“ေပါ့ဘာဟာမန္ယူႏိုက္တက္မွာလုပ္စရာေတြရွိေနပါေသးတယ္”-ပီရက္စ္

အာဆင္နယ္ကစားသမားပီရက္စ္ဟာ မန္ယူႏိုက္တက္ကေနထြက္ခြာဖို႔ သတင္းေတြထြက္ေနတ့ဲ ေပါ့ဘာနဲ႔ပတ္သက္ျပီး သတိေပးေျပာဆိုမႈအခ်ိဳ႕ျပဳလုပ္သြားခ့ဲပါတယ္။

ပီရက္စ္က ” ကၽြန္ေတာ့္အျမင္မွာေတာ့ ေပါ့ဘာက ကစားသမားေကာင္းတစ္ေယာက္ပါ၊ ဒါေပမ့ဲ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာေတာ့ေပါ့ဘာအတြက္ အလြန္ခက္ခဲတ့ဲရာသီတစ္ခုျဖစ္ခ့ဲပါတယ္၊ မန္ယူနိုက္တက္က ေပါ့ဘာကိုေခၚယူဖို႔ေျပာင္းေရႊ႕ေၾကးအမ်ားၾကီးသံုးခ့ဲရတာပါ၊ ဒါကေပါ့ဘာအတြက္ အလြန္ခက္ခဲပါတယ္၊ အထူးသျဖင့္ အစပိုင္းမွာေပါ့ဗ်ာ၊ ဒါေပမ့ဲ ကၽြန္ေတာ့္အတြက္ေတာ ့ ေပါ့ဘာဟာ မန္ယူႏိုက္တက္မွာဆက္ေနဖို႔အေရးၾကီးပါတယ္၊ မန္ယူနိုက္တက္ဟာကမာၻေပၚမွာေအကာင္းဆံုး

နဲ႔ အၾကီးက်ယ္ဆံုးကလပ္တစ္ခုပါ၊ ေပါ့ဘာအေနနနဲ႔မန္ယူႏိုက္တက္မွာ လုပ္စရာေတြရွိေနပါေသးတယ္၊ ေနာက္ျပီး မန္ယူႏုိက္တက္က ေပါ့ဘာအတြက္ဘာ့ေၾကာင့္ေငြေၾကးအမ်ားၾကီးသံုးခ့ဲလဲဆိုတ့ဲအေၾကာင္းက သူတို႔ဟာ ေပါ့ဘာကိုအမ်ားၾကီးယံုၾကည္ထားလို႔ပါ၊ သူက မန္ယူႏိုက္တက္အတြက္ စစ္မွန္တ့ဲ ဦးေဆာင္သူတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ေပါ့ဘာဟာ (၂၀၁၆)ခုႏွစ္က ဂ်ဳဗင္တပ္ကေန မန္ယူနုိက္တက္ကိုျပန္လည္ေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ ေပါ့ဘာဟာ မန္ယူႏိ္ုက္တက္နဲ႔အတူ သူ႔ရဲ႕ဒုတိယေျမာက္ေဘာလံုးရာသီမွာ အီးအက္ဖ္အယ္ဖလားနဲ႔ယူရိုပါလိဂ္ဖလားတို႔ကိုရရွိႏိုင္ခ့ဲပါတယ္။ လက္ရွိမွာေပါ့ဘာကိုေခၚယူဖို႔ ဂ်ဳဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔က စိတ္၀င္စားေနတာျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာေပါ့ဘာကို အာဆင္နယ္ကစားသမားေဟာင္းပီရက္စ္က အခုလိုမ်ိဳး သတိေပးေျပာဆိုသြားခ့ဲတာပဲျဖစ္ပါတယ္။ ေပါ့ဘာဟာ မန္ယူႏိုက္တက္မွာပဲဆက္ရွိေနမလား၊ ဒါမွမဟုတ္ ရီးရဲလ္နဲ႔ဂ်ဳဗင္တပ္တို႔ထဲက တစ္သင္းသင္းကိုပဲေျပာင္းေရႊ႕သြားမလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

“ပေါ့ဘာဟာမန်ယူနိုက်တက်မှာလုပ်စရာတွေရှိနေပါသေးတယ်”-ပီရက်စ်

အာဆင်နယ်ကစားသမားပီရက်စ်ဟာ မန်ယူနိုက်တက်ကနေထွက်ခွာဖို့ သတင်းတွေထွက်နေတဲ့ ပေါ့ဘာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုမှုအချို့ပြုလုပ်သွားခဲ့ပါတယ်။

ပီရက်စ်က ” ကျွန်တော့်အမြင်မှာတော့ ပေါ့ဘာက ကစားသမားကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ပေါ့ဘာအတွက် အလွန်ခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်၊ မန်ယူနိုက်တက်က ပေါ့ဘာကိုခေါ်ယူဖို့ပြောင်းရွှေ့ကြေးအများကြီးသုံးခဲ့ရတာပါ၊ ဒါကပေါ့ဘာအတွက် အလွန်ခက်ခဲပါတယ်၊ အထူးသဖြင့် အစပိုင်းမှာပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပေါ့ဘာဟာ မန်ယူနိုက်တက်မှာဆက်နေဖို့အရေးကြီးပါတယ်၊ မန်ယူနိုက်တက်ဟာကမ္ဘာပေါ်မှာအေကာင်းဆုံး

နဲ့ အကြီးကျယ်ဆုံးကလပ်တစ်ခုပါ၊ ပေါ့ဘာအနေနနဲ့မန်ယူနိုက်တက်မှာ လုပ်စရာတွေရှိနေပါသေးတယ်၊ နောက်ပြီး မန်ယူနိုက်တက်က ပေါ့ဘာအတွက်ဘာ့ကြောင့်ငွေကြေးအများကြီးသုံးခဲ့လဲဆိုတဲ့အကြောင်းက သူတို့ဟာ ပေါ့ဘာကိုအများကြီးယုံကြည်ထားလို့ပါ၊ သူက မန်ယူနိုက်တက်အတွက် စစ်မှန်တဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာဟာ (၂၀၁၆)ခုနှစ်က ဂျုဗင်တပ်ကနေ မန်ယူနိုက်တက်ကိုပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူနိုက်တက်နဲ့အတူ သူ့ရဲ့ဒုတိယမြောက်ဘောလုံးရာသီမှာ အီးအက်ဖ်အယ်ဖလားနဲ့ယူရိုပါလိဂ်ဖလားတို့ကိုရရှိနိုင်ခဲ့ပါတယ်။ လက်ရှိမှာပေါ့ဘာကိုခေါ်ယူဖို့ ဂျုဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာပေါ့ဘာကို အာဆင်နယ်ကစားသမားဟောင်းပီရက်စ်က အခုလိုမျိုး သတိပေးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူနိုက်တက်မှာပဲဆက်ရှိနေမလား၊ ဒါမှမဟုတ် ရီးရဲလ်နဲ့ဂျုဗင်တပ်တို့ထဲက တစ်သင်းသင်းကိုပဲပြောင်းရွှေ့သွားမလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar