စီေရာ္နယ္ဒိုဂ်ဳဗင္ကိုလာမယ္လို႔မထင္ထားခ့ဲဘူးဆိုတ့ဲဘူဖြန္

ဂ်ဳဗင္တပ္အသင္းရဲ႕၀ါရင့္ဂိုးသမားေဟာင္းၾကီး ဘူဖြန္ဟာသူ႔အေနနနဲ႔ စီေရာ္နယ္ဒိုဟာ ဂ်ဳဗင္တပ္ကိုလာဖို႔ေရြးခ်ယ္ခ့ဲလိမ့္မယ္လို႔ လံုး၀မထင္ထားခ့ဲဘူးလို႔ဆိုသြားခ့ဲပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕လာခ့ဲေပမ့ဲ ဘူဖြန္ကပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ခ့ဲတာေၾကာင့္ တူတူတြဲဖက္ကစားခြင့္ေတာ့မရခ့ဲပါဘူး။

စီေရာ္နယ္ဒိုဟာ ရီးရဲလ္မွာရွိစဥ္က ဂ်ဳဗင္တပ္ကို မၾကာခဏဂိုးသြင္းယူေလ့ရွိျပီး၊ ျပီးခ့ဲတ့ဲ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ သြင္းယးခဲ့တ့ဲ စီေရာ္နယ္ဒိုရဲကေနာက္ျပန္ကန္ခ်က္ဟာ နာမည္ၾကီးခ့ဲပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီရာသီမွာဂ်ဳဗင္တပ္အတြက္ျပိဳင္ပြဲစံုသြင္းဂိုး(၂၇)ဂိုးသြင္းယူေပးႏိုင္ခ့ဲသလို စီးရီးေအတစ္ႏွစ္တာအောင္းဆံုးကစားသမားဆုကိုလည္းရရွိခ့ဲပါတယ္။

လက္ရွိပီအက္စ္ဂ်ီအသင္းမွာကစားေနတ့ဲ ဂိုးသမားၾကီးဘူဖြန္ဟာ သူ႔အေနနဲ႔ စီေရာ္နယ္ဒို ဂ်ဳဗင္ကိုလာကစားလိမ့္မ္လို႔မထင္တ့ဲအေၾကာင္းကို အင္တာဗ်ဳးတစ္ခုမွာအခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ ဘူဖြန္က ” သူ(စီေရာ္နယ္ဒို) တူရင္ကိုလာလိမ့္မယ္လို႔ ကၽြန္ေတာ္မထင္ခ့ဲပါဘူး၊ ကၽြန္ေတာ္တို႔ တူရင္မွာေတြ႔ခ့ဲၾကပါတယ္၊ သူကအေကာင္းဆံုးခ်န္ပီယံတစ္ေယာက္ျဖစ္တယ္ဆိုတာ ဟန္ေဆာင္ေနစရာမလိုပါဘူး၊ သူကပေရာ္ဖက္ရွင္နယ္ဂိုးေတြနဲ႔ ေအာင္ျမင္မႈေတြရရွိဖို႔ ဘ၀တစ္ေလ်ွာက္လံုး ၾကိဳးစားေနတ့ဲ ရိုးရွင္းတ့ဲသူတစ္ေယာက္ပါပဲ၊ သူက ႏိႈင္းျပစရာဥပမာတစ္ခုပါပဲ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ကပဲ ေပၚတူဂီလက္ေရြးစင္အသင္းနဲ႔အတူ ေနရွင္လိဂ္ဖလားကိုပိုင္ဆိုင္ခ့ဲျပီး ႏိုင္ငံအသင္းအတြက္ (၂၀၁၆)ယူရိုဖလားျပီးတ့ဲေနာက္ ဒုတိယေျမာက္အျဖစ္ ႏိုင္ငံအသင္းအတြက္ ေအာင္ျမင္မႈရရွိခ့ဲတာလည္းျဖစ္ပါတယ္။ လက္ရွိမွာ စီေရာ္နယ္ဒိုဟာ ဘူဖြန္ကစားေနတ့ဲ ပီအက္စ္ဂ်ီအသင္းနဲ႔ သတင္းေတြထြက္ေနတယ္လို႔သိရပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒိုဂျုဗင်ကိုလာမယ်လို့မထင်ထားခဲ့ဘူးဆိုတဲ့ဘူဖွန်

ဂျုဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားဟောင်းကြီး ဘူဖွန်ဟာသူ့အနေနနဲ့ စီရော်နယ်ဒိုဟာ ဂျုဗင်တပ်ကိုလာဖို့ရွေးချယ်ခဲ့လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူးလို့ဆိုသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျုဗင်တပ်ကိုပြောင်းရွှေ့လာခဲ့ပေမဲ့ ဘူဖွန်ကပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တာကြောင့် တူတူတွဲဖက်ကစားခွင့်တော့မရခဲ့ပါဘူး။

စီရော်နယ်ဒိုဟာ ရီးရဲလ်မှာရှိစဉ်က ဂျုဗင်တပ်ကို မကြာခဏဂိုးသွင်းယူလေ့ရှိပြီး၊ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ သွင်းယးခဲ့တဲ့ စီရော်နယ်ဒိုရဲကနောက်ပြန်ကန်ချက်ဟာ နာမည်ကြီးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီမှာဂျုဗင်တပ်အတွက်ပြိုင်ပွဲစုံသွင်းဂိုး(၂၇)ဂိုးသွင်းယူပေးနိုင်ခဲ့သလို စီးရီးအေတစ်နှစ်တာအောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။

လက်ရှိပီအက်စ်ဂျီအသင်းမှာကစားနေတဲ့ ဂိုးသမားကြီးဘူဖွန်ဟာ သူ့အနေနဲ့ စီရော်နယ်ဒို ဂျုဗင်ကိုလာကစားလိမ့်မ်လို့မထင်တဲ့အကြောင်းကို အင်တာဗျုးတစ်ခုမှာအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ဘူဖွန်က ” သူ(စီရော်နယ်ဒို) တူရင်ကိုလာလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး၊ ကျွန်တော်တို့ တူရင်မှာတွေ့ခဲ့ကြပါတယ်၊ သူကအကောင်းဆုံးချန်ပီယံတစ်ယောက်ဖြစ်တယ်ဆိုတာ ဟန်ဆောင်နေစရာမလိုပါဘူး၊ သူကပရော်ဖက်ရှင်နယ်ဂိုးတွေနဲ့ အောင်မြင်မှုတွေရရှိဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားနေတဲ့ ရိုးရှင်းတဲ့သူတစ်ယောက်ပါပဲ၊ သူက နှိုင်းပြစရာဥပမာတစ်ခုပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မကြာသေးခင်ကပဲ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နေရှင်လိဂ်ဖလားကိုပိုင်ဆိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် (၂၀၁၆)ယူရိုဖလားပြီးတဲ့နောက် ဒုတိယမြောက်အဖြစ် နိုင်ငံအသင်းအတွက် အောင်မြင်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုဟာ ဘူဖွန်ကစားနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေထွက်နေတယ်လို့သိရပါတယ်။

Sirဇော်ကြီး@SportsGabar