ကမာၻ႔၀င္ေငြအေကာင္းဆံုးေဘာလံုးသမား(၁၀)ေယာက္-အပိုင္း (၁)

ေဘာလံုးအားကစားနည္းဆိုတာ ကမာၻေပၚမွာ ပရိသတ္ အားေပးမႈအမ်ားဆံုး အားကစားနည္းတစ္ခု ျဖစ္တာနဲ႔အမွ် ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားေတြဟလည္း ေသာက္ေသာက္လဲ ၀င္ေငြေတြ ရရွိေနပါတယ္။

ကမာၻေက်ာ္ေဘာလံုးသမားေတြရဲ႕၀င္ေငြပမာဏဆိုရင္ေတာ့ အထူးေျပာစရာမလိုေလာက္ေအာင္ကို ေၾကာက္ခမန္းလိလိ ျမင့္မားေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကမာၻေက်ာ္ေဘာလံုးသမားေတြအနက္ ျပီးခဲ့တဲ့ႏွစ္မွာ ၀င္ေငြအေကာင္းဆံုးျဖစ္ခဲ့တဲ့ (၁၀)ေယာက္ကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

(၁၀) ဂေရ႕ဇ္မန္း (အက္သလက္တီကို)

ျပင္သစ္တိုက္စစ္မွဴး ဂေရ႕ဇ္မန္း ဟာ သူ႔ရဲ႕လစာ (၂၃.၂)သန္း အပါအ၀င္၊ စပြန္ဆာမ်ား၊ ေၾကာ္ျငာမ်ားနဲ႔ အျခား၀င္ေငြအရပ္ရပ္မွ ရရွိတဲ့ (၄.၅)သန္းကို ထပ္ေပါင္းလိုက္မယ္ဆိုရင္ စုစုေပါင္းသူ႔ရဲ႕ ၀င္ေငြပမာဏက (၂၇.၇) သန္းအထိရွိခဲ့ပါတယ္။

(၉) ေအာ္စကာ (ရွန္ဟိုင္း SIPG)

တရုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္း SIPG အသင္းရဲ႕ကြင္းလယ္လူ ေအာ္စကာ က ႏွစ္စဥ္ လစာေငြ ေဒၚလာ (၂၇)သန္းရရွိေနျပီး၊ အပိုဆုေၾကးမ်ား နဲ႔ စပြန္ဆာမ်ားမွလည္း ေဒၚလာ (၂)သန္း ရရွိေနလို႔ သူ႔ရဲ႕စုစုေပါင္း ၀င္ေငြက ေဒၚလာ (၂၉)သန္း ရွိခဲ့ပါတယ္။

(၈) အိုေဇးလ္ (အာဆင္နယ္)

အာဆင္နယ္ကြင္းလယ္လူအိုေဇးလ္ကေတာ့ ျပီးခဲ့တဲ့ႏွစ္မွာ ေျခစြမ္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရေပမဲ့ သူ႔ရရွိခဲ့တဲ့ ၀င္ေငြကေတာ့ စုစုေပါင္း ေဒၚလာ(၃၀.၂)သန္းအထိရွိခဲ့ပါတယ္။ အိုေဇးလ္ဟာ မာစီဒီးဘန္ဇ္၊ ဘိစ္ဘိုင္ဒရီ နဲ႔ အက္ဒီးဒက္စ္ ကုပၼဏီေတြကလည္း စပြန္ဆာ၀င္ေငြေတြ ရရွိေနပါတယ္။

(၇) ကိုင္လီယံဘာေပ (ပီအက္စ္ဂ်ီ)

ဘာေပဟာ လစာတင္ပဲ အသားတင္ ေဒၚလာ(၂၆.၆)သန္း ၀င္ေငြရရွိခဲ့ျပီး၊ ေၾကာ္ျငာမ်ား စပြန္ဆာမ်ားမွရရွိတဲ့ ေဒၚလာ (၄)သန္းထပ္ေပါင္းလိုက္မယ္ဆိုရင္ သူ႔ရဲ႕၀င္ေငြ စုစုေပါင္းက ေဒၚလာ (၃၀.၆)သန္း ရွိခဲ့ပါတယ္။

(၆) ဆန္းခ်က္ (မန္ယူႏိုက္တက္)

