ကိုပါအေမရိကဖလားကို အရယူဖို႔အသင့္ပဲလို႔ ကာဗာနီၾကံဳး၀ါး

ဥရုေဂြးအသင္းဟာ ကိုပါအေမရိကဖလားအဖြင့္ပြဲမွာ အီေကြေဒါအသင္းကို (၄)ဂိုးျပတ္အႏိုင္ရရွိခဲ့ျပီးေနာက္ ဥရုေဂြးအသင္းရဲ႕တိုက္စစ္မွဴး ကာဗာနီက သူတို႔အသင္းအေနနဲ႔ ကိုအေမရိကခ်န္ပီယံဆုကို ရယူဖို႔ အသင့္ျဖစ္ေနျပီလို႔ ၾကံဳး၀ါးေျပာဆိုလိုက္ပါတယ္။

ကာဗာနီနဲ႔ ဆြာရက္ဇ္တို႔ႏွစ္ဦးစလံုး ဂိုးသြင္းယူႏိုင္ခဲ့တဲ့အဆိုပါ ပြဲစဥ္မွာ ဥရုေဂြးအသင္းဟာ ပထမပိုင္းကတည္းက (၃)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အီေကြေဒါအသင္းဘက္က ကစားသမားတစ္ေယာက္အထုတ္ခံခဲ့ရျပီး၊ အဲဒီအေပၚမွာ ဥရုေဂြးအသင္းက အခြင့္အေရးအရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအျပီးမွာေတာ့ ကာဗာနီက-

” ကိုပါအေမရိကဖလားအတြက္ တိုက္ပြဲ၀င္ဖို႔ ကြ်န္ေတာ္တို႔ အသင့္ျဖစ္ေနပါျပီ၊ ပထမပိုင္းမွာ ကြ်န္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားၾကီးရခဲ့တယ္၊ ျပီးေတာ့ ဒါကိုအသံုးခ်ႏိုင္ခဲ့တယ္၊ ဒါေၾကာင့္ပြဲကို အေကာင္းဆံုးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္ ”

” အီေကြေဒါအသင္းက ကစားရတာအရမ္းခက္တဲ့အသင္းတစ္သင္းပါ၊ ဒါေပမဲ့ ကြ်န္ေတာ္တို႔အသင္းက အာရံုစုစည္းႏိုင္ခဲ့ျပီး ပြဲျပီးဆံုးခ်ိန္မွာေတာ့ ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ကိုပါအေမရိကျပိဳင္ပြဲမွာ အေအာင္ျမင္ဆံုးအသင္းအျဖစ္ ခ်န္ပီယံဆု (၁၅)ၾကိမ္အထိ ရယူထားႏိုင္ခဲ့တဲ့ ဥရုေဂြးအသင္းဟာ (၂၀၁၁)ခုႏွစ္မွာ ဗိုလ္စြဲႏိုင္ခဲ့ျပီး ေနာက္ပိုင္းမွာကတည္းက ခေအာင္ျမင္မႈနဲ႔ေ၀းကြာေနခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ကာဗာနီက ဥရုေဂြးအတြက္ ေအာင္ျမင္မႈ ရွာေဖြေပးသြားႏိုင္ဖို႔ ပစ္မွတ္ထားေနျပီး ဆုဖလားကို အရယူဖို႔ အသင့္ျဖစ္ေနျပီလို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကိုပါအမေရိကဖလားကို အရယူဖို့အသင့်ပဲလို့ ကာဗာနီကြုံးဝါး

ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားအဖွင့်ပွဲမှာ အီကွေဒေါအသင်းကို (၄)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဥရုဂွေးအသင်းရဲ့တိုက်စစ်မှူး ကာဗာနီက သူတို့အသင်းအနေနဲ့ ကိုအမေရိကချန်ပီယံဆုကို ရယူဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ကာဗာနီနဲ့ ဆွာရက်ဇ်တို့နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့အဆိုပါ ပွဲစဉ်မှာ ဥရုဂွေးအသင်းဟာ ပထမပိုင်းကတည်းက (၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အီကွေဒေါအသင်းဘက်က ကစားသမားတစ်ယောက်အထုတ်ခံခဲ့ရပြီး၊ အဲဒီအပေါ်မှာ ဥရုဂွေးအသင်းက အခွင့်အရေးအရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကာဗာနီက-

” ကိုပါအမေရိကဖလားအတွက် တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ၊ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်၊ ပြီးတော့ ဒါကိုအသုံးချနိုင်ခဲ့တယ်၊ ဒါကြောင့်ပွဲကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ် ”

” အီကွေဒေါအသင်းက ကစားရတာအရမ်းခက်တဲ့အသင်းတစ်သင်းပါ၊ ဒါပေမဲ့ ကျွန်တော်တို့အသင်းက အာရုံစုစည်းနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံဆု (၁၅)ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ ဥရုဂွေးအသင်းဟာ (၂၀၁၁)ခုနှစ်မှာ ဗိုလ်စွဲနိုင်ခဲ့ပြီး နောက်ပိုင်းမှာကတည်းက ခအောင်မြင်မှုနဲ့ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကာဗာနီက ဥရုဂွေးအတွက် အောင်မြင်မှု ရှာဖွေပေးသွားနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဆုဖလားကို အရယူဖို့ အသင့်ဖြစ်နေပြီလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

လူညိုချော@SportsGabar