လူကာကူကို ခနဲ႔သြားခဲ့တဲ့ သူ႕ရဲ႕ေအးဂ်င့္

လူကာကူဟာ ေအးဂ်င့္ျဖစ္သူ ပါစတိုရယ္လာ ပို႔ထားတဲ့ မက္ေဆ့ေတြကို ရီပလိုင္း မျပန္ဘဲ လစ္လ်ဴရႈခဲ့တယ္လို႔သိရပါတယ္။ ဒါကိုမေက်နပ္တဲ့ ပါစတိုရယ္လာက လူကာကူရဲ႕ အင္စတာဂရမ္ပို႔စ္တစ္ခုရဲ႕ေအာက္မွာ ခနဲ႔တဲ့ မွတ္ခ်က္တစ္ခုကို ၀င္ေရာက္ေရးသားခဲ့ပါတယ္။

စီးရီးေအကလပ္အင္တာမီလန္အသင္းနဲ႔ သတင္းေတြထြက္ေပၚေနျပီး ယူႏိုက္တက္မွာ အနာဂတ္မေသခ်ာျဖစ္ေနတဲ့ လူကာကူရဲ႕ ကိုယ္ပိုင္အေကာင့္ကေနတင္ထားခဲ့တဲ့ အင္စတာဂရမ္ပို႔စ္တစ္ခုရဲ႕ေအာက္မွာ ပါစတိုရယ္လာက သူပို႔ထားတဲ့ မက္ေဆ့ေတြအတြက္ လူကာကူကို အသိေပးမႈလည္းျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပါစတိုရယ္လာက လူကာကူရဲ႕အင္စတာဂရမ္ပို႔စ္ေအာက္မွာ –

” WhatsApp မွာ မင္းဆီ ငါပို႔ထားတဲ့ မက္ေဆ့ေတြကို မင္းၾကည့္ျပီးျပီလား?? “ဆိုတဲ့စာသားကို ဟားတိုက္ရယ္ေမာေနတဲ့ emojis (HaHa)သံုးခုနဲ႔အတူ မွတ္ခ်က္ ၀င္ေပးခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံတကာပြဲစဥ္ေတြ ျပီးတဲ့ေနာက္ အသက္ (၂၆)ႏွစ္အရြယ္ လူကာကူဟာ လက္ရွိမွာ သူ႔ရဲ႕အားလပ္ရက္ကို ျဖတ္သန္းေနျပီး၊ ယူႏိုက္တက္ဆီ ျပန္ မျပန္ကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ အင္တာမီလန္နည္းျပသစ္ျဖစ္လာတဲ့ အန္တိုနီယိုကြန္တီကေတာ့ သူ႔ရဲ႕အဓိက ပစ္မွတ္အျဖစ္ လူကာကူကို ခ်ိန္ရြယ္ေနျပီး ေႏြေစ်းကြက္ မပိတ္ခင္မွာ ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ လူကာကူက-

” ကြန္တီက ကြ်န္ေတာ့္ကို အင္တာမီလန္ဆီေခၚခ်င္ေနတာ ေကာင္းပါတယ္၊ သူက ကမာၻေပၚမွာရွိတဲ့ အေကာင္းဆံုးနည္းျပတစ္ေယာက္ပါ၊ ကြ်န္ေတာ့္ရဲ႕အနာဂတ္အတြက္ေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ ဆံုးျဖတ္ခ်က္ ခ်ထားျပီးပါျပီ၊ ဒါေပမဲ့ အဲတာကိုေတာ့ ယူႏိုက္တက္နဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ေလးစားေသာအားျဖင့္ လွ်ိဳ၀ွက္ထားရပါဦးမယ္ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လူကာကူဟာ (၂၀၁၇)ခုႏွစ္တုန္းက အဲဗာတန္အသင္းကေန ယူႏိုက္တက္အသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၅)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီး၊ အိုးထရက္ဖို႔မွာ (၉၆)ပြဲကစားကာ၊ (၄၂)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ကေတာ့ လူကာကူကို အနည္းဆံုး ေပါင္ (၇၅)သန္းထက္ မေလ်ာ့တဲ့ ႏႈန္းထားနဲ႔ ေရာင္းခ်လိုေနျပီး၊ အင္တာအေနနဲ႔လည္း အဲဒီ့ ပမာဏကို မေပးႏိုင္ခဲ့ရင္ေတာင္ ကစားသမား အလိုက္ေပးျပီး ကမ္းလွမ္းလာဖြယ္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လူကာကူကို ခနဲ့သွားခဲ့တဲ့ သူ့ရဲ့အေးဂျင့်

လူကာကူဟာ အေးဂျင့်ဖြစ်သူ ပါစတိုရယ်လာ ပို့ထားတဲ့ မက်ဆေ့တွေကို ရီပလိုင်း မပြန်ဘဲ လစ်လျူရှုခဲ့တယ်လို့သိရပါတယ်။ ဒါကိုမကျေနပ်တဲ့ ပါစတိုရယ်လာက လူကာကူရဲ့ အင်စတာဂရမ်ပို့စ်တစ်ခုရဲ့အောက်မှာ ခနဲ့တဲ့ မှတ်ချက်တစ်ခုကို ဝင်ရောက်ရေးသားခဲ့ပါတယ်။

စီးရီးအေကလပ်အင်တာမီလန်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေပြီး ယူနိုက်တက်မှာ အနာဂတ်မသေချာဖြစ်နေတဲ့ လူကာကူရဲ့ ကိုယ်ပိုင်အကောင့်ကနေတင်ထားခဲ့တဲ့ အင်စတာဂရမ်ပို့စ်တစ်ခုရဲ့အောက်မှာ ပါစတိုရယ်လာက သူပို့ထားတဲ့ မက်ဆေ့တွေအတွက် လူကာကူကို အသိပေးမှုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပါစတိုရယ်လာက လူကာကူရဲ့အင်စတာဂရမ်ပို့စ်အောက်မှာ –

” WhatsApp မှာ မင်းဆီ ငါပို့ထားတဲ့ မက်ဆေ့တွေကို မင်းကြည့်ပြီးပြီလား?? “ဆိုတဲ့စာသားကို ဟားတိုက်ရယ်မောနေတဲ့ emojis (HaHa)သုံးခုနဲ့အတူ မှတ်ချက် ဝင်ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ ပြီးတဲ့နောက် အသက် (၂၆)နှစ်အရွယ် လူကာကူဟာ လက်ရှိမှာ သူ့ရဲ့အားလပ်ရက်ကို ဖြတ်သန်းနေပြီး၊ ယူနိုက်တက်ဆီ ပြန် မပြန်ကိုတော့ သေချာမသိရသေးပါဘူး။ အင်တာမီလန်နည်းပြသစ်ဖြစ်လာတဲ့ အန်တိုနီယိုကွန်တီကတော့ သူ့ရဲ့အဓိက ပစ်မှတ်အဖြစ် လူကာကူကို ချိန်ရွယ်နေပြီး နွေဈေးကွက် မပိတ်ခင်မှာ ခေါ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ လူကာကူက-

” ကွန်တီက ကျွန်တော့်ကို အင်တာမီလန်ဆီခေါ်ချင်နေတာ ကောင်းပါတယ်၊ သူက ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးနည်းပြတစ်ယောက်ပါ၊ ကျွန်တော့်ရဲ့အနာဂတ်အတွက်တော့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ချက် ချထားပြီးပါပြီ၊ ဒါပေမဲ့ အဲတာကိုတော့ ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားသောအားဖြင့် လျှိုဝှက်ထားရပါဦးမယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ (၂၀၁၇)ခုနှစ်တုန်းက အဲဗာတန်အသင်းကနေ ယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး၊ အိုးထရက်ဖို့မှာ (၉၆)ပွဲကစားကာ၊ (၄၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ကတော့ လူကာကူကို အနည်းဆုံး ပေါင် (၇၅)သန်းထက် မလျော့တဲ့ နှုန်းထားနဲ့ ရောင်းချလိုနေပြီး၊ အင်တာအနေနဲ့လည်း အဲဒီ့ ပမာဏကို မပေးနိုင်ခဲ့ရင်တောင် ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။

လူညိုချော@SportsGabar