ေပါ့ဘာေနရာမွာအစားထိုးႏိုင္တ့ဲကစားသမား(၃)ဦး

ေပါ့ဘာလိုကြင္းလယ္မွာေျခစြမ္းပိုင္းေကာင္းမြန္တ့ဲကစားသမားမ်ိဳးက ကမာၻေပၚမွာအမ်ားၾကီးမရွိပါဘူး။ (၂၀၁၆)ခုႏွစ္မွာဂ်ဳဗင္တပ္ကေနမန္ယူႏုိက္တက္ကိုျပန္ေျပာင္းလာျပီးထဲက သူ႔ရဲ႕ေျခစြမ္းေတြကမန္ယူႏိုက္တက္အတြက္ အက်ိဳးရွိခ့ဲပါတယ္။

ဒါေပမ့ဲလည္း ဒီရာသီမွာေပါ့ဘာဟာမန္ယူႏိုက္တက္ကေနထြက္ခြာေတာ့မယ္လို႔နာမည္ၾကီးေနတ့ဲကစားသမားျဖစ္ျပီး၊ သူ႔ကိုေခၚယူဖို႔ ဂ်ဳဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က စိတ္၀င္စားေနၾကတာပဲျဖစ္ပါတယ္။ မန္ယူႏိုက္တက္အေနနဲ႔ေပါ့ဘာကိုလက္လႊတ္လိုက္ရမယ္ဆိုရင္ ေပါ့ဘာေနရာမွာအစားထိုးဖို႔သင့္ေတာ္မယ့္ကစားသမား(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၃) တိုင္လီမန္းစ္(လက္စတာ)
မိုနာကိုအသင္းကေနလက္စတာမွာအငွားနဲ႔လာကစားေနတ့ဲ အသက္(၂၂)ႏွစ္အရြယ္တိုင္လီမန္းစ္ဟာ ေပါ့ဘာေနရာမွာအစားဖို႔အတြက္သင့္ေတာ္တ့ဲကစားသမားတစ္ဦးပဲျဖစ္ပါတယ္။ ဒီရာသီမွာလည္းလက္စတာအသင္းအတြက္(၃)ဂိုးသြင္းျပီး၊ဂိုးဖန္တီးမႈ(၄)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခ့ဲတ့ဲကစာသမားတစ္ဦးလည္းျဖစ္ပါတယ္။ နညး္ျပဆိုးလ္ရွားဟာမန္ာယူႏုိက္တက္ကိုျပန္လည္တည္ေဆာက္ဖို႔ျပင္ဆင္ေနတာေၾကာင့္ ေပါ့ဘာကိုသာလက္လႊတ္ရမယ္ဆိုရင္အသက္လည္းငယ္ျပီးေျခစြမ္းပိုင္းလည္းထင္ျမတ္မႈရွိတ့ဲတိုင္လီမန္းစ္ကိုေသခ်ာေပါက္ေခၚယူသင့္ပါတယ္။

(၂) ရာကီတစ္(ဘာစီလိုနာ)
ဘာစီလိုနာအသင္းဟာ ေအဂ်က္အသင္းရဲ႕လူငယ္ကစားသမားေလး ဒီေဂ်ာင္ကိုေခၚယူႏိုင္ခ့ဲျပီးတ့ဲေနက္မွာေတာ့ အသင္းရဲ႕ကြင္းလယ္ကစားသမား ရာကီတစ္ရဲ႕အနာဂတ္ဟာမေသခ်ာျဖစ္လာခ့ဲပါတယ္။ ဒီလိုအေျခအေနမွာ မန္ယူႏိုက္တက္ကလည္းကြင္းလယ္လူေပါ့ဘာေနရာမွာ အစားထိုးရဖြယ္ရွိေနတာေၾကာင့္ ရာကီတစ္ဟာ မန္ယူႏိုက္တက္ရဲ႕ပစ္မွတ္ျဖစ္ႏိုင္ပါတယ္။ ဒ့ါအျပင္ ရာကီတစ္ရဲ႕အေတြ႔အၾကံဳနဲ႕ေျခစြမ္းပိုင္းက ေပါ့ဘာေနရာမွာအစားထိုးဖို႔လံုေလာက္မႈရွိတ့ဲအေနအထားမ်ိဳးျဖစ္ေနတာေၾကာင့္ မန္ယူနိုက္တက္အတြက္သင့္ေတာ္တ့ဲအစားထိုးမႈတစ္ခုျဖစ္လာဖြယ္ရွိေနပါတယ္။

(၁) ဖာနန္ဒက္စ္(စပို႔တင္းလစၥဘြန္း)
ဖာနန္ဒက္ကေတာ့ မန္ယူႏိုက္တက္နဲ႔သတင္းေတြအၾကီးအက်ယ္ထြက္ေနတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ မန္ယူႏုိက္တက္ကိုလည္းေရာက္ရွိဖို႔နီးစပ္လ်က္ရွိေနပါတယ္။ လက္တေလာေပၚတူဂီအသင္းနဲ႔အတူ ေနရွင္လိဂ္ဖလားကိုလည္းဆြတ္ခူးရရွိထားႏိုင္ခ့ဲျပီး၊ ေျခစြမ္းပိုင္းအထူးေျပာစရာမလိုေအာင္ေကာင္းမြန္တ့ဲသူျဖစ္တာေၾကာင့္ မန္ယူႏုိက္တက္အတြက္ေပါ့ဘာေနရာမွာအစားထိုးဖို႔ အသင့္ေတာ္ဆံုးကစားသမားတစ္ဦးအျဖစ္ရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပေါ့ဘာနေရာမှာအစားထိုးနိုင်တဲ့ကစားသမား(၃)ဦး

ပေါ့ဘာလိုကွင်းလယ်မှာခြေစွမ်းပိုင်းကောင်းမွန်တဲ့ကစားသမားမျိုးက ကမ္ဘာပေါ်မှာအများကြီးမရှိပါဘူး။ (၂၀၁၆)ခုနှစ်မှာဂျုဗင်တပ်ကနေမန်ယူနိုက်တက်ကိုပြန်ပြောင်းလာပြီးထဲက သူ့ရဲ့ခြေစွမ်းတွေကမန်ယူနိုက်တက်အတွက် အကျိုးရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီမှာပေါ့ဘာဟာမန်ယူနိုက်တက်ကနေထွက်ခွာတော့မယ်လို့နာမည်ကြီးနေတဲ့ကစားသမားဖြစ်ပြီး၊ သူ့ကိုခေါ်ယူဖို့ ဂျုဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ပေါ့ဘာကိုလက်လွှတ်လိုက်ရမယ်ဆိုရင် ပေါ့ဘာနေရာမှာအစားထိုးဖို့သင့်တော်မယ့်ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၃) တိုင်လီမန်းစ်(လက်စတာ)
မိုနာကိုအသင်းကနေလက်စတာမှာအငှားနဲ့လာကစားနေတဲ့ အသက်(၂၂)နှစ်အရွယ်တိုင်လီမန်းစ်ဟာ ပေါ့ဘာနေရာမှာအစားဖို့အတွက်သင့်တော်တဲ့ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဒီရာသီမှာလည်းလက်စတာအသင်းအတွက်(၃)ဂိုးသွင်းပြီး၊ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ကစာသမားတစ်ဦးလည်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာမန်ာယူနိုက်တက်ကိုပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေတာကြောင့် ပေါ့ဘာကိုသာလက်လွှတ်ရမယ်ဆိုရင်အသက်လည်းငယ်ပြီးခြေစွမ်းပိုင်းလည်းထင်မြတ်မှုရှိတဲ့တိုင်လီမန်းစ်ကိုသေချာပေါက်ခေါ်ယူသင့်ပါတယ်။

(၂) ရာကီတစ်(ဘာစီလိုနာ)
ဘာစီလိုနာအသင်းဟာ အေဂျက်အသင်းရဲ့လူငယ်ကစားသမားလေး ဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နေက်မှာတော့ အသင်းရဲ့ကွင်းလယ်ကစားသမား ရာကီတစ်ရဲ့အနာဂတ်ဟာမသေချာဖြစ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မန်ယူနိုက်တက်ကလည်းကွင်းလယ်လူပေါ့ဘာနေရာမှာ အစားထိုးရဖွယ်ရှိနေတာကြောင့် ရာကီတစ်ဟာ မန်ယူနိုက်တက်ရဲ့ပစ်မှတ်ဖြစ်နိုင်ပါတယ်။ ဒ့ါအပြင် ရာကီတစ်ရဲ့အတွေ့အကြုံနဲ့ခြေစွမ်းပိုင်းက ပေါ့ဘာနေရာမှာအစားထိုးဖို့လုံလောက်မှုရှိတဲ့အနေအထားမျိုးဖြစ်နေတာကြောင့် မန်ယူနိုက်တက်အတွက်သင့်တော်တဲ့အစားထိုးမှုတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။

(၁) ဖာနန်ဒက်စ်(စပို့တင်းလစ္စဘွန်း)
ဖာနန်ဒက်ကတော့ မန်ယူနိုက်တက်နဲ့သတင်းတွေအကြီးအကျယ်ထွက်နေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ယူနိုက်တက်ကိုလည်းရောက်ရှိဖို့နီးစပ်လျက်ရှိနေပါတယ်။ လက်တလောပေါ်တူဂီအသင်းနဲ့အတူ နေရှင်လိဂ်ဖလားကိုလည်းဆွတ်ခူးရရှိထားနိုင်ခဲ့ပြီး၊ ခြေစွမ်းပိုင်းအထူးပြောစရာမလိုအောင်ကောင်းမွန်တဲ့သူဖြစ်တာကြောင့် မန်ယူနိုက်တက်အတွက်ပေါ့ဘာနေရာမှာအစားထိုးဖို့ အသင့်တော်ဆုံးကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar