ေနမာမပါလည္းေအးေဆးပဲဆိုတ့ဲ အဲလ္ဗက္စ္

ဘရာဇီးအသင္းရဲ႕ညာေနာက္ခံလူ အဲလ္ဗက္စ္က ဘရာဇီးမွာေနမာမပါလည္းပဲအသင္းက အားနည္းသြားမွာမဟုတ္ဘူးလို႔ေျပာၾကားသြားခ့ဲပါတယ္။ ေနမာဟာ ဘရာဇီးကအိမ္ရွင္အျဖစ္လက္ခံက်င္းပေနတ့ဲ ကိုပါအေမရိကဖလားျပိဳင္ပြဲကို ေျခက်င္း၀တ္ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခ့ဲတ့ဲသူပဲျဖစ္ပါတယ္။

အဲလ္ဗက္စ္က ” ေနမာပါသည္ျဖစ္ေစမပါသည္ျဖစ္ေစ၊ ကၽြန္ေတာ္တို႔ဟာ ဒီႏိုင္ငံအသင္းဆီကိုလာတ့ဲအခ်ိန္တိုင္း၊ ဒီႏိုင္ငံအသင္း၀တ္စံုကို၀တ္တ့ဲအခ်ိန္တိုင္း၊ အသင္းကိုတိုးတက္ဖို႔လုပ္ရမယ္ဆိုတာကိုယံုၾကည္ထားပါတယ္၊ သမိုင္းေၾကာင္းေတြေကာင္းတ့ဲအသင္းတစ္သင္းကို ကိုယ္စားျပဳထားတာျဖစ္တ့ဲအတြက္ေၾကာင့္ ကၽြန္ေတာ္တို႕ဟာအေကာင္းဆံုးၾကိဳးစားရပါမယ္၊ ဒါေပမ့ဲ ေနမာပါလာရင္ေတာ့ အသင္းကနည္းနည္းေလးပိုေကာင္းလာမွာပါ၊ ေနမာမရွိရင္ေတာ့ ကၽြန္ေတာ္တို႔စြမ္းေဆာင္

ရည္ေတြ၊ပါ၀ါေတြပိုေကာင္းလာမွာပါ၊ ကၽြန္ေတာ္တို႔က သမိုင္းတစ္ခုကိုကိုယ္စားျပဳပါတယ္၊ ကၽြန္ေတာ္တို႔ရဲ႕တာ၀န္ကအ့ဲဒီသမိုင္းကို ကာကြယ္ဖို႔ပဲျဖစ္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။ အဲလ္ဗက္ဟာ ဘရာဇီးအသင္းရဲ႕တတိယေျမာက္ပြဲအမ်ားဆံုးကစားထားတ့ဲကစားသမားတစ္ေယာက္ျဖစ္ျပီး၊ ပြဲေပါင္း(၁၁၀)ပါ၀င္ကစားေပးထားခ့ဲပါတယ္။

အဲလ္ဗက္စ္ထက္ပြဲအေရအတြက္ပိုမ်ားျပီးကစားထားတ့ဲသူေတြကေတာ့ ကာဖူး(၁၄၂)ပြဲနဲ႔ ေရာ္ဘတ္တုိကားလို႔စ္(၁၂၅)ပြဲတို႔ပဲျဖစ္ပါတယ္။ လက္ရွိမွာဘရာဇီးဟာ ကိုပါအေမရိကျပိဳင္ပြဲကိုအိမ္ရွင္အျဖစ္လက္ခံက်င္းပေနျပီး၊ အဖြင့္ပြဲစဥ္မွာ ဘိုလီးဗီးယားကို သံုးဂိုးဂိုးမရွိနဲ႔အႏိုင္ယူထားႏိုင္ခ့ဲပါတယ္။ ဒုတိယေျမာက္ပြဲစဥ္အျဖစ္ ဗင္နီဇြဲလားအသင္းနဲ႔ (၁၉)ရက္ေန႔မွာယွဥ္ျပိဳင္ကစားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာမပါလည်းအေးဆေးပဲဆိုတဲ့ အဲလ်ဗက်စ်

ဘရာဇီးအသင်းရဲ့ညာနောက်ခံလူ အဲလ်ဗက်စ်က ဘရာဇီးမှာနေမာမပါလည်းပဲအသင်းက အားနည်းသွားမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ ဘရာဇီးကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကို ခြေကျင်းဝတ်ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့တဲ့သူပဲဖြစ်ပါတယ်။

အဲလ်ဗက်စ်က ” နေမာပါသည်ဖြစ်စေမပါသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဒီနိုင်ငံအသင်းဆီကိုလာတဲ့အချိန်တိုင်း၊ ဒီနိုင်ငံအသင်းဝတ်စုံကိုဝတ်တဲ့အချိန်တိုင်း၊ အသင်းကိုတိုးတက်ဖို့လုပ်ရမယ်ဆိုတာကိုယုံကြည်ထားပါတယ်၊ သမိုင်းကြောင်းတွေကောင်းတဲ့အသင်းတစ်သင်းကို ကိုယ်စားပြုထားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာအကောင်းဆုံးကြိုးစားရပါမယ်၊ ဒါပေမဲ့ နေမာပါလာရင်တော့ အသင်းကနည်းနည်းလေးပိုကောင်းလာမှာပါ၊ နေမာမရှိရင်တော့ ကျွန်တော်တို့စွမ်းဆောင်

ရည်တွေ၊ပါဝါတွေပိုကောင်းလာမှာပါ၊ ကျွန်တော်တို့က သမိုင်းတစ်ခုကိုကိုယ်စားပြုပါတယ်၊ ကျွန်တော်တို့ရဲ့တာဝန်ကအဲ့ဒီသမိုင်းကို ကာကွယ်ဖို့ပဲဖြစ်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။ အဲလ်ဗက်ဟာ ဘရာဇီးအသင်းရဲ့တတိယမြောက်ပွဲအများဆုံးကစားထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ပွဲပေါင်း(၁၁၀)ပါဝင်ကစားပေးထားခဲ့ပါတယ်။

အဲလ်ဗက်စ်ထက်ပွဲအရေအတွက်ပိုများပြီးကစားထားတဲ့သူတွေကတော့ ကာဖူး(၁၄၂)ပွဲနဲ့ ရော်ဘတ်တိုကားလို့စ်(၁၂၅)ပွဲတို့ပဲဖြစ်ပါတယ်။ လက်ရှိမှာဘရာဇီးဟာ ကိုပါအမေရိကပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး၊ အဖွင့်ပွဲစဉ်မှာ ဘိုလီးဗီးယားကို သုံးဂိုးဂိုးမရှိနဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဗင်နီဇွဲလားအသင်းနဲ့ (၁၉)ရက်နေ့မှာယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar