အဂၤလန္အသင္းကို (၁၆)သင္းအဆင့္သို႔ ပို႔ေဆာင္ႏိုင္ခဲ့လို႔ ဂုဏ္ယူေနတဲ့ ဖီးလ္နဗီး

ျပင္သစ္ႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပလ်က္ရွိတဲ့ (၈) ၾကိမ္ေျမာက္ အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ အုပ္စုပြဲစဥ္မွာ အဂၤလန္အမ်ိဳးသမီးအသင္းဟာ အာဂ်င္တီးနားအမ်ိဳးသမီးအသင္းကို (၁)ဂိုး ဂိုးမရွိရလဒ္နဲ႔အႏိုင္ရခဲ့ျပီး၊ (၂)ပြဲကစား (၆)မွတ္ရရွိကာ (၁၆)သင္းအဆင့္ကို ေစာေစာစီးစီး တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ အဂၤလန္အမ်ိဳးသမီးအသင္းရဲ႕နည္းျပျဖစ္တဲ့ ဖီးလ္နဗီးလ္အေနနဲ႔ သူ႔ရဲ႕အသင္းအေပၚမွာ ဂုဏ္ယူေၾကာင္းေျပာၾကားခဲ့တာပါ။ အေစာပိုင္းရရွိခဲ့တဲ့ နီကီတာပါရစ္ရဲ႕ပင္နယ္တီကို အာဂ်င္တီးနားဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမဲ့လည္း အဂၤလန္အတြက္ ေဂ်ာ့ဒီေတလာက (၆၁)မိနစ္မွာ တစ္လံုးတည္းေသာအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ျပီး ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာေစခဲ့တာလည္းျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ျပီး နည္းျပ ဖီးလ္နဗီးလ္က-

” ကြ်န္ေတာ္တို႕ဟာ မိသားစုတစ္စုလိုပါပဲ၊ ကြ်န္ေတာ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ ကူညီခဲ့ၾကတယ္၊ ျပီးေတာ့ ဒီေန႔မွာ အတူတူမွ်ေ၀ခံစားခဲ့ၾကတယ္၊ ပြဲကို အႏိုင္ရရွိဖို႔ၾကိဳးစားခဲ့ၾကျပီး ကြ်န္ေတာ့္ကစားသမားေတြရဲ႕ အာရံုစူးစိုက္ႏိုင္မႈက မယံုၾကည္ႏိုင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့တယ္၊ သူတို႔အတြက္ ကြ်န္ေတာ္ အရမ္းဂုဏ္ယူမိပါတယ္ ” လို႔ဖြင့္ဟသြားခဲ့ပါတယ္။

အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ (၁၆)သင္းအဆင့္ကို အိမ္ရွင္ျပင္သစ္အပါအ၀င္၊ ဥေရာပအင္အားၾကီးအသင္းေတြျဖစ္ၾကတဲ့ အဂၤလန္၊ ဂ်ာမနီနဲ႔ အီတလီ အသင္းေတြ တက္ေရာက္ထားႏိုင္ခဲ့ျပီး၊ အဆိုပါအသင္းေတြအေနနဲ႔ အုပ္စုပထမေနရာအတြက္သာ အာရံုစိုက္သြားရေတာ့မွာ ျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အင်္ဂလန်အသင်းကို (၁၆)သင်းအဆင့်သို့ ပို့ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူနေတဲ့ ဖီးလ်နဗီးလ်

ပြင်သစ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ (၈) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်မှာ အင်္ဂလန်အမျိုးသမီးအသင်းဟာ အာဂျင်တီးနားအမျိုးသမီးအသင်းကို (၁)ဂိုး ဂိုးမရှိရလဒ်နဲ့အနိုင်ရခဲ့ပြီး၊ (၂)ပွဲကစား (၆)မှတ်ရရှိကာ (၁၆)သင်းအဆင့်ကို စောစောစီးစီး တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလန်အမျိုးသမီးအသင်းရဲ့နည်းပြဖြစ်တဲ့ ဖီးလ်နဗီးလ်အနေနဲ့ သူ့ရဲ့အသင်းအပေါ်မှာ ဂုဏ်ယူကြောင်းပြောကြားခဲ့တာပါ။ အစောပိုင်းရရှိခဲ့တဲ့ နီကီတာပါရစ်ရဲ့ပင်နယ်တီကို အာဂျင်တီးနားဂိုးသမား ကာကွယ်နိုင်ခဲ့ပေမဲ့လည်း အင်္ဂလန်အတွက် ဂျော့ဒီတေလာက (၆၁)မိနစ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာစေခဲ့တာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နည်းပြ ဖီးလ်နဗီးလ်က-

” ကျွန်တော်တို့ဟာ မိသားစုတစ်စုလိုပါပဲ၊ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကူညီခဲ့ကြတယ်၊ ပြီးတော့ ဒီနေ့မှာ အတူတူမျှဝေခံစားခဲ့ကြတယ်၊ ပွဲကို အနိုင်ရရှိဖို့ကြိုးစားခဲ့ကြပြီး ကျွန်တော့်ကစားသမားတွေရဲ့ အာရုံစူးစိုက်နိုင်မှုက မယုံကြည်နိုင်လောက်အောင် ကောင်းမွန်ခဲ့တယ်၊ သူတို့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ် ” လို့ဖွင့်ဟသွားခဲ့ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ကို အိမ်ရှင်ပြင်သစ်အပါအဝင်၊ ဥရောပအင်အားကြီးအသင်းတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမနီနဲ့ အီတလီ အသင်းတွေ တက်ရောက်ထားနိုင်ခဲ့ပြီး၊ အဆိုပါအသင်းတွေအနေနဲ့ အုပ်စုပထမနေရာအတွက်သာ အာရုံစိုက်သွားရတော့မှာ ဖြစ်ပါတယ်။

လူညိုချော@SportsGabar