ဟာဇက္နဲ႔ဆာရီတို႔မရွိေတာ့တဲ့ ခ်ဲလ္ဆီးအသင္းအေပၚ သံုးသပ္ခ်က္ေပးသြားတဲ့ ရက္ပ္နပ္

အားကစားအၾကံေပးအျဖစ္လုပ္ကိုင္ေနတဲ့ ဟယ္ရီရပ္နပ္က ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပသစ္ေနရာမွာ ဖရန္႔လမ္းပတ္ျဖစ္လာႏိုင္တာနဲ႔ပတ္သက္လို႔ သူ႔ရဲ႕အျမင္ကို မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပ ဆာရီဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က ဂ်ဴဗင္တပ္အသင္းထံကို ေျပာင္းေရႊ႕ေရာက္ရွိသြားခဲ့ျပီျဖစ္ျပီး၊ ခ်ဲလ္ဆီးနည္းျပရာထူးဟာလည္း အခုအခ်ိန္မွာ လစ္လပ္လ်က္ရွိပါတယ္။ ဒီရာထူးေနရာအတြက္ ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း ဖရန္႔လမ္းပတ္က ေရပန္းအစားဆံုးျဖစ္ေနျပီး ဒါနဲ႔ပတ္သက္လို႔ ရက္ပ္နပ္က သူ႔ရဲ႕အျမင္ကို အခုလိုပဲေျပာၾကားသြားခဲ့ပါတယ္။ ရက္ပ္နပ္က-

” လမ္းပတ္က ခ်ဲလ္ဆီးမွာ ၾသဇာသက္ေရာက္မႈ ၾကီးမားတဲ့လူပါ၊ သူဘယ္ေတာ့မွ မမွန္မကန္လုပ္မွာမဟုတ္ဘူး၊ ဟာဇက္က တကယ္ေကာင္းတဲ့ကစားသမားပါ၊ အခုေတာ့ သူထြက္သြားျပီ၊ ခ်ဲလ္ဆီးအသင္းရဲ႕အ၀တ္လဲခန္းထဲမွာ ငါက ပိုေကာင္းတဲ့ကစားသမား၊ ပိုၾကီးက်ယ္တဲ့ကစားသမားဆိုျပီး အထာကိုင္မယ့္ သူ မရွိဘူး”

” သူဟာခ်ဲလ္ဆီးမွာ အေကာင္းဆံုးကစားသမားျဖစ္ခဲ့တယ္၊ ဒါေၾကာင့္ သူမကိုင္တြယ္ႏိုင္တဲ့သူဆိုတာ ခ်ဲလ္ဆီးမွာ မရွိဘူး၊ ခ်ဲလ္ဆီးမွာ တကယ့္ကို ငယ္ရြယ္တဲ့ ၾကယ္ပြင့္ေတြ အမ်ားၾကီးရွိပါတယ္၊ လမ္းပတ္သာ ေရာက္လာခဲ့ရင္ အငွားထြက္ကစားေနတဲ့ လူငယ္ေတြ၊ ပံုမွန္ကစားခြင့္မရတဲ့လူငယ္ေတြ အတြက္လည္း အခြင့္အေရးအမ်ားၾကီး ရွိလာပါလိမ့္မယ္ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြကလည္း အသင္းမွာရွိတဲ့ လူငယ္ကစားသမားေတြကို အခြင့္အေရးမေပးခဲ့တဲ့ နည္းျပဆာရီကို သိပ္သေဘာမက်ခဲ့ၾကပါဘူး။ ဒါေပမဲ့ ဆာရီဟာ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္မွာ တတိယရေစခဲ့ျပီး ကာရာေဘာင္းဖလားဗိုလ္လုပြဲပို႔ေဆာင္ေပးခဲ့ကာ ယူရိုပါလိဂ္ခ်န္ပီယံဆုေကို ရယူေပးႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဟာဇက်နဲ့ဆာရီတို့မရှိတော့တဲ့ ချဲလ်ဆီးအသင်းအပေါ် သုံးသပ်ချက်ပေးသွားတဲ့ ရက်ပ်နပ်

အားကစားအကြံပေးအဖြစ်လုပ်ကိုင်နေတဲ့ ဟယ်ရီရပ်နပ်က ချဲလ်ဆီးအသင်းရဲ့နည်းပြသစ်နေရာမှာ ဖရန့်လမ်းပတ်ဖြစ်လာနိုင်တာနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို မှတ်ချက်ပေးသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့နည်းပြ ဆာရီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး၊ ချဲလ်ဆီးနည်းပြရာထူးဟာလည်း အခုအချိန်မှာ လစ်လပ်လျက်ရှိပါတယ်။ ဒီရာထူးနေရာအတွက် ချဲလ်ဆီးအသင်းကစားသမားဟောင်း ဖရန့်လမ်းပတ်က ရေပန်းအစားဆုံးဖြစ်နေပြီး ဒါနဲ့ပတ်သက်လို့ ရက်ပ်နပ်က သူ့ရဲ့အမြင်ကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ရက်ပ်နပ်က-

” လမ်းပတ်က ချဲလ်ဆီးမှာ သြဇာသက်ရောက်မှု ကြီးမားတဲ့လူပါ၊ သူဘယ်တော့မှ မမှန်မကန်လုပ်မှာမဟုတ်ဘူး၊ ဟာဇက်က တကယ်ကောင်းတဲ့ကစားသမားပါ၊ အခုတော့ သူထွက်သွားပြီ၊ ချဲလ်ဆီးအသင်းရဲ့အဝတ်လဲခန်းထဲမှာ ငါက ပိုကောင်းတဲ့ကစားသမား၊ ပိုကြီးကျယ်တဲ့ကစားသမားဆိုပြီး အထာကိုင်မယ့် သူ မရှိဘူး”

” သူဟာချဲလ်ဆီးမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်၊ ဒါကြောင့် သူမကိုင်တွယ်နိုင်တဲ့သူဆိုတာ ချဲလ်ဆီးမှာ မရှိဘူး၊ ချဲလ်ဆီးမှာ တကယ့်ကို ငယ်ရွယ်တဲ့ ကြယ်ပွင့်တွေ အများကြီးရှိပါတယ်၊ လမ်းပတ်သာ ရောက်လာခဲ့ရင် အငှားထွက်ကစားနေတဲ့ လူငယ်တွေ၊ ပုံမှန်ကစားခွင့်မရတဲ့လူငယ်တွေ အတွက်လည်း အခွင့်အရေးအများကြီး ရှိလာပါလိမ့်မယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေကလည်း အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးမပေးခဲ့တဲ့ နည်းပြဆာရီကို သိပ်သဘောမကျခဲ့ကြပါဘူး။ ဒါပေမဲ့ ဆာရီဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ တတိယရစေခဲ့ပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲပို့ဆောင်ပေးခဲ့ကာ ယူရိုပါလိဂ်ချန်ပီယံဆုကေို ရယူပေးနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar