ယူရိုပါျဂိဳဟ္ေပၚကအ၀ါေရာင္ဆားပြင့္ေတြဟာသက္ရွိေတြရဲ႕အေထာက္အထားမ်ားျဖစ္ေနမလား?

ကြ်န္ေတာ္တို႔ဟာ ေနအဖြဲ႕အစည္းအတြင္းမွာရွိတဲ့ ကမာၻျဂိဳဟ္နဲ႔တူတဲ့ အျခားျဂိဳဟ္ေတြအေၾကာင္းကို စဥ္းစားၾကတဲ့အခါ ဂ်ဴပီတာျဂိဳဟ္ရဲ႕အရန္ျဂိဳဟ္တစ္လံုးျဖစ္တဲ့ ယူရိုပါျဂိဳဟ္ကိုေတာ့ ထည့္သြင္းစဥ္းစားေလ့မရွိပါဘူး။ ဘာလို႔လဲဆိုရင္ ယူရိုပါျဂိဳဟ္ရဲ႕မ်က္ႏွာျပင္ဟာ ေအးခဲမာေက်ာေနျပီး၊ အလြန္တရာၾကီးမားတဲ့ ေရခဲထုေတြနဲ႔ဖံုးအုပ္ထားတဲ့အျပင္ ကြ်န္ေတာ္တို႔ ပတ္၀န္းက်င္မွာ ျမင္ဖူး ေတြ႕ဖူးေနက် အရာမွန္သမွ်ကို အဲဒီ့ျဂိဳဟ္ေပၚမွာေတြ႕ရမွာမဟုတ္လို႔ပါ။

ဒါေပမဲ့ ကြ်န္ေတာ္တို႔ ကမာၻျဂိဳဟ္နဲ႔ ဆင္တူတဲ့အရာမ်ားစြာဟာ ကြ်န္ေတာ္တို႔မျမင္ရတဲ့ ယူရိုပါရဲ႕ေရခဲခ်ပ္ေတြေအာက္မွာ ပုန္းကြယ္ေကာင္း၊ ပုန္းကြယ္ေနႏိုင္ပါတယ္။ သုေတသနပညာရွင္ေတြကေတာ့ ကမာၻေပၚမွာလိုပဲ ယူရိုပါရဲ႕ေရခဲခ်ပ္ေတြေအာက္မွာလည္း ေရအျပည့္နဲ႔ သမုဒၵရာေတြရွိမယ္လို႔ခန္႔မွန္းထားၾကပါတယ္။ ဒါေပမဲ့ အဲဒီ့ေရေတြရဲ႕ဓါတုဖြဲ႔စည္းပံုကိုေတာ့ လံုလံုေလာက္ေလာက္ မသိရွိၾကေသးပါဘူး။

အခုေနာက္ဆံုးေလ့လာေတြ႕ရွိမႈအသစ္အရ ကမာၻေပၚကသမုဒၵရာေတြမွာ ဆားဓါတ္ပါ၀င္ေနသလိုမ်ိဳးပဲ ယူရိုပါရဲ႕သမုဒၵရာေတြထဲမွာလည္း ဆားေတြေပ်ာ္၀င္ေနတယ္ဆိုတာ ေထာက္လွမ္းမိခဲ့ပါတယ္။ ကယ္လီဖိုးနီးယားနည္းပညာတကၠသိုလ္နဲ႔ ေဂ်ပီအယ္လ္ မွာရွိတဲ့ ေလေၾကာင္းသိပၸံပညာရွင္ေတြဟာ visible light spectral analysis နည္းကို အသံုးျပဳျပီးေတာ့ ယူရိုပါရဲ႕မ်က္ႏွာျပင္ အႏွံ႔အျပားမွာ ေတြ႔ရတဲ့ အ၀ါေရာင္ အစအနေလးေတြကို ေလ့လာခဲ့ၾကပါတယ္။

