အဖြင့္ပြဲမွာ ရံႈးနိမ့္အျပီး မက္ဆီ ဘာေျပာခဲ့လဲ?

အာဂ်င္တီးနားအသင္းဟာ သူတို႔ရဲ႕ကိုပါအေမရိက အဖြင့္ပြဲစဥ္မွာ ကိုလံဘီယာအသင္းကို ရံႈးနိမ့္သြားခဲ့ျပီးေနာက္ လီယြန္နယ္မက္ဆီက သူတို႔ အေနနဲ႔ ညည္းညဴေနဖို႔ အခ်ိန္မရွိဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

အာဂ်င္တီးနားဟာ ကိုလံဘီယာအသင္းအေပၚ ေဘာလံုးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမဲ့လည္း ဒုတိယပိုင္းအေရာက္မွာ ေနာက္က်သြင္းဂိုးေတြကို ဆက္တိုက္ဆိုသလို ခြင့္ျပဳခဲ့ရတာေၾကာင့္ (၂)ဂိုး၊ ဂိုးမရွိရလဒ္နဲ႔ ရံႈးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဂ်င္တီးနားအသင္းအေနနဲ႔ ေနာက္ပြဲစဥ္ေတြမွာ အမွားခံလို႔မရေတာ့တဲ့အေနအထားဆိုက္သြားခဲ့ပါတယ္။

ဒါေပမဲ့ ဘာစီလိုနာ အာဂ်င္တီးနားတိုက္စစ္မွဴး မက္ဆီကေတာ့ ဖိအားေတြကို ေက်ာ္ျဖတ္ႏိုင္ေအာင္ၾကိဳးစားသြားမွာျဖစ္ျပီး လက္ေလွ်ာ့သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့တာပါ။ မက္ဆီက-

” ကိုလံဘီယာဟာ ေဘာလံုးကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့ေပမဲ့ အပိုင္အခြင့္အေရးေတြေတာ့ ကြ်န္ေတာ္တို႔ေလာက္မရခဲ့ပါဘူး၊ ဒုတိယပိုင္းမွာ ကြ်န္ေတာ္တို႔ ဂိုးရဖို႔ တိုက္စစ္ကို အာရံုစိုက္ေနခဲ့တာေၾကာင့္ သူတို႔ ဂိုးသြင္းႏိုင္ဖို႔ အခြင့္အေရးရရွိသြားခဲ့ပါတယ္ ”

” ကြ်န္ေတာ္တို႔ ဒါကို ေက်ာ္ျဖတ္ႏိုင္ေအာင္ အေကာင္းဘက္ကေနရႈျမင္ရပါမယ္၊ ကြ်န္ေတာ္တို႔ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြကို လက္ခံဖို႔ အဆင္သင့္ပါပဲ၊ ရံႈးပြဲအတြက္ ကြ်န္ေတာ္တို႔ ညည္းညဴေနဖို႔အခ်ိန္မရွိပါဘူး၊ ပြဲေတြက်န္ေသးတာေၾကာင့္ ကြ်န္ေတာ္တို႔ရဲ႕ေခါင္းေတြကို ဦးေမာ့ထားရပါမယ္ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းဟာ ေနာက္ထပ္ အုပ္စုပြဲစဥ္ေတြအျဖစ္ ဇြန္လ (၁၉)ရက္ေန႔မွာ ပါရာေဂြး၊ ဇြန္လ (၂၃)ရက္ေန႔မွာ ကာတာ အသင္းေတြနဲ႔ ရင္ဆိုင္သြားရဖို႔ရွိေနျပီး၊ ရလဒ္ေကာင္းေတြျပန္ရယူႏိုင္ဖို႔ မက္ဆီက ေမွ်ာ္လင့္ေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အဖွင့်ပွဲမှာ ရှုံးနိမ့်အပြီး မက်ဆီ ဘာပြောခဲ့လဲ?

အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ကိုပါအမေရိက အဖွင့်ပွဲစဉ်မှာ ကိုလံဘီယာအသင်းကို ရှုံးနိမ့်သွားခဲ့ပြီးနောက် လီယွန်နယ်မက်ဆီက သူတို့ အနေနဲ့ ညည်းညူနေဖို့ အချိန်မရှိဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားဟာ ကိုလံဘီယာအသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့လည်း ဒုတိယပိုင်းအရောက်မှာ နောက်ကျသွင်းဂိုးတွေကို ဆက်တိုက်ဆိုသလို ခွင့်ပြုခဲ့ရတာကြောင့် (၂)ဂိုး၊ ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားအသင်းအနေနဲ့ နောက်ပွဲစဉ်တွေမှာ အမှားခံလို့မရတော့တဲ့အနေအထားဆိုက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကတော့ ဖိအားတွေကို ကျော်ဖြတ်နိုင်အောင်ကြိုးစားသွားမှာဖြစ်ပြီး လက်လျှော့သွားမှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာပါ။ မက်ဆီက-

” ကိုလံဘီယာဟာ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပေမဲ့ အပိုင်အခွင့်အရေးတွေတော့ ကျွန်တော်တို့လောက်မရခဲ့ပါဘူး၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဂိုးရဖို့ တိုက်စစ်ကို အာရုံစိုက်နေခဲ့တာကြောင့် သူတို့ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးရရှိသွားခဲ့ပါတယ် ”

” ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်အောင် အကောင်းဘက်ကနေရှုမြင်ရပါမယ်၊ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို လက်ခံဖို့ အဆင်သင့်ပါပဲ၊ ရှုံးပွဲအတွက် ကျွန်တော်တို့ ညည်းညူနေဖို့အချိန်မရှိပါဘူး၊ ပွဲတွေကျန်သေးတာကြောင့် ကျွန်တော်တို့ရဲ့ခေါင်းတွေကို ဦးမော့ထားရပါမယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ နောက်ထပ် အုပ်စုပွဲစဉ်တွေအဖြစ် ဇွန်လ (၁၉)ရက်နေ့မှာ ပါရာဂွေး၊ ဇွန်လ (၂၃)ရက်နေ့မှာ ကာတာ အသင်းတွေနဲ့ ရင်ဆိုင်သွားရဖို့ရှိနေပြီး၊ ရလဒ်ကောင်းတွေပြန်ရယူနိုင်ဖို့ မက်ဆီက မျှော်လင့်နေပါတယ်။

လူညိုချော@SportsGabar