ေနမာကိုေရာင္းခ်ဖို႔ျပင္ဆင္ေနတ့ဲ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာ ေနမာကို ဘာစီလိုနာအသင္းကေန ျပီးခ့ဲတ့ဲ(၂၀၁၇)ခုႏွစ္ကေျပာင္းေရႊ႕ေၾကးယူရို(၂၂၂)သန္းနဲ႔ေခၚယူခ့ဲတာပဲျဖစ္ပါတယ္။ ေနမာရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခ့ဲတ့ဲအထိ ျမင့္မားလြန္းခ့ဲေပမ့ဲလည္း ပီအက္စ္ဂ်ီအသင္းမွာအေျခမလွျဖစ္ေနခ့ဲရတာပဲျဖစ္ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီမွာမၾကာခဏဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ျပီး၊ လက္ရွိမွာလည္း ေျခက်င္း၀တ္ဒဏ္ရာျပႆနာေၾကာင့္ ဘရာဇီးကအိမ္ရွင္အျဖစ္လက္ခံက်င္းပေနတ့ဲ ကိုပါအေမရိကျပိဳင္ပြဲကိုလည္းလြဲေခ်ာ္ေနခ့ဲတ့ဲသူျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ေနမာရဲ႕အေျခအေနေပၚမွာစိတ္ပ်က္လ်က္ရွိေနျပီး၊ သတင္းေတြအရ ျပန္လည္ေရာင္းခ်ဖို႔ျပင္ဆင္ေနျပီလို႔ သိရပါတယ္။

ေနမာကိုေခၚယူဖို႔ စပိန္ဘီလူးၾကီးေတြျဖစ္ၾကတ့ဲ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က စိတ္၀င္စားေနတယ္လို႔လည္းသိရပါတယ္။ ဒါေပမ့ဲ ပီအက္စ္ဂ်ီဟာေနမာအတြက္ေျပာင္းေရႊ႕ေၾကးကို (၂၀၁၇)ခုႏွစ္က ဘာစီလိုနာကေနေခၚယူခ့ဲတ့ဲ ေျပာင္းေရႊ႕ေၾကးယူရို(၂၂၂)သန္းထက္ပိုျပီးအလိုရွိေနတယ္လို႔သိရပါတယ္။ ေနာက္ထပ္သတင္းေတြအရ ပီအက္ဂ်ီအသင္းရဲ႕ဥကၠဌဟာ ေနမာရဲ႕ထင္ေပၚေက်ာ္ၾကားခ်င္တ့ဲ အျပဳအမူတြနဲ႔ပတ္သက္ျပီး၊ ႏွစ္သက္ျခင္းမရွိဘူးလို႔သိရပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီအတြက္ ေဘာလံုးရာသီႏွစ္ရာသီျပီးဆံုးခ်ိန္မွာ ပြဲေပါင္း(၃၇)ပြဲသာပါ၀င္ကစားေပးႏိုင္ခ့ဲျပီး၊ သြင္းဂိုး(၃၄)ဂိုးသြင္းယူေပးႏိုင္ခ့ဲပါတယ္။ သတင္းေတြအရေတာ့ ေနမာရဲ႕ပီအက္စ္ဂ်ီနဲ႔အနာဂတ္ဟာ မေရရာျဖစ္လာျပီး၊ ေနမာကိုယ္တိုင္ကလည္း ဘာစီလိုနာကိုျပန္ခ်င္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနတာပဲျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကလည္းစိတ္၀င္စားေနတာျဖစ္တာေၾကာင့္ ေနမာရဲ႕အနာဂတ္ဟာဘာေတြျဖစ္လာမလဲဆိုတာစိတ္၀င္စားစရာေကာင္းေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာကိုရောင်းချဖို့ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ နေမာကို ဘာစီလိုနာအသင်းကနေ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်ကပြောင်းရွှေ့ကြေးယူရို(၂၂၂)သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ နေမာရဲ့ပြောင်းရွှေ့ကြေးဟာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့အထိ မြင့်မားလွန်းခဲ့ပေမဲ့လည်း ပီအက်စ်ဂျီအသင်းမှာအခြေမလှဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီမှာမကြာခဏဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပြီး၊ လက်ရှိမှာလည်း ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြောင့် ဘရာဇီးကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲကိုလည်းလွဲချော်နေခဲ့တဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ နေမာရဲ့အခြေအနေပေါ်မှာစိတ်ပျက်လျက်ရှိနေပြီး၊ သတင်းတွေအရ ပြန်လည်ရောင်းချဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။

နေမာကိုခေါ်ယူဖို့ စပိန်ဘီလူးကြီးတွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီဟာနေမာအတွက်ပြောင်းရွှေ့ကြေးကို (၂၀၁၇)ခုနှစ်က ဘာစီလိုနာကနေခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးယူရို(၂၂၂)သန်းထက်ပိုပြီးအလိုရှိနေတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတွေအရ ပီအက်ဂျီအသင်းရဲ့ဥက္ကဌဟာ နေမာရဲ့ထင်ပေါ်ကျော်ကြားချင်တဲ့ အပြုအမူတွနဲ့ပတ်သက်ပြီး၊ နှစ်သက်ခြင်းမရှိဘူးလို့သိရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအတွက် ဘောလုံးရာသီနှစ်ရာသီပြီးဆုံးချိန်မှာ ပွဲပေါင်း(၃၇)ပွဲသာပါဝင်ကစားပေးနိုင်ခဲ့ပြီး၊ သွင်းဂိုး(၃၄)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သတင်းတွေအရတော့ နေမာရဲ့ပီအက်စ်ဂျီနဲ့အနာဂတ်ဟာ မရေရာဖြစ်လာပြီး၊ နေမာကိုယ်တိုင်ကလည်း ဘာစီလိုနာကိုပြန်ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်းစိတ်ဝင်စားနေတာဖြစ်တာကြောင့် နေမာရဲ့အနာဂတ်ဟာဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။

Sirဇော်ကြီး@SportsGabar