ကိုပါအေမရိကဖလားကို အာဂ်င္တီးနားမရႏိုင္တ့ဲအေၾကာင္းအရင္း(၃)ခ်က္

ဘရာဇီးႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ကိုပါအေမရိကျပိဳင္ပြဲၾကီးကေတာ့စတင္ေနျပီပဲျဖစ္ပါတယ္။ အိမ္ရွင္ဘရာဇီးနဲ႔ မက္ဆီဦးေဆာင္လာတ့ဲ အာဂ်င္တီးနားအသင္းတို႔က ဗိုလ္စြဲဖို႔ေရပန္းအစားဆံုးျဖစ္ေနတာပဲျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ ေျပာစရာတစ္ခုရွိလာတာက မက္ဆီရဲ႕အာဂ်င္တီးနားအသင္းပဲျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ကစားသမားအင္အားနဲ႔ေျခစြမ္းပိုင္းေကာင္းမြန္ေပမ့ဲ ႏိုင္ငံအသင္းျပိဳင္ပြဲေတြမွာေတာ့ ေအာင္ျမင္မႈေတြနဲ႔အလွမ္းေ၀းေနတာပဲျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ဗိုလ္စြဲဖို႔ေရပန္းစားလာေပမ့ဲ အာဂ်င္တီးနားအေနနဲ႔ ကိုပါအေမရိကဖလားကိုမရရွိႏိုင္တ့ဲအေၾကာင္းအရင္း(၃)ခ်က္ကိုေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

#၃ မက္ဆီအေပၚအလြန္အက်ဳးမွီခိုေနရျခင္း
အာဂ်င္တီးနားအသင္းရဲ႕အဓိကျပႆနာက တိုက္စစ္မွဴးမက္ဆီအေပၚမွီေနရျခင္းပါ။ မက္ဆီဟာ အာဂ်င္တီးနားနဲ႔ႏုိင္ငံပြဲေတြမွာ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရေလ့ရွိတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘာစီလိုနာမွာေျခစြမ္းျပႏိုင္သေလာက္ႏိုင္ငံအသင္းမွာ မက္ဆီဟာ အ့ံၾသစရာေကာင္းေလာက္ေအာင္ေျခစြမ္းေပ်ာက္ဆံုးေလ့ရွိေနတာေၾကာင့္ မၾကာခဏေ၀ဖန္ခံေနရတ့ဲသူပဲျဖစ္ပါတယ္။ ကစားသမားေကာင္းေတြအမ်ားၾကီးရွိေပမ့ဲ ႏိုင္ငံတကာပြဲေတြမွာဆို မက္ဆီေျခစြမ္းေပ်ာက္ရင္ အာဂ်င္တီးနားလည္း အေျခအေနမေကာင္းျဖစ္ေနရတာပဲျဖစ္ပါတယ္။

#၂ အသင္းလိုက္ပံုစံေကာင္းေပ်ာက္ဆံုးေနျခင္း
အာဂ်င္တီးနားအသင္းဟာ ကစားသမားေကာင္းေတြအမ်ားအျပားရွိေပမ့ဲ အင္းလိုက္ကစားပံုမွာ ဆိုးရြားေလ့ရွိပါတယ္။ မက္ဆီ၊ဒီမာရီယာ၊ဒိုင္ဘာလာ၊အဂူရို၊ ေအာ္တာမန္ဒီစသျဖင့္သက္ဆိုင္ရလိဂ္ေတြမွာ ေျခစြမ္းေတြျပထားႏိုင္ခ့ဲၾကတ့ဲကစားသမားေတြရွိေနၾကေပမ့ဲ အာဂ်င္တီးနားအသင္းဟာ အသင္းလိုက္ကစားခ့ဲတ့ဲအခါရုန္းကန္ေနရတာပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြကအဂ်င္တီးနားကို ျပိဳင္ပြဲမွာအက်ိဳးသက္ေရာက္မႈရွိလာႏိုင္ပါတယ္။

#၁ ေမ်ွာ္လင့္ခ်က္ၾကီးမားျခင္း
အာဂ်င္တီးနားအသင္းရဲ႕ပရိသတ္ေတြက သူတို႔ရဲ႕အသင္းအေပၚမွာေမ်ွာ္လင့္ခ်က္ေတြအမ်ားၾကီးထားတတ္ၾကပါတယ္။ အာဂ်င္တီးနားဟာ ႏိုင္ငံတကာျပိဳင္ပြဲတိုင္းကိုေမ်ွာ္လင့္ခ်က္ၾကီးၾကီးမားမားနဲ႔၀င္ေရာက္ယွဥ္ျပိဳင္ေလ့ရွိေပမ့ဲ ေနာက္ဆံုးမွာေတာ့လက္ဗလာနဲ႔အိမ္ျပန္ခ့ဲရတာခ်ည္းပါပဲ။ ျပိဳင္ပြဲတစ္ခုျပီးဆံုးသြားတိုင္းက်ရံႈးေနရတ့ဲအတြက္ ပရိသတ္ေတြရဲ႕အိပ္မက္ေတြကိုျဖည့္ဆီးမေပးႏိုင္တ့ဲအခါ ကစားသမားေတြအတြက္ ပိုျပီးဖိအား၀င္ေလ့ရွိေနရတ့ဲပံုစံမ်ိဳးျဖစ္ေနပါတယ္။ ဒါကလည္း အာဂ်င္တီးနားအေပၚအနည္းနဲ႔အမ်ားအက်ိဳးသက္ေရာက္မႈေတြရွိေနတာလည္းျဖစ္ေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ကိုပါအမေရိကဖလားကို အာဂျင်တီးနားမရနိုင်တဲ့အကြောင်းအရင်း(၃)ချက်

ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကြီးကတော့စတင်နေပြီပဲဖြစ်ပါတယ်။ အိမ်ရှင်ဘရာဇီးနဲ့ မက်ဆီဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းတို့က ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ပြောစရာတစ်ခုရှိလာတာက မက်ဆီရဲ့အာဂျင်တီးနားအသင်းပဲဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကစားသမားအင်အားနဲ့ခြေစွမ်းပိုင်းကောင်းမွန်ပေမဲ့ နိုင်ငံအသင်းပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုတွေနဲ့အလှမ်းဝေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဗိုလ်စွဲဖို့ရေပန်းစားလာပေမဲ့ အာဂျင်တီးနားအနေနဲ့ ကိုပါအမေရိကဖလားကိုမရရှိနိုင်တဲ့အကြောင်းအရင်း(၃)ချက်ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

#၃ မက်ဆီအပေါ်အလွန်အကျုးမှီခိုနေရခြင်း
အာဂျင်တီးနားအသင်းရဲ့အဓိကပြဿနာက တိုက်စစ်မှူးမက်ဆီအပေါ်မှီနေရခြင်းပါ။ မက်ဆီဟာ အာဂျင်တီးနားနဲ့နိုင်ငံပွဲတွေမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရလေ့ရှိတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာမှာခြေစွမ်းပြနိုင်သလောက်နိုင်ငံအသင်းမှာ မက်ဆီဟာ အံ့သြစရာကောင်းလောက်အောင်ခြေစွမ်းပျောက်ဆုံးလေ့ရှိနေတာကြောင့် မကြာခဏဝေဖန်ခံနေရတဲ့သူပဲဖြစ်ပါတယ်။ ကစားသမားကောင်းတွေအများကြီးရှိပေမဲ့ နိုင်ငံတကာပွဲတွေမှာဆို မက်ဆီခြေစွမ်းပျောက်ရင် အာဂျင်တီးနားလည်း အခြေအနေမကောင်းဖြစ်နေရတာပဲဖြစ်ပါတယ်။

#၂ အသင်းလိုက်ပုံစံကောင်းပျောက်ဆုံးနေခြင်း
အာဂျင်တီးနားအသင်းဟာ ကစားသမားကောင်းတွေအများအပြားရှိပေမဲ့ အင်းလိုက်ကစားပုံမှာ ဆိုးရွားလေ့ရှိပါတယ်။ မက်ဆီ၊ဒီမာရီယာ၊ဒိုင်ဘာလာ၊အဂူရို၊ အော်တာမန်ဒီစသဖြင့်သက်ဆိုင်ရလိဂ်တွေမှာ ခြေစွမ်းတွေပြထားနိုင်ခဲ့ကြတဲ့ကစားသမားတွေရှိနေကြပေမဲ့ အာဂျင်တီးနားအသင်းဟာ အသင်းလိုက်ကစားခဲ့တဲ့အခါရုန်းကန်နေရတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကအဂျင်တီးနားကို ပြိုင်ပွဲမှာအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။

#၁ မျှော်လင့်ချက်ကြီးမားခြင်း
အာဂျင်တီးနားအသင်းရဲ့ပရိသတ်တွေက သူတို့ရဲ့အသင်းအပေါ်မှာမျှော်လင့်ချက်တွေအများကြီးထားတတ်ကြပါတယ်။ အာဂျင်တီးနားဟာ နိုင်ငံတကာပြိုင်ပွဲတိုင်းကိုမျှော်လင့်ချက်ကြီးကြီးမားမားနဲ့ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပေမဲ့ နောက်ဆုံးမှာတော့လက်ဗလာနဲ့အိမ်ပြန်ခဲ့ရတာချည်းပါပဲ။ ပြိုင်ပွဲတစ်ခုပြီးဆုံးသွားတိုင်းကျရှုံးနေရတဲ့အတွက် ပရိသတ်တွေရဲ့အိပ်မက်တွေကိုဖြည့်ဆီးမပေးနိုင်တဲ့အခါ ကစားသမားတွေအတွက် ပိုပြီးဖိအားဝင်လေ့ရှိနေရတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒါကလည်း အာဂျင်တီးနားအပေါ်အနည်းနဲ့အများအကျိုးသက်ရောက်မှုတွေရှိနေတာလည်းဖြစ်နေပါတယ်။

Sirဇော်ကြီး@SportsGabar