ေမွ်ာ္လင့္ခ်က္မ့ဲေနတ့ဲေဘးလ္အတြက္ဘိုင္ယန္ကေကာက္ရိုးတစ္မ်ွင္လား?

စပါးအသင္းနဲ႔အတူပရီးမီးယားလိဂ္မွာေအာင္ျမင္ခ့ဲတ့ဲေဘးလ္တစ္ေယာက္ ရီးရဲလ္မွာေတာ့ သူ႔ရဲ႕ကစားသမားဘ၀ကအနိမ့္အျမင့္အတက္အက်ေတြနဲ႔ သိပ္ျပီးခမ္းနားထည္၀ါမႈမရွိလွပါဘူး။ လက္၇ွိမွာလည္း ရီးရဲလ္ရဲ႕တစ္ေက်ာ့ျပန္နည္းျပ ဇီဒန္းက ေဘးလ္ကိုအလိုမရွိေတာ့ဘူးလို႔ လူသိရွင္ၾကားေျပာၾကားထားခ့ဲတာပါ။ ရီးရဲလ္မွာ အနာဂတ္မရွိေတာ့တ့ဲေဘးလ္တစ္ေယာက္ မက္ဒရစ္ျမိဳ႕မွာ အနာဂတ္လမ္းေတြေပ်ာက္ေနရင္း ေတြေ၀ေနခိုက္ သူ႔ရဲ႕တန္ဖိုးကိုသိတ့ဲ အသင္းတစ္သင္းက ထြက္ေပၚလာခ့ဲပါတယ္။

ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ရီးရဲလ္မွာ အနာဂတ္ေပ်ာက္ေနတ့ဲ ေဘးလ္ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ ရီးရဲလ္ဟာ ဒီေႏြေစ်းကြက္ထဲမွာ ကစားသမား(၆)ဦးအထိေခၚယူထားျပီးျဖစ္ကာ၊ လာမယ့္ရာသီအတြက္ျပင္ဆင္မႈေတြ အေသအခ်ာျပဳလုပ္ေနတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရီးရဲလ္မွာ လမ္းစေပ်ာက္ေနတ့ဲ ေဘးလ္အတြက္ ဘိုင္ယန္က လြတ္ေျမာက္ဖို႔လမ္းစတစ္ခုျဖစ္ေနပါတယ္။

ဘိုင္ယန္ဟာ အသင္းကေနထြက္ခြာသြားျပီျဖစ္တ့ဲ ရစ္ဘာရီနဲ႔ေရာ္ဘင္တို႔ရဲ႕ေနရာမွာ အစားထိုးဖို႔ ကမာၻ႕အဆင့္ေတာင္ပံကစားသမားတစ္ဦးကိုရွာေဖြဖို႔ျပင္ဆင္ေနခ်ိန္မွာ ေဘးလ္ကိုေတြ႔ရွိခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ ထြက္ေပၚေနတ့ဲ သတင္းေတြအရ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေဘးလ္ကို အငွားစာခ်ဳပ္နဲ႔သာေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ေဘးလ္ကိုအငွားနဲ႔ေခၚယူခ်င္တာျဖစ္ေပမ့ဲ ေဘးလ္အေနနဲ႔ဘိုင္ယန္ျမဴးနစ္လို အသင္းမ်ိဳးမွာ သူ႔ရဲ႕ကစားသမားဘ၀ကို ေကာင္းေကာင္းျပန္စတင္လို႔ရတ့ဲအေနအထားမ်ိဳးျဖစ္ေနတာေၾကာင့္ ေဘးလ္တစ္ေယာက္ မွန္ကန္တ့ဲ ဆံုးျဖတ္ခ်က္ေတြခ်ဖို႔ေတာ့လိုအပ္ေနတာပဲျဖစ္ပါတယ္။ ေဘးလ္ဟာ ရီးရဲလ္နဲ႔အတူ(၆)ရာသီၾကာျဖတ္သန္းခ့ဲျပီး၊ ပြဲေပါင္း(၁၅၅)ပြဲမွာ သြင္းဂိုး(၇၈)ဂိုးအထိသြင္းယူေပးႏိုင္ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မျှော်လင့်ချက်မဲ့နေတဲ့ဘေးလ်အတွက်ဘိုင်ယန်ကကောက်ရိုးတစ်မျှင်လား?

စပါးအသင်းနဲ့အတူပရီးမီးယားလိဂ်မှာအောင်မြင်ခဲ့တဲ့ဘေးလ်တစ်ယောက် ရီးရဲလ်မှာတော့ သူ့ရဲ့ကစားသမားဘဝကအနိမ့်အမြင့်အတက်အကျတွေနဲ့ သိပ်ပြီးခမ်းနားထည်ဝါမှုမရှိလှပါဘူး။ လက်၇ှိမှာလည်း ရီးရဲလ်ရဲ့တစ်ကျော့ပြန်နည်းပြ ဇီဒန်းက ဘေးလ်ကိုအလိုမရှိတော့ဘူးလို့ လူသိရှင်ကြားပြောကြားထားခဲ့တာပါ။ ရီးရဲလ်မှာ အနာဂတ်မရှိတော့တဲ့ဘေးလ်တစ်ယောက် မက်ဒရစ်မြို့မှာ အနာဂတ်လမ်းတွေပျောက်နေရင်း တွေဝေနေခိုက် သူ့ရဲ့တန်ဖိုးကိုသိတဲ့ အသင်းတစ်သင်းက ထွက်ပေါ်လာခဲ့ပါတယ်။

ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရဲလ်မှာ အနာဂတ်ပျောက်နေတဲ့ ဘေးလ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ရီးရဲလ်ဟာ ဒီနွေဈေးကွက်ထဲမှာ ကစားသမား(၆)ဦးအထိခေါ်ယူထားပြီးဖြစ်ကာ၊ လာမယ့်ရာသီအတွက်ပြင်ဆင်မှုတွေ အသေအချာပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မှာ လမ်းစပျောက်နေတဲ့ ဘေးလ်အတွက် ဘိုင်ယန်က လွတ်မြောက်ဖို့လမ်းစတစ်ခုဖြစ်နေပါတယ်။

ဘိုင်ယန်ဟာ အသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့ ရစ်ဘာရီနဲ့ရော်ဘင်တို့ရဲ့နေရာမှာ အစားထိုးဖို့ ကမ္ဘာ့အဆင့်တောင်ပံကစားသမားတစ်ဦးကိုရှာဖွေဖို့ပြင်ဆင်နေချိန်မှာ ဘေးလ်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘေးလ်ကို အငှားစာချုပ်နဲ့သာခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဘေးလ်ကိုအငှားနဲ့ခေါ်ယူချင်တာဖြစ်ပေမဲ့ ဘေးလ်အနေနဲ့ဘိုင်ယန်မြူးနစ်လို အသင်းမျိုးမှာ သူ့ရဲ့ကစားသမားဘဝကို ကောင်းကောင်းပြန်စတင်လို့ရတဲ့အနေအထားမျိုးဖြစ်နေတာကြောင့် ဘေးလ်တစ်ယောက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့တော့လိုအပ်နေတာပဲဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်နဲ့အတူ(၆)ရာသီကြာဖြတ်သန်းခဲ့ပြီး၊ ပွဲပေါင်း(၁၅၅)ပွဲမှာ သွင်းဂိုး(၇၈)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar