(၂) နေမာ(ပီအက်စ်ဂျီ)
unicode
ဘောလုံးလောကရဲ့ရုပ်အဖြောင့်ဆုံးကစားသမား(၃)ဦး
ဘောလုံးအားကစားဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအသားပေးပြီးကစားရတဲ့ကစားတစ်ခုဖြစ်တာနဲ့အညီ ကစားသမားအများစုဟာလည်း သူတို့ရဲ့လေ့ကျင့်ရည်ပြည့်ဝနေတဲ့ ပုံစံတွေကြောင့် ဘောလုံးသမားအများစုရဲ့ရုပ်ရည်သွင်ပြင်ဟာ ကြမ်းတမ်းတဲ့အသွင်ဆောင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကစားသမားတွေထဲကမှ ကွင်းအတွင်းခြေစွမ်းပိုင်ကောင်းမွန်ရ့ုတင်မကပဲ ရုပ်ရည်ကပါ နှုတ်ခမ်းနီမလေးတွေကြွေချင်စရာကောင်းလောက်အောင် ခန့်ညာချောမောလွန်းတဲ့ ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။
(၃) ဂရစ်မန်း(အက်သလက်တီကို)
အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူးဂရစ်မန်းဟာ ခြေစွမ်းပိုင်းကောင်းမွန်ရုံသာမက သူ့ရဲ့ရူပါကလည်း တကယ့်ကိုအမိုက်စားပါ။ အရပ်(၅)ပေနဲ့(၁၀)လက်မသာရှိတာကြောင့် ဥရောပမှာတော့ အရပ်မြင့်တယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ရူပါကတော့ တကယ်ကိုယောင်္ကျားပီသတဲ့မျက်နှာပေါက်မျိုးပါ။ ခြေစွမ်းကလည်းကောင်းလေတော့ ဂရစ်မန်းဟာ ပျိုမေတွေ သဲသဲလှုပ်တဲ့ ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။
(၂) နေမာ(ပီအက်စ်ဂျီ)
ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာဟာလည်း တကယ့်ကိုရြုပ်ဖြောင့်လွန်းတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ သူ့ရဲ့ချောမောတဲ့ရုပ်ရည်ရယ်၊ ဘောလုံးကိုအနုပညာဆန်ဆန် အယိမ်းအနွဲ့တွေနဲ့ကစားဟန်တွေရယ်၊ ဂိုးသွင်းယူပြီးတိုင်း အထာကျကျအောင်ပွဲခံတဲ့ပုံစံတွေကြောင့် နေမာဟာ နှုတ်ခမ်းနီမလေးတွေရဲ့အသဲဘောလုံးသမားတစ်ယောက်ပဲဖြစ်နေတာပဲဖြစ်ပါတယ်။
(၁) စီရော်နယ်ဒို(ဂျုဗင်တပ်)
စီရော်နယ်ဒိုကတော့ သူ့ရဲ့ခြေစွမ်းပိုင်းကြောင့်သာမက သူ့ရဲ့ ရုပ်၇ည်ကြောင့်လည်း အပြင်လောကမှာပါကျော်ကြားတဲ့သူတစ်ယောက်ပါ။ ယောင်္ကျားပီသတဲ့ မျက်နှာသွင်ပြင်ကြောင့် ဘောလုံးအကြောင်းကိုဘာမှမသိတဲ့ မိန်းကလေးတွေကတောင် စီရော်နယ်ဒိုကို သိကြပါတယ်။ ပါးသိုင်းမွှေး၊မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးမထားတဲ့အပြင်၊ အခြားဘောလုံးသမားတွေလို တက်တူးတွေလည်းမရှိတာကြောင့် စီရာ်နယ်ဒိုကို ပျိုမေတွေအများစုက ပိုပြီးအကြိုက်ပိုနေကြတာပဲဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar