အိုင္ကာဒီကိုကမ္းလွမ္းလိုက္တဲ့ ေဒးဗစ္ဘက္ခမ္းပိုင္ အင္တာမိုင္ယာမီအသင္း

မန္ခ်က္စတာယူႏိုက္တက္နဲ႔အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေဘာလံုးမင္းသား ေဒးဗစ္ဘက္ခမ္းကေတာ့ ကစားသမားဘ၀မွာတင္မကပဲ အနားယူခ်ိန္မွာလည္း သူပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းကို အင္အားျဖည့္တင္းျပီး ေအာင္ျမင္မႈေတြရရွိေအာင္ ၾကိဳးပမ္းေနပါတယ္။

ဘက္ခမ္းရဲ႕ မိုင္ယာမီအသင္းဟာ (၂၀၂၀)ခုႏွစ္အတြင္း အေမရိကန္ေမဂ်ာလိဂ္ျပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ျပိဳင္ေတာ့မွာျဖစ္ျပီး အဲဒီ့အတြက္ အဆင္သင့္ျဖစ္ေနေစဖို႔ အသင္းအတြက္ ကစားသမားသစ္ေတြကို ရွာေဖြေနတာလည္းျဖစ္ပါတယ္။ ဘက္ခမ္းဟာ သူ႔အသင္းရဲ႕တိုက္စစ္မွာ ဦးေဆာင္ကစားဖို႔ အင္တာမီလန္ကစားသမား အိုင္ကာဒီကို ေခၚယူခ်င္ေနတာလည္းျဖစ္ပါတယ္။

အိုင္ကာဒီဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီမွာ အင္တာမီလန္အသင္းရဲ႕ေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံခဲ့ရသူျဖစ္ျပီး၊ မၾကာေသးခင္ကမွ အင္တာမီလန္နည္းျပသစ္ျဖစ္လာတဲ့ အန္တိုနီယိုကြန္တီကလည္း အဆိုပါ အာဂ်င္တီးနားတိုက္စစ္မွဴးကို အသံုးျပဳဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ အင္တာမီလန္ဟာ မန္ယူႏိုက္တက္တိုက္စစ္မွဴး လူကာကူကို လက္မွတ္ထိုးေခၚယူဖို႔ ကုန္က်မယ့္စရိတ္ကာမိေအာင္ အိုင္ကာဒီကို ျပန္လည္ေရာင္းခ်လိုေနတာပါ။

အိုင္ကာဒီကို လိုခ်င္ေနတဲ့အသင္းထဲမွာ ဂ်ဴဗင္တပ္လည္းပါ၀င္ေပမဲ့ မိုင္ယာမီကိုေျပာင္းေရႊ႕ဖို႔အခြင့္အေရးက ကာယကံရွင္အိုင္ကာဒီနဲ႔ သူ႔မိသားစုကို အတိုင္းအတာတစ္ခုအထိေတာ့ ဆြဲေဆာင္ထားႏိုင္ပါတယ္။ ဒါေၾကာင့္ အိုင္ကာဒီတစ္ေယာက္ အသက္ (၂၆)ႏွစ္အရြယ္မွာတင္ပဲ ဥေရာပေဘာလံုးရပ္၀န္းကို ေက်ာခိုင္းျပီး၊ သူ႔ကိုလိုအပ္ေနတဲ့ မိုင္ယာမီမွာသြားေရာက္အေျခခ်ဖို႔ ဆံုးျဖတ္ခဲ့မယ္ဆိုရင္လည္း မမွန္ရင္ေတာင္ မမွားတဲ့ ဆံုးျဖတ္ခ်က္တစ္ခုျဖစ္လာမွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

အိုင်ကာဒီကိုကမ်းလှမ်းလိုက်တဲ့ ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမိုင်ယာမီအသင်း

မန်ချက်စတာယူနိုက်တက်နဲ့အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းကတော့ ကစားသမားဘဝမှာတင်မကပဲ အနားယူချိန်မှာလည်း သူပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကို အင်အားဖြည့်တင်းပြီး အောင်မြင်မှုတွေရရှိအောင် ကြိုးပမ်းနေပါတယ်။

ဘက်ခမ်းရဲ့ မိုင်ယာမီအသင်းဟာ (၂၀၂၀)ခုနှစ်အတွင်း အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပြီး အဲဒီ့အတွက် အဆင်သင့်ဖြစ်နေစေဖို့ အသင်းအတွက် ကစားသမားသစ်တွေကို ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဘက်ခမ်းဟာ သူ့အသင်းရဲ့တိုက်စစ်မှာ ဦးဆောင်ကစားဖို့ အင်တာမီလန်ကစားသမား အိုင်ကာဒီကို ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

အိုင်ကာဒီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အင်တာမီလန်အသင်းရဲ့ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ပြီး၊ မကြာသေးခင်ကမှ အင်တာမီလန်နည်းပြသစ်ဖြစ်လာတဲ့ အန်တိုနီယိုကွန်တီကလည်း အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးကို အသုံးပြုဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် အင်တာမီလန်ဟာ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို လက်မှတ်ထိုးခေါ်ယူဖို့ ကုန်ကျမယ့်စရိတ်ကာမိအောင် အိုင်ကာဒီကို ပြန်လည်ရောင်းချလိုနေတာပါ။

အိုင်ကာဒီကို လိုချင်နေတဲ့အသင်းထဲမှာ ဂျူဗင်တပ်လည်းပါဝင်ပေမဲ့ မိုင်ယာမီကိုပြောင်းရွှေ့ဖို့အခွင့်အရေးက ကာယကံရှင်အိုင်ကာဒီနဲ့ သူ့မိသားစုကို အတိုင်းအတာတစ်ခုအထိတော့ ဆွဲဆောင်ထားနိုင်ပါတယ်။ ဒါကြောင့် အိုင်ကာဒီတစ်ယောက် အသက် (၂၆)နှစ်အရွယ်မှာတင်ပဲ ဥရောပဘောလုံးရပ်ဝန်းကို ကျောခိုင်းပြီး၊ သူ့ကိုလိုအပ်နေတဲ့ မိုင်ယာမီမှာသွားရောက်အခြေချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း မမှန်ရင်တောင် မမှားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမှာပါ။

လူညိုချော@SportsGabar