ရလဒ္ကေတာ့ အံ့အားသင့္စရာေကာင္းခဲ့ျပီး ဒီအ၀ါေရာင္ အစအနေလးေတြဟာ ကြ်န္ေတာ္တို႔ရဲ႕ ကမာၻေပၚမွာသာရွိျပီး အိမ္သံုးဆားလို႔အမ်ားသိထားၾကတဲ့ ဆိုဒီယံကလိုရိုက္ေတြျဖစ္ေနလို႔ပါ။ ဒါဟာ ယူရိုပါျဂိဳဟ္ေပၚက သမုဒၵရာေတြနဲ႔ ကမာၻ႔သမုဒၵရာေတြ လံုး၀တူညီမႈရွိေနတယ္ဆိုတဲ့ အခိုင္မာဆံုးအေထာက္အထားတစ္ခုျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ပညာရွင္ေတြဟာ ကမာၻေပၚမွာရွိတဲ့ ဆားပြင့္ေတြကိုလည္း ယူရိုပါေပၚမွာျဖစ္ေနတဲ့အေျခအေနအတိုင္း ဓါတ္ခြဲခန္းထဲမွာ ေရာင္ျခည္ေပးျပီး စမ္းသပ္ၾကည့္ခဲ့ပါတယ္။ အဲဒီ့အခါမွာ ဆားပြင့္ေတြမွာ ပံုမွန္မဟုတ္တဲ့ေျပာင္းလဲမႈျဖစ္စဥ္ေတြ ျဖစ္ေပၚလာခဲ့ျပီး၊ ယူရိုပါျဂိဳဟ္ေပၚမွာ ေတြ႔ရတဲ့ ဆားပြင့္ေတြရဲ႕အေရာင္အတိုင္း အတိအက် ေျပာင္းလဲသြားခဲ့တာကို ျမင္ေတြ႔ခဲ့ရပါတယ္။

ဒီရွာေဖြေတြ႕ရွိမႈရဲ႕အက်ိဳးဆက္ေတြကေ ေပါ့ေသးေသးေတာ့ မဟုတ္လွပါဘူး။ သက္ရွိျဖစ္ေပၚလာဖို႔အတြက္ လိုအပ္တဲ့အရာေတြအျဖစ္ ေရ၊ စြမ္းအင္နဲ႔ သင့္ေတာ္တဲ့ ဓါတုဓါတ္ျပဳမႈ စတဲ့ အေျခအေန (၃)ရပ္လိုအပ္သလို ဆားမွာပါ၀င္တဲ့ ဆိုဒီယံအိုင္းယြန္းေတြဟာလည္း သက္ရွိသတၱ၀ါေတြနဲ႔ အပင္ေတြရဲ႕ metabolic ျဖစ္စဥ္တစ္ခုလံုးအတြက္ အေရးပါလွပါတယ္။

အခု ယူရိုပါျဂိဳဟ္ေပၚမွာလည္း သက္ရွိေတြျဖစ္ေပၚဖို႔အတြက္လိုအပ္တဲ့ျဒပ္ေပါင္းတခ်ိဳ႕ကို ေတြ႕ေနရျပီ ဆိုေပမဲ့လည္း သက္ရွိေတြ အမွန္တကယ္ရွိေနသလားဆိုတာကိုေတာ့ တပ္အပ္ေျပာဖို႔ေစာလြန္းေနပါေသးတယ္။ ဘာပဲေျပာေျပာ ေနာက္ဆံုးေလ့လာေတြ႕ရွိခ်က္ေတြအရ ယူရိုပါျဂိဳဟ္ဟာ ကြ်န္ေတာ္တို႔ လူသားေတြရဲ႕ အနာဂတ္စူးစမ္းေလ့လာေရးအတြက္ စိတ္၀င္စားစရာအေကာင္းဆံုး ပစ္မွတ္တစ္ခုျဖစ္လာခဲ့ျပီဆိုတာကိုေတာ့ ဘယ္သူမွ ျငင္းႏိုင္မယ္မထင္ပါဘူး။

လူညိဳေခ်ာ@SportsGabar

unicode

ယူရိုပါဂြိုဟ်ပေါ်ကအဝါရောင်ဆားပွင့်တွေဟာသက်ရှိတွေရဲ့အထောက်အထားများဖြစ်နေမလား?

ကျွန်တော်တို့ဟာ နေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ကမ္ဘာဂြိုဟ်နဲ့တူတဲ့ အခြားဂြိုဟ်တွေအကြောင်းကို စဉ်းစားကြတဲ့အခါ ဂျူပီတာဂြိုဟ်ရဲ့အရန်ဂြိုဟ်တစ်လုံးဖြစ်တဲ့ ယူရိုပါဂြိုဟ်ကိုတော့ ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး။ ဘာလို့လဲဆိုရင် ယူရိုပါဂြိုဟ်ရဲ့မျက်နှာပြင်ဟာ အေးခဲမာကျောနေပြီး၊ အလွန်တရာကြီးမားတဲ့ ရေခဲထုတွေနဲ့ဖုံးအုပ်ထားတဲ့အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူး တွေ့ဖူးနေကျ အရာမှန်သမျှကို အဲဒီ့ဂြိုဟ်ပေါ်မှာတွေ့ရမှာမဟုတ်လို့ပါ။

ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်နဲ့ ဆင်တူတဲ့အရာများစွာဟာ ကျွန်တော်တို့မမြင်ရတဲ့ ယူရိုပါရဲ့ရေခဲချပ်တွေအောက်မှာ ပုန်းကွယ်ကောင်း၊ ပုန်းကွယ်နေနိုင်ပါတယ်။ သုတေသနပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာလိုပဲ ယူရိုပါရဲ့ရေခဲချပ်တွေအောက်မှာလည်း ရေအပြည့်နဲ့ သမုဒ္ဒရာတွေရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အဲဒီ့ရေတွေရဲ့ဓါတုဖွဲ့စည်းပုံကိုတော့ လုံလုံလောက်လောက် မသိရှိကြသေးပါဘူး။

အခုနောက်ဆုံးလေ့လာတွေ့ရှိမှုအသစ်အရ ကမ္ဘာပေါ်ကသမုဒ္ဒရာတွေမှာ ဆားဓါတ်ပါဝင်နေသလိုမျိုးပဲ ယူရိုပါရဲ့သမုဒ္ဒရာတွေထဲမှာလည်း ဆားတွေပျော်ဝင်နေတယ်ဆိုတာ ထောက်လှမ်းမိခဲ့ပါတယ်။ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်နဲ့ ဂျေပီအယ်လ် မှာရှိတဲ့ လေကြောင်းသိပ္ပံပညာရှင်တွေဟာ visible light spectral analysis နည်းကို အသုံးပြုပြီးတော့ ယူရိုပါရဲ့မျက်နှာပြင် အနှံ့အပြားမှာ တွေ့ရတဲ့ အဝါရောင် အစအနလေးတွေကို လေ့လာခဲ့ကြပါတယ်။

ရလဒ်ကတော့ အံ့အားသင့်စရာကောင်းခဲ့ပြီး ဒီအဝါရောင် အစအနလေးတွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်မှာသာရှိပြီး အိမ်သုံးဆားလို့အများသိထားကြတဲ့ ဆိုဒီယံကလိုရိုက်တွေဖြစ်နေလို့ပါ။ ဒါဟာ ယူရိုပါဂြိုဟ်ပေါ်က သမုဒ္ဒရာတွေနဲ့ ကမ္ဘာ့သမုဒ္ဒရာတွေ လုံးဝတူညီမှုရှိနေတယ်ဆိုတဲ့ အခိုင်မာဆုံးအထောက်အထားတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပညာရှင်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆားပွင့်တွေကိုလည်း ယူရိုပါပေါ်မှာဖြစ်နေတဲ့အခြေအနေအတိုင်း ဓါတ်ခွဲခန်းထဲမှာ ရောင်ခြည်ပေးပြီး စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဲဒီ့အခါမှာ ဆားပွင့်တွေမှာ ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်ပေါ်လာခဲ့ပြီး၊ ယူရိုပါဂြိုဟ်ပေါ်မှာ တွေ့ရတဲ့ ဆားပွင့်တွေရဲ့အရောင်အတိုင်း အတိအကျ ပြောင်းလဲသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီရှာဖွေတွေ့ရှိမှုရဲ့အကျိုးဆက်တွေကေ ပေါ့သေးသေးတော့ မဟုတ်လှပါဘူး။ သက်ရှိဖြစ်ပေါ်လာဖို့အတွက် လိုအပ်တဲ့အရာတွေအဖြစ် ရေ၊ စွမ်းအင်နဲ့ သင့်တော်တဲ့ ဓါတုဓါတ်ပြုမှု စတဲ့ အခြေအနေ (၃)ရပ်လိုအပ်သလို ဆားမှာပါဝင်တဲ့ ဆိုဒီယံအိုင်းယွန်းတွေဟာလည်း သက်ရှိသတ္တဝါတွေနဲ့ အပင်တွေရဲ့ metabolic ဖြစ်စဉ်တစ်ခုလုံးအတွက် အရေးပါလှပါတယ်။

အခု ယူရိုပါဂြိုဟ်ပေါ်မှာလည်း သက်ရှိတွေဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့ဒြပ်ပေါင်းတချို့ကို တွေ့နေရပြီ ဆိုပေမဲ့လည်း သက်ရှိတွေ အမှန်တကယ်ရှိနေသလားဆိုတာကိုတော့ တပ်အပ်ပြောဖို့စောလွန်းနေပါသေးတယ်။ ဘာပဲပြောပြော နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ယူရိုပါဂြိုဟ်ဟာ ကျွန်တော်တို့ လူသားတွေရဲ့ အနာဂတ်စူးစမ်းလေ့လာရေးအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။

လူညိုချော@SportsGabar