မန္ခ်က္စတာယူႏိုက္တက္မွာ ပံုမွန္ပြဲထြက္ခြင့္ေတာင္မရခဲ့ေပမဲ့ ခ်ီလီသားကေတာ့ အဆင့္(၆) ခ်ိတ္ခဲ့ပါတယ္။ လစာနဲ႔အပိုဆုေၾကးေတြကေန ေဒၚလာ(၂၈.၃)သန္းရရွိခဲ့ျပီး၊ အျခား၀င္ေငြ ေဒၚလာ (၂.၅)သန္း ပါထပ္ေပါင္းလိုက္ရင္ စုစုေပါင္း ေဒၚလာ(၃၀.၈)သန္းအထိရွိခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမား(၁၀)ယောက်-အပိုင်း (၁)

ဘောလုံးအားကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှုအများဆုံး အားကစားနည်းတစ်ခု ဖြစ်တာနဲ့အမျှ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟလည်း သောက်သောက်လဲ ဝင်ငွေတွေ ရရှိနေပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ဝင်ငွေပမာဏဆိုရင်တော့ အထူးပြောစရာမလိုလောက်အောင်ကို ကြောက်ခမန်းလိလိ မြင့်မားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ္ဘာကျော်ဘောလုံးသမားတွေအနက် ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ (၁၀)ယောက်ကို ဖော်ပြပေးသွားချင်ပါတယ်။

(၁၀) ဂရေ့ဇ်မန်း (အက်သလက်တီကို)

ပြင်သစ်တိုက်စစ်မှူး ဂရေ့ဇ်မန်း ဟာ သူ့ရဲ့လစာ (၂၃.၂)သန်း အပါအဝင်၊ စပွန်ဆာများ၊ ကြော်ငြာများနဲ့ အခြားဝင်ငွေအရပ်ရပ်မှ ရရှိတဲ့ (၄.၅)သန်းကို ထပ်ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်းသူ့ရဲ့ ဝင်ငွေပမာဏက (၂၇.၇) သန်းအထိရှိခဲ့ပါတယ်။

(၉) အော်စကာ (ရှန်ဟိုင်း SIPG)

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းရဲ့ကွင်းလယ်လူ အော်စကာ က နှစ်စဉ် လစာငွေ ဒေါ်လာ (၂၇)သန်းရရှိနေပြီး၊ အပိုဆုကြေးများ နဲ့ စပွန်ဆာများမှလည်း ဒေါ်လာ (၂)သန်း ရရှိနေလို့ သူ့ရဲ့စုစုပေါင်း ဝင်ငွေက ဒေါ်လာ (၂၉)သန်း ရှိခဲ့ပါတယ်။

(၈) အိုဇေးလ် (အာဆင်နယ်)

အာဆင်နယ်ကွင်းလယ်လူအိုဇေးလ်ကတော့ ပြီးခဲ့တဲ့နှစ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ သူ့ရရှိခဲ့တဲ့ ဝင်ငွေကတော့ စုစုပေါင်း ဒေါ်လာ(၃၀.၂)သန်းအထိရှိခဲ့ပါတယ်။ အိုဇေးလ်ဟာ မာစီဒီးဘန်ဇ်၊ ဘိစ်ဘိုင်ဒရီ နဲ့ အက်ဒီးဒက်စ် ကုပ္မဏီတွေကလည်း စပွန်ဆာဝင်ငွေတွေ ရရှိနေပါတယ်။

(၇) ကိုင်လီယံဘာပေ (ပီအက်စ်ဂျီ)

ဘာပေဟာ လစာတင်ပဲ အသားတင် ဒေါ်လာ(၂၆.၆)သန်း ဝင်ငွေရရှိခဲ့ပြီး၊ ကြော်ငြာများ စပွန်ဆာများမှရရှိတဲ့ ဒေါ်လာ (၄)သန်းထပ်ပေါင်းလိုက်မယ်ဆိုရင် သူ့ရဲ့ဝင်ငွေ စုစုပေါင်းက ဒေါ်လာ (၃၀.၆)သန်း ရှိခဲ့ပါတယ်။

(၆) ဆန်းချက် (မန်ယူနိုက်တက်)

မန်ချက်စတာယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်တောင်မရခဲ့ပေမဲ့ ချီလီသားကတော့ အဆင့်(၆) ချိတ်ခဲ့ပါတယ်။ လစာနဲ့အပိုဆုကြေးတွေကနေ ဒေါ်လာ(၂၈.၃)သန်းရရှိခဲ့ပြီး၊ အခြားဝင်ငွေ ဒေါ်လာ (၂.၅)သန်း ပါထပ်ပေါင်းလိုက်ရင် စုစုပေါင်း ဒေါ်လာ(၃၀.၈)သန်းအထိရှိခဲ့ပါတယ်။

လူညိုချော@SportsGabar