၊ သူ႔ကိုေခၚယူဖို႔ အီတလီစီးရီးေအကလပ္ အင္တာမီလန္က စိတ္၀င္စားေနတာပဲျဖစ္ပါတယ္။ သတင္းေတြအရေတာ့ လူကာကူဟာ အေျပာင္းအေရႊ႕ေနာက္ဆံုးအပတ္မွာ မန္ယူႏိုက္တက္ကေနထြက္ခြာဖို႔ ရွိေနတယ္လို႔သိရပါတယ္။

အသက္(၂၆)ႏွစ္အရြယ္ မန္ယူႏိုက္တက္တိုက္စစ္မွဴး လူကာကူဟာ ျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာ အသင္းအတြက္ျပိဳင္ပြဲစံု(၄၅)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၁၅)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲပါတယ္။ ဘယ္လ္ဂ်ီယံအသင္းရဲ႕နည္းျပ မာတီနက္စ္က လူကာကူကို အသင္းသစ္ရွာဖို႔ ဖိအားေပးေျပာဆိုခ့ဲတ့ဲလို႔သိရပါတယ္။

မာတီနက္စ္က ” သူ(လူကာကူ)မန္ယူႏိုက္တက္ကေနထြက္ခြာေတာ့မယ္ဆိုတာက ရွင္းရွင္းေလးပါပဲ၊ ဒါက အားလံုးအတြက္အက်ိဳးရွိပါလိမ့္မယ္၊ အခုခ်ိန္က လူကာကူအတြက္ မွန္ကန္တ့ဲအသင္းတစ္သင္းကို ရွာေဖြႏိုင္ဖို႔က အေရးၾကီးဆံုးပါပဲ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။ လူကာကူဟာ ဘယ္လ္ဂ်ီလက္ေရြးစင္းအသင္းရဲ႕ဂိုးသြင္းအမ်ားဆံုးကစားသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ျပီးခ့ဲတ့ဲ(၂၀၁၇)ခုႏွစ္တုန္းက အဲဗာတန္အသင္းကေနေျပာင္းေရႊ႕ေၾကးေပါင္သန္း(၈၀)နဲ႔မန္ယူႏိုက္တက္အသင္းဆီသို႔ေျပာင္းေရႊ႕ခ့ဲတာပဲျဖစ္ပါတယ္။

လူကာကူဟာ မန္ယူႏိုက္တက္နဲပပထမဆံုးရာသီမွာစတင္မႈေကာင္းမြန္ခ့ဲေမ့ဲ ဒုတိယရာသီမွာေတာ့ ရုန္းကန္ေနခ့ဲရတာပဲျဖစ္ပါတယ္။ လူကာကူကို ေခၚယူဖို႔ အင္တာမီလန္အသင္းကလည္းစိတ္၀င္စားေနတာျဖစ္ျပီး၊ တကယ္ပဲေျပာင္းေရႊ႕ေတာ့မွာလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူကိုမန်ယူနိုက်တက်ကထွက်ခွာဖို့တိုက်တွန်းခဲ့တဲ့ဘယ်လ်ဂျီယံနည်းပြမာတီနက်

ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ လူကာကူကို မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ တိုက်တွန်းသွားခဲ့တယ်လို့သိရပါတယ်။ ပရီးမီးယားလိဂ်ဒုတိယရာသိဝက်နောက်ပိုင်း အသင်းဖော်တိုက်စစ်မှူးနေရာရလာခြင်းနဲ့အတူ ဆိုးလ်ရှားလက်အောက်မှာသူ့ရဲ့ပုံစံကောင်းပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ လူကာကူဟာ အီတလီမြေကိုအခြေချဖို့စိတ်ကူးနေပြီး၊ သူ့ကိုခေါ်ယူဖို့ အီတလီစီးရီးအေကလပ် အင်တာမီလန်က စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ သတင်းတွေအရတော့ လူကာကူဟာ အပြောင်းအရွှေ့နောက်ဆုံးအပတ်မှာ မန်ယူနိုက်တက်ကနေထွက်ခွာဖို့ ရှိနေတယ်လို့သိရပါတယ်။

အသက်(၂၆)နှစ်အရွယ် မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာ အသင်းအတွက်ပြိုင်ပွဲစုံ(၄၅)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၁၅)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းရဲ့နည်းပြ မာတီနက်စ်က လူကာကူကို အသင်းသစ်ရှာဖို့ ဖိအားပေးပြောဆိုခဲ့တဲ့လို့သိရပါတယ်။

မာတီနက်စ်က ” သူ(လူကာကူ)မန်ယူနိုက်တက်ကနေထွက်ခွာတော့မယ်ဆိုတာက ရှင်းရှင်းလေးပါပဲ၊ ဒါက အားလုံးအတွက်အကျိုးရှိပါလိမ့်မယ်၊ အခုချိန်က လူကာကူအတွက် မှန်ကန်တဲ့အသင်းတစ်သင်းကို ရှာဖွေနိုင်ဖို့က အရေးကြီးဆုံးပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ဘယ်လ်ဂျီလက်ရွေးစင်းအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်တုန်းက အဲဗာတန်အသင်းကနေပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)နဲ့မန်ယူနိုက်တက်အသင်းဆီသို့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။

လူကာကူဟာ မန်ယူနိုက်တက်နဲပပထမဆုံးရာသီမှာစတင်မှုကောင်းမွန်ခဲ့မေဲ့ ဒုတိယရာသီမှာတော့ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။ လူကာကူကို ခေါ်ယူဖို့ အင်တာမီလန်အသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပြီး၊ တကယ်ပဲပြောင်းရွှေ့တော့မှာလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar