မန္ယူႏိုက္တက္ကေနထြက္ခြာခ်င္တယ္လို႔ ဒဲ့ေျပာလိုက္တဲ့ ေပါ့ဘာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္ကစားသမား ေပါ့ဘာကေတာ့ လာမယ့္ေႏြအေျပာင္းအေရႊ႕အတြင္း မန္ယူႏိုက္တက္အသင္းကေနထြက္ခြာျပီး တစ္ျခားအသင္းတစ္သင္းမွာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္ေၾကာင္း ဒဲ့ေျပာလိုက္ပါတယ္။

ျပီးခဲ့တဲ့ လပိုင္းတုန္းက အင္တာဗ်ဴးတစ္ခုမွာလည္း ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္အတြက္ ကစားခြင့္ရေရးက သူ႔အိပ္မက္ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ျပီး ယူႏိုက္တက္ကို စြန္႔ခြာခ်င္ေၾကာင္း သြယ္၀ိုက္ ေျပာၾကားခဲ့ဖူးေပမဲ့ ဒီတစ္ၾကိမ္မွာေတာ့ သူ႕ဆႏၵကို မဖုန္းႏိုင္မဖိႏိုင္ဘဲ ဒဲ့ေျပာခ်လိုက္တာျဖစ္ပါတယ္။

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္က ေပါ့ဘာကို ခ်ိတ္ဆက္ေနတာၾကာျပီျဖစ္တဲ့အျပင္ ကစားသမားကိုယ္တိုင္ကလည္း လာမယ့္ေႏြဟာ အိုးထရက္ဖို႔ကို ေျပာင္းေရႊ႕ဖို႔ အေကာင္းဆံုးအခ်ိန္လို႔ ယူဆေနပါတယ္။ လက္ရွိအခ်ိန္မွာ ပရိုမိုးရွင္းခရီးစဥ္အျဖစ္ ဂ်ပန္ႏိုင္ငံ တိုက်ိဳျမိဳ႕ကိုေရာက္ရွိေနတဲ့ ေပါ့ဘာက သတင္းေထာက္ေတြကို-

” ကြ်န္ေတာ္အမ်ားၾကီး စဥ္းစားခဲ့ပါတယ္၊ မန္ယူႏိုက္တက္မွာ ျဖတ္သန္းခဲ့တဲ့ (၃)ႏွစ္တာကာလအတြင္း ေကာင္းမြန္တဲ့ အခိုက္အတန္႔ေတြရွိခဲ့သလို၊ ဆိုးရြားတဲ့ အခ်ိန္ေတြလည္း ၾကံဳခဲ့ရပါတယ္၊ အဲတာေတြျပီးတဲ့ေနာက္မွာေတာ့ ကြ်န္ေတာ့္အတြက္ ဒီအခ်ိန္ဟာ ေနရာသစ္မွာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ အေကာင္းဆံုးအခ်ိန္ပါပဲ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

ေပါ့ဘာရဲ႕ေျပာၾကားခ်က္အရ သူ႔အေနနဲ႔ ယခုအေျပာင္းအေရႊ႕ကာလမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းဖို႔ရည္ရြယ္ထားပံုရျပီး၊ ဟာဇက္၊ လုကာဂ်ိဳဗစ္၊ ဖာလန္မန္ဒီ၊ ရိုဒရီဂို နဲ႔ မီလီတာအို တို႔ကိုေခၚယူထားျပီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ထံကို ေပါ့ဘာပါ ထပ္မံေရာက္ရွိလာဖို႔ အခြင့္အလမ္းမ်ားေနပါျပီ။

လူညိဳေခ်ာ@SportsGabar

unicode

မန်ယူနိုက်တက်ကနေထွက်ခွာချင်တယ်လို့ ဒဲ့ပြောလိုက်တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဘာကတော့ လာမယ့်နွေအပြောင်းအရွှေ့အတွင်း မန်ယူနိုက်တက်အသင်းကနေထွက်ခွာပြီး တစ်ခြားအသင်းတစ်သင်းမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်ကြောင်း ဒဲ့ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်းက အင်တာဗျူးတစ်ခုမှာလည်း ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်အတွက် ကစားခွင့်ရရေးက သူ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး ယူနိုက်တက်ကို စွန့်ခွာချင်ကြောင်း သွယ်ဝိုက် ပြောကြားခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ဆန္ဒကို မဖုန်းနိုင်မဖိနိုင်ဘဲ ဒဲ့ပြောချလိုက်တာဖြစ်ပါတယ်။

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ပေါ့ဘာကို ချိတ်ဆက်နေတာကြာပြီဖြစ်တဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း လာမယ့်နွေဟာ အိုးထရက်ဖို့ကို ပြောင်းရွှေ့ဖို့ အကောင်းဆုံးအချိန်လို့ ယူဆနေပါတယ်။ လက်ရှိအချိန်မှာ ပရိုမိုးရှင်းခရီးစဉ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိနေတဲ့ ပေါ့ဘာက သတင်းထောက်တွေကို-

” ကျွန်တော်အများကြီး စဉ်းစားခဲ့ပါတယ်၊ မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့တဲ့ (၃)နှစ်တာကာလအတွင်း ကောင်းမွန်တဲ့ အခိုက်အတန့်တွေရှိခဲ့သလို၊ ဆိုးရွားတဲ့ အချိန်တွေလည်း ကြုံခဲ့ရပါတယ်၊ အဲတာတွေပြီးတဲ့နောက်မှာတော့ ကျွန်တော့်အတွက် ဒီအချိန်ဟာ နေရာသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန်ပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာရဲ့ပြောကြားချက်အရ သူ့အနေနဲ့ ယခုအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းဖို့ရည်ရွယ်ထားပုံရပြီး၊ ဟာဇက်၊ လုကာဂျိုဗစ်၊ ဖာလန်မန်ဒီ၊ ရိုဒရီဂို နဲ့ မီလီတာအို တို့ကိုခေါ်ယူထားပြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ထံကို ပေါ့ဘာပါ ထပ်မံရောက်ရှိလာဖို့ အခွင့်အလမ်းများနေပါပြီ။

လူညိုချော@SportsGabar