ကမာၻ႔၀င္ေငြအေကာင္းဆံုးေဘာလံုးသမား(၁၀)ေယာက္- အပိုင္း (၂)

(၅) အင္နီေယစတာ (ဗစ္ဆယ္ကိုဘီ)

အဆင့္(၅)မွာ ဥေရာပေဘာလံုးေလာကနဲ႔ေ၀းခဲ့ျပီျဖစ္တဲ့ အင္နီေယစတာကို ေတြ႕ျမင္ရတာ အနည္းငယ္ေတာ့ အံ့အားသင့္စရာေကာင္းေနပါလိမ့္မယ္။ ဂ်ပန္ကလပ္မွာ အင္နီေယစတာဟာ လစာေငြတစ္ခုတည္းမွ ေဒၚလာ သန္း(၃၀) ရရွိခဲ့ျပီး၊ ထပ္ေဆာင္း၀င္ေငြေတြအပါအ၀င္ စုစုေပါင္း (၃၂.၅)သန္း ၀င္ေငြရခဲ့ပါတယ္။

(၄) ေပါ့ဘာ (မန္ယူႏိုက္တက္)

ေၾကာ္ျငာေတြနဲ႔စပြန္ဆာ၀င္ေငြေတြကေန ေဒၚလာ(၄)သန္း ရရွိခဲ့ျပီး၊ လစာနဲ႔အျခား၀င္ေငြမ်ားမွ ေဒၚလာ (၂၉)သန္း ရခဲ့လို႔ ေပါ့ဘာရဲ႕စုစုေပါင္း၀င္ေငြက ေဒၚလာ (၃၃)သန္းအထိရွိခဲ့ပါတယ္။

(၃) ေနမာ (ပီအက္စ္ဂ်ီ)

ကမာၻေျပာင္းေရႊ႕ေၾကးအျမင့္ဆံုး စံခ်ိန္ရွင္ ေနမာဟာ ျပီးခဲ့တဲ့ရာသီက ဒဏ္ရာေတြနဲ႔ နပမ္းလံုးခဲ့ရေပမဲ့ သူ႔ရဲ႕၀င္ေငြကေတာ့ လက္ဖ်ားခါေလာက္စရာပါပဲ။ ေနမာဟာ ႏိုက္၊ ရက္ဘူးလ္ စတဲ့ နာမည္ေက်ာ္ကုပၼဏီေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားျပီး ၀င္ေငြစုစုေပါင္းဟာ ေဒၚလာ (၁၀၅)သန္း အထိရွိခဲ့ပါတယ္။

(၂) စီေရာ္နယ္ဒို (ဂ်ဴဗင္တပ္)

ဆိုရွယ္မီဒီယာထက္မွာ ေဖာ္လို၀ါေပါင္း သန္း(၄၀၀)နီးပါးကို ပိုင္ဆိုင္ထားတဲ့ စီေရာ္နယ္ဒိုဟာ ျပီးခဲ့တဲ့ႏွစ္မွာ ၀င္ေငြေဒၚလာ (၁၀၉)သန္းရရွိခဲ့ပါတယ္။ ပံုရိပ္အသံုးျပဳခေတြ၊ သရုပ္ေဆာင္ခေတြ၊ စပြန္ဆာေတြကေန ေရာ္နယ္ဒိုဟာ ေဒၚလာ (၄၄)သန္းအထိ ရရွိခဲ့ျပီး၊ စပြန္ဆာကုမၸဏီေတြျဖစ္တဲ့ ႏိုက္၊ ဟာဘာလိုက္ဖ္ နဲ႔ တက္ဟီယူအာ တို႔မွလည္း ၀င္ေငြမ်ားစြာရရွိခဲ့ပါတယ္။

(၁) မက္ဆီ (ဘာစီလိုနာ)

ဒီစာရင္းရဲ႕နံပါတ္(၁)ေနရာကိုေတာ့ ဘာစီလိုနာနဲ႔အာဂ်င္တီးနား ေဘာလံုးေမွာ္ဆရာ မက္ဆီက စုစုေပါင္း ၀င္ေငြ ေဒၚလာ(၁၂၇)သန္းနဲ႔ ဦးေဆာင္ေနျပီး၊ ဒုတိယ၀င္ေငြအမ်ားဆံုးရရွိခဲ့တဲ့ ေရာ္နယ္ဒိုထက္ ေဒၚလာ(၁၈)သန္းေတာင္ သာလြန္ခဲ့ပါတယ္။ လစာကေန အသားတင္ ေဒၚလာသန္း(၈၀) အထိ၀င္ေငြရရွိခဲ့တဲ့အျပင္ မက္ဆီဟာ ပက္ပ္စီ၊ ဟြာေ၀း၊ အူရီဒူး တို႔ကဲ့သို႔ေသာ နာမည္ေက်ာ္အမွတ္တံဆိပ္ေတြမွလည္း စပြန္စာ၀င္ေငြမ်ားစြာ ရရွိခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမား(၁၀)ယောက်- အပိုင်း (၂)

