#၂ ၀စ်ဆယ်(ဒေါ့မွန်)
unicode
(၂၀၁၈-၁၉)ဘောလုံးရာသီရဲ့ဥရောပအကောင်းဆုံးကွင်းလယ်ကစားသမား(၃)ဦး
ကွင်လယ်သမားတွေဟာ အသင်းတစ်သင်းအတွက်အဓိကကျတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ သူတို့မှာ ပွဲရဲ့အရှိန်ကိုထိန်းဖို့တာဝန်တွေရှိပါတယ်။ ကွင်းလယ်ကစားသမားတွေဟာအသင်းရဲ့အကောင်းဆုံးကစားတွေတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကွင်းလယ်ကစားသမားတွေဟာ အသင်းတစ်သင်းရဲ့အသက်သွေးကျောတွေပဲဖြစ်ပါတယ်။
ဒီရာသီမှာအသင်းကိုယ်စီအတွက်ခြေစွမ်းပြပြီးအသင်းရဲ့ကွင်းလယ်အင်ဂျင်ဖြစ်ခဲ့ကြတဲ့ဥရောပထိပ်တန်းလိဂ်က အကောင်းဆုံးကွင်းလယ်ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။
#၃ လို စယ်ဆို(ရီးရဲလ်ဘတ်တစ်)
ဒီရာသီမှာ ဘတ်တစ်အသင်းအတွက် အထူးခြေစွမ်းပြခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လာလီဂါမှာသွင်းဂိုး(၉)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာလည်း သွင်းဂိုး(၅)ဂိုးထိသွင်းယူပေးနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ မှတ်တမ်းတွေအရ စယ်ဆိုရဲ့စွမ်းဆောင်ရည်တွေဟာ ဘတ်တစ်အတွက်တော့ တကယ့်ကိုအဖိုးတန်ခဲ့ပါတယ်။
#၂ ဝစ်ဆယ်(ဒေါ့မွန်)
ဘယ်လ်ဂျီယမ် ကွင်းလယ်ကစာသမားလေး ဝစ်ဆယ်ကို ဒေါ့မွန်မှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ယုံကြည်မထားခဲ့ကြပါဘူး။ ဒါပေမဲ့လည်း လူတွေရဲ့မယုံကြည်မှုတွေကို ဒီရာသီမှာသူ့ရဲ့ခြေစွမ်းတွေနဲ့ ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ပြိုှုပွဲစုံသွင်းဂိုး(၅)နဲ့ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ ဒီရာသီဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမား(၃)ဦးထဲမှာပါဝင်ခဲ့ပါတယ်။
#၁ ဘနာဒိုဆေးလ်ဗား(မန်စီးတီး)
မိုနာကိုကွင်းလယ်ကစားသမားဟောင်း ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းအတွက်(၁၅)ပွဲသာပွဲထွက်ပါဝင်ကစားခဲ့တဲ့သူပဲဖြစ်ပါတယ်။ ဒါပေမဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာတော့ အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ဒီဘရိုင်း ဒဏ်ရာပြဿတွေနဲ့အနားယူနေခဲ့ရပြီးနောက်ပိုင်း သူ့အတွက် အခွင့်အလမ်းတွေကိုရရှိလာခဲ့ပါတယ်။ ဒီဘရိုင်းရဲ့နေရာကိုအစားထိုးနိုင်ခဲ့ပြီး၊ သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့မန်စီးတီးအသင်းရဲ့ကွင်းလယ်မှာ အဓိကကျတဲ့ကစားသမားဖြစ်လာပြီး၊ ဒီရာသီဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲမှာထိပ်ဆုံးကရပ်တည်နေတာပဲဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar