တိုင္လီမန္းကိုေခၚယူဖို႔မ်က္စိက်ေနတ့ဲမန္ယူႏုိက္တက္

မန္ယူႏိုက္တက္ဟာ တိုင္လီမန္႔ရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔စကားေျပာဆိုမႈအခ်ိဳ႕အျပီးမွာ တိုင္လီမန္႕ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔သိရပါတယ္။ အသက္(၂၂)ႏွစ္အရြယ္ကစားသမားကို မန္ယူႏိုက္တက္က ေခၚယူဖို႔အတြက္အခ်ိန္အေတာ္ၾကာထဲကေစာင့္ၾကည့္ေနခ့ဲတာပဲျဖစ္ပါတယ္။

တိုင္လီမန္႔ဟာ ျပင္သစ္ကလပ္မိုနာကိုအသင္းရဲ႕ကစားသမားတစ္ဦးျဖစ္ျပီး၊ လက္ရွိ လက္စတာအသင္းမွာ အငွားနဲ႔လာေရာက္ကစားေနတာပဲျဖစ္ပါတယ္။ သတင္းေတြအရ မန္ယူႏိုက္တက္ရဲ႕နည္းျပဆိုးလ္ရွားဟာ တိုင္လီမန္႕ရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ေတြ႔ဆံုခ့ဲျပီး၊ ကစားသမားေခၚယူဖို႔ ေျပာၾကားမႈေတြရွိခ့ဲတယ္လို႔သိရပါတယ္။ တိုင္လီမန္႔ဟာ မိုနာကိုကေနလက္စတာအသင္းကို ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလတုန္းကအငွားနဲ႔ေျပာင္းေရႊ႕ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။

တိုင္လီမန္႕ဟာ ဒီရာသီမွာ မိုနာကိုအတြက္ပြဲေပါင္း(၂၀)ကစားေပးခ့ဲျပီး၊ သြင္းဂိုး(၅)ဂိုးသြင္းယူေပးႏိုင္ခ့ဲပါတယ္။ လက္စတာအသင္းကိုေရာက္ရွိလာခ်ိန္မွာလည္း အသင္းအတြက္(၁၃)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊ သြင္းဂိုး(၃)ဂိုးသြင္းယူေပးႏိုင္ခ့ဲပါတယ္။ မန္ယူႏိုက္တက္ဟာ တိုင္လီမန္႔ရဲ႕ေျခစြမ္းပိုင္းကိုသေဘာက်လ်ွက္ရွိေနတာေၾကာင့္ အခုလိုေခၚယူဖို႔ျပင္ဆင္လာတျဖစ္ပါတယ္။

မန္ယူႏိုက္တက္ရဲ႕ကြင္းလယ္လူေပါ့ဘာရဲ႕အနာဂတ္ဟာလည္းေသခ်ာမႈမရွိတာေၾကာင့္ တိုင္လီမန္႕ကိုေခၚယူဖို႔ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။ ဒီရာသီတိုင္လီမန္႔ရဲ႕ကြင္းလယ္ပိုင္းစြမ္းေဆာင္ရည္ေတြဟာအထင္ၾကီးစရာေကာင္းေနခ့ဲတာျဖစ္ပါတယ္။ မန္ယူႏိုက္တက္အေနနဲ႔တိုင္လီမန္႔ကိုေခၚယူႏိုင္မလားဆိုတာေတာ့ဒီေႏြေစ်းကြက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

တိုင်လီမန်းကိုခေါ်ယူဖို့မျက်စိကျနေတဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်ဟာ တိုင်လီမန့်ရဲ့အေးဂျင့်ဖြစ်သူနဲ့စကားပြောဆိုမှုအချို့အပြီးမှာ တိုင်လီမန့်ကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။ အသက်(၂၂)နှစ်အရွယ်ကစားသမားကို မန်ယူနိုက်တက်က ခေါ်ယူဖို့အတွက်အချိန်အတော်ကြာထဲကစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်။

တိုင်လီမန့်ဟာ ပြင်သစ်ကလပ်မိုနာကိုအသင်းရဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ လက်ရှိ လက်စတာအသင်းမှာ အငှားနဲ့လာရောက်ကစားနေတာပဲဖြစ်ပါတယ်။ သတင်းတွေအရ မန်ယူနိုက်တက်ရဲ့နည်းပြဆိုးလ်ရှားဟာ တိုင်လီမန့်ရဲ့အေးဂျင့်ဖြစ်သူနဲ့တွေ့ဆုံခဲ့ပြီး၊ ကစားသမားခေါ်ယူဖို့ ပြောကြားမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ တိုင်လီမန့်ဟာ မိုနာကိုကနေလက်စတာအသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းကအငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

တိုင်လီမန့်ဟာ ဒီရာသီမှာ မိုနာကိုအတွက်ပွဲပေါင်း(၂၀)ကစားပေးခဲ့ပြီး၊ သွင်းဂိုး(၅)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်စတာအသင်းကိုရောက်ရှိလာချိန်မှာလည်း အသင်းအတွက်(၁၃)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုး(၃)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ တိုင်လီမန့်ရဲ့ခြေစွမ်းပိုင်းကိုသဘောကျလျှက်ရှိနေတာကြောင့် အခုလိုခေါ်ယူဖို့ပြင်ဆင်လာတဖြစ်ပါတယ်။

မန်ယူနိုက်တက်ရဲ့ကွင်းလယ်လူပေါ့ဘာရဲ့အနာဂတ်ဟာလည်းသေချာမှုမရှိတာကြောင့် တိုင်လီမန့်ကိုခေါ်ယူဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒီရာသီတိုင်လီမန့်ရဲ့ကွင်းလယ်ပိုင်းစွမ်းဆောင်ရည်တွေဟာအထင်ကြီးစရာကောင်းနေခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့တိုင်လီမန့်ကိုခေါ်ယူနိုင်မလားဆိုတာတော့ဒီနွေဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar