YREO FC အသင္းရဲ႕ကစားသမားေလး ျဖဴျဖဴ၀င္းဟာ AFF Women’s Championship 2019 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာအမ်ိဳးသမီး လက္ေရြးစင္အသင္းႀကီးမွာ ပထမဦးဆံုးေရြးခ်ယ္ ခံခဲ့ရတဲ့ခံစားခ်က္ကိုအ႐ိုးသားဆံုးဖြင့္ဟသြားခဲ့ပါတယ္။
ညီမငယ္ေလး ျဖဴျဖဴဝင္းဟာ အသက္(၁၅)ႏွစ္အရြယ္ သာ႐ွိေသးေပမဲ့ တိုင္းအဆင့္ကေန တစ္ဆင့့္ျပီး တစ္ဆင့္ ပါခဲ့တာျဖစ္သလို၊ YREO FC အသင္းမွာသူျပသခဲ့တဲ့ ေျခစြမ္းေကာင္းေတြေၾကာင့္လည္း လက္ေရြးစင္စီနီယာအသင္းႀကီးမွာ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ျပီး ျဖဴျဖဴ၀င္းက-
” ဘယ္လိုေျပာရမလဲ…အရမ္းေပ်ာ္ပါတယ္၊ ဒီအဆင့္ထိလည္း မေမွ်ာ္မွန္းထားပါဘူး…”
“ပထမဦးဆံုးကစားဖူးတာကေတာ့ ရန္ကုန္တိုင္းပြဲေပါ့၊ တိုင္းပြဲကေနမွ ယူ (၁၆)၊ AFF၊ ၿပီးလို႔႐ွိရင္ ပထမအဆင္႔ေျခစစ္ပြဲ၊ ဒုတိယအဆင့္ ေျခစစ္ပြဲ၊ ေနာက္ေတာ့ ယူ(၁၉)မွာ ထပ္ပါခဲ့တယ္၊ အဲဒီကေနမွ အခုလို အေရြးခံခဲ့ရတာပါ…”
” စီနီယာေတြက strong ျဖစ္တယ္၊ သမီးက သူတို႔ထက္အရမ္းလည္းငယ္ေသးတယ္၊ အေတြ႔အၾကံဳလည္း ႏုေသးတယ္ဆိုေတာ့ နည္းနည္း အား (၂)ဆေလာက္ပိုထုတ္ရတာေပါ့…”
” အစပိုင္းမွာေတာ့ ေလ့က်င့္ခန္းေတြဘာေတြလုပ္ရင္ မွားမွာေၾကာက္တယ္၊ အခု နည္းနည္းတစ္ရက္ ႏွစ္ရက္ေလာက္ၾကာေတာ့ ေနသားက်ေနၿပီ၊ အႀကီးေတြနဲ႔လည္း နည္းနည္းအတြဲညီေနပါၿပီ၊ ၾကံ့ခိုင္မႈအပိုင္းေတာ့ ကြာေသးတာေပါ့…” လို႔ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။
လူညိဳေခ်ာ@SportsGabar
unicode
လက်ရွေးစင်အသင်းကြီးမှာအရွေးခံခဲ့ရလို့ ဝမ်းသာနေတဲ့ ဖြူဖြူဝင်း
YREO FC အသင်းရဲ့ကစားသမားလေး ဖြူဖြူဝင်းဟာ AFF Women’s Championship 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကြီးမှာ ပထမဦးဆုံးရွေးချယ် ခံခဲ့ရတဲ့ခံစားချက်ကိုအရိုးသားဆုံးဖွင့်ဟသွားခဲ့ပါတယ်။
ညီမငယ်လေး ဖြူဖြူဝင်းဟာ အသက်(၁၅)နှစ်အရွယ် သာရှိသေးပေမဲ့ တိုင်းအဆင့်ကနေ တစ်ဆင့့်ပြီး တစ်ဆင့် ပါခဲ့တာဖြစ်သလို၊ YREO FC အသင်းမှာသူပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်လည်း လက်ရွေးစင်စီနီယာအသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖြူဖြူဝင်းက-
” ဘယ်လိုပြောရမလဲ…အရမ်းပျော်ပါတယ်၊ ဒီအဆင့်ထိလည်း မမျှော်မှန်းထားပါဘူး…”
“ပထမဦးဆုံးကစားဖူးတာကတော့ ရန်ကုန်တိုင်းပွဲပေါ့၊ တိုင်းပွဲကနေမှ ယူ (၁၆)၊ AFF၊ ပြီးလို့ရှိရင် ပထမအဆင့်ခြေစစ်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ၊ နောက်တော့ ယူ(၁၉)မှာ ထပ်ပါခဲ့တယ်၊ အဲဒီကနေမှ အခုလို အရွေးခံခဲ့ရတာပါ…”
” စီနီယာတွေက strong ဖြစ်တယ်၊ သမီးက သူတို့ထက်အရမ်းလည်းငယ်သေးတယ်၊ အတွေ့အကြုံလည်း နုသေးတယ်ဆိုတော့ နည်းနည်း အား (၂)ဆလောက်ပိုထုတ်ရတာပေါ့…”
” အစပိုင်းမှာတော့ လေ့ကျင့်ခန်းတွေဘာတွေလုပ်ရင် မှားမှာကြောက်တယ်၊ အခု နည်းနည်းတစ်ရက် နှစ်ရက်လောက်ကြာတော့ နေသားကျနေပြီ၊ အကြီးတွေနဲ့လည်း နည်းနည်းအတွဲညီနေပါပြီ၊ ကြံ့ခိုင်မှုအပိုင်းတော့ ကွာသေးတာပေါ့…” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
လူညိုချော@SportsGabar