(၅) အင်နီယေစတာ (ဗစ်ဆယ်ကိုဘီ)

အဆင့်(၅)မှာ ဥရောပဘောလုံးလောကနဲ့ဝေးခဲ့ပြီဖြစ်တဲ့ အင်နီယေစတာကို တွေ့မြင်ရတာ အနည်းငယ်တော့ အံ့အားသင့်စရာကောင်းနေပါလိမ့်မယ်။ ဂျပန်ကလပ်မှာ အင်နီယေစတာဟာ လစာငွေတစ်ခုတည်းမှ ဒေါ်လာ သန်း(၃၀) ရရှိခဲ့ပြီး၊ ထပ်ဆောင်းဝင်ငွေတွေအပါအဝင် စုစုပေါင်း (၃၂.၅)သန်း ဝင်ငွေရခဲ့ပါတယ်။

(၄) ပေါ့ဘာ (မန်ယူနိုက်တက်)

ကြော်ငြာတွေနဲ့စပွန်ဆာဝင်ငွေတွေကနေ ဒေါ်လာ(၄)သန်း ရရှိခဲ့ပြီး၊ လစာနဲ့အခြားဝင်ငွေများမှ ဒေါ်လာ (၂၉)သန်း ရခဲ့လို့ ပေါ့ဘာရဲ့စုစုပေါင်းဝင်ငွေက ဒေါ်လာ (၃၃)သန်းအထိရှိခဲ့ပါတယ်။

(၃) နေမာ (ပီအက်စ်ဂျီ)

ကမ္ဘာပြောင်းရွှေ့ကြေးအမြင့်ဆုံး စံချိန်ရှင် နေမာဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရပေမဲ့ သူ့ရဲ့ဝင်ငွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ နေမာဟာ နိုက်၊ ရက်ဘူးလ် စတဲ့ နာမည်ကျော်ကုပ္မဏီတွေနဲ့ စာချုပ်ချုပ်ဆိုထားပြီး ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာ (၁၀၅)သန်း အထိရှိခဲ့ပါတယ်။

(၂) စီရော်နယ်ဒို (ဂျူဗင်တပ်)

ဆိုရှယ်မီဒီယာထက်မှာ ဖော်လိုဝါပေါင်း သန်း(၄၀၀)နီးပါးကို ပိုင်ဆိုင်ထားတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေဒေါ်လာ (၁၀၉)သန်းရရှိခဲ့ပါတယ်။ ပုံရိပ်အသုံးပြုခတွေ၊ သရုပ်ဆောင်ခတွေ၊ စပွန်ဆာတွေကနေ ရော်နယ်ဒိုဟာ ဒေါ်လာ (၄၄)သန်းအထိ ရရှိခဲ့ပြီး၊ စပွန်ဆာကုမ္ပဏီတွေဖြစ်တဲ့ နိုက်၊ ဟာဘာလိုက်ဖ် နဲ့ တက်ဟီယူအာ တို့မှလည်း ဝင်ငွေများစွာရရှိခဲ့ပါတယ်။

(၁) မက်ဆီ (ဘာစီလိုနာ)

ဒီစာရင်းရဲ့နံပါတ်(၁)နေရာကိုတော့ ဘာစီလိုနာနဲ့အာဂျင်တီးနား ဘောလုံးမှော်ဆရာ မက်ဆီက စုစုပေါင်း ဝင်ငွေ ဒေါ်လာ(၁၂၇)သန်းနဲ့ ဦးဆောင်နေပြီး၊ ဒုတိယဝင်ငွေအများဆုံးရရှိခဲ့တဲ့ ရော်နယ်ဒိုထက် ဒေါ်လာ(၁၈)သန်းတောင် သာလွန်ခဲ့ပါတယ်။ လစာကနေ အသားတင် ဒေါ်လာသန်း(၈၀) အထိဝင်ငွေရရှိခဲ့တဲ့အပြင် မက်ဆီဟာ ပက်ပ်စီ၊ ဟွာဝေး၊ အူရီဒူး တို့ကဲ့သို့သော နာမည်ကျော်အမှတ်တံဆိပ်တွေမှလည်း စပွန်စာဝင်ငွေများစွာ ရရှိခဲ့ပါတယ်။

လူညိုချော@SportsGabar