သူရဲေကာင္းေတြလို ၾကိဳဆိုခံခဲ့ရတဲ့ ေတာင္ကိုရီးယားယူ(၂၀)အသင္းရဲ႕အိမ္ျပန္ခရီး

ဖီဖာယူ(၂၀)ကမာၻ႔ဖလားျပိဳင္ပြဲမွာ ေတာင္ကိုရီးယား ယူ(၂၀)ေဘာလံုးအသင္းဟာ ဒုတိယရခဲ့သလို၊ ကြင္းလယ္ကစားသမား လီကန္အင္ဟာလည္း ယူ(၂၀)ကမာၻ႔ဖလားျပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားကိုေပးအပ္တဲ့ Golden Ball ဆုကို ရယူႏိုင္ခဲ့ျပီးေနာက္ ကိုရီးယားလူငယ္အသင္းအေနနဲ႔ တနဂၤေႏြေန႔မနက္အေစာပိုင္းက ကိုရီးယားႏိုင္ငံကို ျပန္ေရာက္လာခဲ့ျပီ ျဖစ္ပါတယ္။

အိမ္ရွင္ႏိုင္ငံအျဖစ္ ပိုလန္ႏိုင္ငံကလက္ခံက်င္းပခဲ့တဲ့ ယူ(၂၀)ကမာၻ႔ဖလားျပိဳင္ပြဲမွာ ေတာင္ကိုရီးယားအသင္းဟာ ေနာက္ဆံုးဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ျပီး ဗိုလ္လုပြဲမွာ ယူကရိန္းယူ(၂၀)အသင္းကို (၃)ဂိုး(၁)ဂိုးနဲ႔ရံႈးနိမ့္ခဲ့တာေၾကာင့္ ဒုတိယဆုနဲ႔သာေက်နပ္ခဲ့ရပါတတယ္။ ကိုရီးယားအသင္းအေနနဲ႔ ယူကရိန္အသင္းဘက္ကို ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ ယူကရိန္းက ေျခပဂိုးနဲ႔အႏိုင္ဂိုးေတြကို ျပန္လည္သြင္းယူသြားခဲ့တာပါ။

အဲဒီေနာက္ ကိုရီးယားယူ(၂၀)အသင္းဟာ မေန႔က ကိုရီးယားႏိုင္ငံကို ျပန္ေရာက္လာခဲ့ျပီး ပရိသတ္ေတြရဲ႕ တက္ၾကြတဲ့ၾကိဳဆိုမႈကို ခံခဲ့ရပါတယ္။ နည္းျပၾကီး ေခ်ာင္ေဂ်ာင္ေယာင္းနဲ႔ သူ႔ရဲ႕ခ်ာတိတ္ေတြဟာ ဖီဖာအသိအမွတ္ျပဳျပိဳင္ပြဲၾကီးတစ္ခုမွာ ဗိုလ္လုပြဲကို ပထမဦးဆံုးတက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းအျဖစ္ ေတာင္ကိုရီးယားသမိုင္းမွာ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဒါေၾကာင့္ ေတာင္ကိုရီးယားတစ္ႏိုင္ငံလံုးက ဒီအသင္းရဲ႕စြမ္းေဆာင္ႏိုင္မႈအေပၚမွာ ဂုဏ္ယူေနျပီး၊ ဆိုးလ္ျမိဳ႕အေနာက္ပိုင္းမွာရွိတဲ့ အင္ခ်ြန္ေလဆိပ္ကို ယူ(၂၀)အသင္းေရာက္ေရာက္ခ်င္းမွာ ပရိသတ္ရာေပါင္းမ်ားစြာက တခဲနက္လာေရာက္ၾကိဳဆိုခဲ့ၾကတာပါ။ ကိုရီးယားႏိုင္ငံရဲ႕ လမ္းေတြ၊ ပါ့ဘလစ္ဧရိယာေတြနဲ႔ အားကစားကြင္းေတြမွာလည္း ပရိသတ္ေထာင္ေပါင္းမ်ားစြာနဲ႔ ၾကိတ္ၾကိတ္တိုး စည္ကားခဲ့ပါတယ္။

ဒါ့အျပင္ ဆိုးလ္ျမိဳ႕ရဲ႕ျမိဳ႕ေတာ္ခန္းမေ႔ရွမွာရွိတဲ့ ဆိုးလ္ပလာဇာမွာလည္း ကိုရီးယားယူ(၂၀)အသင္းအတြက္ အထူးေအာင္ပြဲခံအခမ္းအနားကို ျပဳလုပ္သြားဦးမွာျဖစ္တယ္လို႔သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

သူရဲကောင်းတွေလို ကြိုဆိုခံခဲ့ရတဲ့ တောင်ကိုရီးယားယူ(၂၀)အသင်းရဲ့အိမ်ပြန်ခရီး

ဖီဖာယူ(၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယား ယူ(၂၀)ဘောလုံးအသင်းဟာ ဒုတိယရခဲ့သလို၊ ကွင်းလယ်ကစားသမား လီကန်အင်ဟာလည်း ယူ(၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားကိုပေးအပ်တဲ့ Golden Ball ဆုကို ရယူနိုင်ခဲ့ပြီးနောက် ကိုရီးယားလူငယ်အသင်းအနေနဲ့ တနင်္ဂနွေနေ့မနက်အစောပိုင်းက ကိုရီးယားနိုင်ငံကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံအဖြစ် ပိုလန်နိုင်ငံကလက်ခံကျင်းပခဲ့တဲ့ ယူ(၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ယူကရိန်းယူ(၂၀)အသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပါတတယ်။ ကိုရီးယားအသင်းအနေနဲ့ ယူကရိန်အသင်းဘက်ကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ယူကရိန်းက ခြေပဂိုးနဲ့အနိုင်ဂိုးတွေကို ပြန်လည်သွင်းယူသွားခဲ့တာပါ။

အဲဒီနောက် ကိုရီးယားယူ(၂၀)အသင်းဟာ မနေ့က ကိုရီးယားနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ တက်ကြွတဲ့ကြိုဆိုမှုကို ခံခဲ့ရပါတယ်။ နည်းပြကြီး ချောင်ဂျောင်ယောင်းနဲ့ သူ့ရဲ့ချာတိတ်တွေဟာ ဖီဖာအသိအမှတ်ပြုပြိုင်ပွဲကြီးတစ်ခုမှာ ဗိုလ်လုပွဲကို ပထမဦးဆုံးတက်ရောက်နိုင်ခဲ့တဲ့ အသင်းအဖြစ် တောင်ကိုရီးယားသမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားတစ်နိုင်ငံလုံးက ဒီအသင်းရဲ့စွမ်းဆောင်နိုင်မှုအပေါ်မှာ ဂုဏ်ယူနေပြီး၊ ဆိုးလ်မြို့အနောက်ပိုင်းမှာရှိတဲ့ အင်ချွန်လေဆိပ်ကို ယူ(၂၀)အသင်းရောက်ရောက်ချင်းမှာ ပရိသတ်ရာပေါင်းများစွာက တခဲနက်လာရောက်ကြိုဆိုခဲ့ကြတာပါ။ ကိုရီးယားနိုင်ငံရဲ့ လမ်းတွေ၊ ပါ့ဘလစ်ဧရိယာတွေနဲ့ အားကစားကွင်းတွေမှာလည်း ပရိသတ်ထောင်ပေါင်းများစွာနဲ့ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်မြို့ရဲ့မြို့တော်ခန်းမေ့ရှမှာရှိတဲ့ ဆိုးလ်ပလာဇာမှာလည်း ကိုရီးယားယူ(၂၀)အသင်းအတွက် အထူးအောင်ပွဲခံအခမ်းအနားကို ပြုလုပ်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။

လူညိုချော@SportsGabar