ဂိုးဒင္းဘြိဳင္းဆုအတြက္ ဆန္ခါတင္စာရင္းထြက္ေပၚ

ဂိုးဒင္းဘြိဳင္းဆု ဆိုတာကေတာ့ ဥေရာပတစ္လႊားက လိဂ္အသီးသီးမွာ ကစားေနၾကတဲ့ လူငယ္ကစားသမားေတြထဲကမွ တစ္ႏွစ္တာအတြင္း အေကာင္းဆံုးနဲ႔အလားအလာအရွိဆံုးလူငယ္ကစားသမားကို ေရြးခ်ယ္ေပးအပ္တဲ့ ဆုတစ္ဆုပဲျဖစ္ပါတယ္။

ဒီဆုကို တစ္ခ်ိန္မွာကမာၻေက်ာ္ကစားသမားေတြျဖစ္လာမယ့္ မက္ဆီ (၂၀၀၅)၊ အဂူရို (၂၀၀၇)၊ ေပါ့ဘာ (၂၀၁၃)၊ စတာလင္ (၂၀၁၄)၊ ကိုင္လီယံဘာေပ (၂၀၁၇) တို႔လည္း ရရွိခဲ့ဖူးျပီး၊ ျပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္အတြက္ဆုကိုေတာ့ ဒီလစ္ ကပူပူေႏြးေႏြးရယူထားႏိုင္ပါတယ္။ အဆိုပါေအဂ်က္ေနာက္ခံလူအေနနဲ႔ ယခုႏွစ္အတြက္ ဂိုးဒင္းဘြိဳင္းဆု ဆန္ခါတင္စာရင္းမွာလည္း အသင္းေဖာ္ ဒီေဂ်ာင္နဲ႔အတူတူ ထပ္မံပါ၀င္လာခဲ့ပါတယ္။

ေနာက္ထပ္ဥေရာပအသင္းၾကီးေတြမွာ ေျခစြမ္းျပကစားလ်က္ရွိတဲ့ မန္ခ်က္စတာယူႏိုက္တက္လူငယ္ကစားသမား ဒါေလာ့၊ ေအစီမီလန္ရဲ႕ဒြန္နာရြန္မာ၊ ေလဗာကူဆင္က ဟာဗက္ဇ္၊ ဂ်ဴဗင္တပ္အသင္းမွ မိြဳက္ကီရန္၊ ဗလင္စီယာမွ ကန္အင္လီ၊ အက္သလက္တီကိုအသင္းမွ ပီရက္ဇ္၊ ရိုးမားအသင္းမွဇာနည္ရိုလို၊ တို႔ ပါ၀င္လာခဲ့ပါတယ္။

ရီးရဲလ္ေတာင္ပံကစားသမားေလး ဗင္နီရွပ္၊ ဘင္ဖီကာၾကယ္ပြင့္ ဂ်ာအိုဖိလစ္၊ ေဒါ့မြန္ေတာင္ပံကစားသမားေလး ဆန္ခ်ိဳ နဲ႔ ရီးရဲလ္ကစားသမားသစ္ ရိုဒရီဂိုတို႔ကေတာ့ ဒီဆုကို ရရွိဖို႔ ေရပန္းစားေနျပီး၊ ေအဂ်က္ေနာက္ခံလူ ဒီလစ္ကေတာ့ ဒီဆုကို (၂)ႏွစ္ဆက္ဆြတ္ခူးသြားဖို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

ဆုေရြးခ်ယ္ရာမွာေတာ့ ဥေရာပတစ္လႊားမွာရွိၾကတဲ့ အားကစားဂ်ာနယ္လစ္ အေယာက္(၄၀)က မဲေပးေရြးခ်ယ္ၾကမွာျဖစ္ျပီး၊ ေနာက္ဆံုးဆန္ခါတင္ အေယာက္ (၂၀)စာရင္းကိုေတာ့ ေအာက္တိုဘာ (၁၅)ရက္ေန႔မွာ ေၾကျငာသြားမယ္လို႔သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဂိုးဒင်းဘွိုင်းဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်

ဂိုးဒင်းဘွိုင်းဆု ဆိုတာကတော့ ဥရောပတစ်လွှားက လိဂ်အသီးသီးမှာ ကစားနေကြတဲ့ လူငယ်ကစားသမားတွေထဲကမှ တစ်နှစ်တာအတွင်း အကောင်းဆုံးနဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားကို ရွေးချယ်ပေးအပ်တဲ့ ဆုတစ်ဆုပဲဖြစ်ပါတယ်။

ဒီဆုကို တစ်ချိန်မှာကမ္ဘာကျော်ကစားသမားတွေဖြစ်လာမယ့် မက်ဆီ (၂၀၀၅)၊ အဂူရို (၂၀၀၇)၊ ပေါ့ဘာ (၂၀၁၃)၊ စတာလင် (၂၀၁၄)၊ ကိုင်လီယံဘာပေ (၂၀၁၇) တို့လည်း ရရှိခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွက်ဆုကိုတော့ ဒီလစ် ကပူပူနွေးနွေးရယူထားနိုင်ပါတယ်။ အဆိုပါအေဂျက်နောက်ခံလူအနေနဲ့ ယခုနှစ်အတွက် ဂိုးဒင်းဘွိုင်းဆု ဆန်ခါတင်စာရင်းမှာလည်း အသင်းဖော် ဒီဂျောင်နဲ့အတူတူ ထပ်မံပါဝင်လာခဲ့ပါတယ်။

နောက်ထပ်ဥရောပအသင်းကြီးတွေမှာ ခြေစွမ်းပြကစားလျက်ရှိတဲ့ မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဒါလော့၊ အေစီမီလန်ရဲ့ဒွန်နာရွန်မာ၊ လေဗာကူဆင်က ဟာဗက်ဇ်၊ ဂျူဗင်တပ်အသင်းမှ မွိုက်ကီရန်၊ ဗလင်စီယာမှ ကန်အင်လီ၊ အက်သလက်တီကိုအသင်းမှ ပီရက်ဇ်၊ ရိုးမားအသင်းမှဇာနည်ရိုလို၊ တို့ ပါဝင်လာခဲ့ပါတယ်။

ရီးရဲလ်တောင်ပံကစားသမားလေး ဗင်နီရှပ်၊ ဘင်ဖီကာကြယ်ပွင့် ဂျာအိုဖိလစ်၊ ဒေါ့မွန်တောင်ပံကစားသမားလေး ဆန်ချို နဲ့ ရီးရဲလ်ကစားသမားသစ် ရိုဒရီဂိုတို့ကတော့ ဒီဆုကို ရရှိဖို့ ရေပန်းစားနေပြီး၊ အေဂျက်နောက်ခံလူ ဒီလစ်ကတော့ ဒီဆုကို (၂)နှစ်ဆက်ဆွတ်ခူးသွားဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဆုရွေးချယ်ရာမှာတော့ ဥရောပတစ်လွှားမှာရှိကြတဲ့ အားကစားဂျာနယ်လစ် အယောက်(၄၀)က မဲပေးရွေးချယ်ကြမှာဖြစ်ပြီး၊ နောက်ဆုံးဆန်ခါတင် အယောက် (၂၀)စာရင်းကိုတော့ အောက်တိုဘာ (၁၅)ရက်နေ့မှာ ကြေငြာသွားမယ်လို့သိရပါတယ်။

လူညိုချော@SportsGabar