ဘယ္အသင္းရဲ႕ကမ္းလွမ္းမႈကိုမွ မရရွိေသးတဲ့ ဂ်ဴဗင္တပ္နည္းျပေဟာင္း အယ္လီဂရီ

ျပီးခဲ့တဲ့ႏွစ္ ရာသီကုန္မွာ ဂ်ဴဗင္တပ္အသင္းနဲ႔လမ္းခြဲခဲ့တဲ့ နည္းျပၾကီး အယ္လီဂရီဟာ လက္ရွိအခိ်န္မွာ အသင္းလက္မဲ့ ျဖစ္ေနျပီး နည္းျပအလုပ္အတြက္ ကမ္းလွမ္းမႈတစ္စံုတစ္ရာမရရွိေသးတာေၾကာင့္ (၁)ႏွစ္ခန္႔ အနားယူဦးမယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

အယ္လီဂရီဟာ သူ႔လက္ထက္မွာ ဂ်ဴဗင္တပ္ကို စီးရီးေအခ်န္ပီယံဆု (၅)ႏွစ္ဆက္တိုက္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမဲ့ ဥေရာပေအာင္ျမင္မႈေတြ ရရွိေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဂ်ဴဗင္တပ္ဟာ ဥေရာပေအာင္ျမင္မႈေတြအတြက္ နည္းျပအေျပာင္းအလဲျပဳလုပ္ဖို႔ စီစဥ္ခဲ့ျပီးေနာက္ အယ္လီဂရီနဲ႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူ လမ္းခြဲခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးနည္းျပ မာရီယို ဆာရီဟာ ဂ်ဴဗင္တပ္အသင္းကိုေျပာင္းေရႊ႕ဖို႔ အသင္းထံခြင့္ေတာင္းထားတာေၾကာင့္ သူသာထြက္ခြာျဖစ္ခဲ့ရင္ အယ္လီဂရီအေနနဲ႔ ခ်ဲလ္ဆီးနည္းျပသစ္ ျဖစ္လာဖို႔ ေရပန္းစားေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အယ္လီဂရီက-

” ကြ်န္ေတာ့္ကို ဘယ္အသင္းဆီကမွ ကမ္းလွမ္းလာတာမ်ိဳးမရွိေသးပါဘူး၊ ဒါေၾကာင့္ ကြ်န္ေတာ္ ဒီအလုပ္ကို ရပ္နားထားပါဦးမယ္၊ ကြ်န္ေတာ့္ရဲ႕ အားလပ္ရက္ေတြကို ေကာင္းေကာင္းအသံုးခ်ပါမယ္၊ တစ္ႏွစ္ေလာက္ေတာ့ ကြ်န္ေတာ္ အနားယူျဖစ္ပါလိမ့္မယ္ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ (၂၀၁၄)ခုႏွစ္ ဂ်ဴလိုင္လမွာ ေအစီမီလန္အသင္းကေန ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႕လာခဲ့တဲ့ အယ္လီဂရီဟာ ေရာက္ေရာက္ခ်င္းႏွစ္မွာ ပရိသတ္ေတြရဲ႕ ျငိဳျငင္မႈနဲ႔ ရင္ဆိုင္ခဲ့ရေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဂ်ဴဗင္တပ္အသင္းကို စီးရီးေအခ်န္ပီယံဆု (၅)ႏွစ္ဆက္နဲ႔ ကိုပါအီတလီယာ (၄)ႏွစ္ဆက္ ရယူေပးခဲ့ျပီး၊ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို (၂)ၾကိမ္တိုင္တိုင္ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘယ်အသင်းရဲ့ကမ်းလှမ်းမှုကိုမှ မရရှိသေးတဲ့ ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ

ပြီးခဲ့တဲ့နှစ် ရာသီကုန်မှာ ဂျူဗင်တပ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ နည်းပြကြီး အယ်လီဂရီဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး နည်းပြအလုပ်အတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာမရရှိသေးတာကြောင့် (၁)နှစ်ခန့် အနားယူဦးမယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

အယ်လီဂရီဟာ သူ့လက်ထက်မှာ ဂျူဗင်တပ်ကို စီးရီးအေချန်ပီယံဆု (၅)နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ဥရောပအောင်မြင်မှုတွေ ရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဂျူဗင်တပ်ဟာ ဥရောပအောင်မြင်မှုတွေအတွက် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ စီစဉ်ခဲ့ပြီးနောက် အယ်လီဂရီနဲ့ နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးနည်းပြ မာရီယို ဆာရီဟာ ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့ဖို့ အသင်းထံခွင့်တောင်းထားတာကြောင့် သူသာထွက်ခွာဖြစ်ခဲ့ရင် အယ်လီဂရီအနေနဲ့ ချဲလ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ဒါနဲ့ပတ်သက်လို့ အယ်လီဂရီက-

” ကျွန်တော့်ကို ဘယ်အသင်းဆီကမှ ကမ်းလှမ်းလာတာမျိုးမရှိသေးပါဘူး၊ ဒါကြောင့် ကျွန်တော် ဒီအလုပ်ကို ရပ်နားထားပါဦးမယ်၊ ကျွန်တော့်ရဲ့ အားလပ်ရက်တွေကို ကောင်းကောင်းအသုံးချပါမယ်၊ တစ်နှစ်လောက်တော့ ကျွန်တော် အနားယူဖြစ်ပါလိမ့်မယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၄)ခုနှစ် ဂျူလိုင်လမှာ အေစီမီလန်အသင်းကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လီဂရီဟာ ရောက်ရောက်ချင်းနှစ်မှာ ပရိသတ်တွေရဲ့ ငြိုငြင်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ဂျူဗင်တပ်အသင်းကို စီးရီးအေချန်ပီယံဆု (၅)နှစ်ဆက်နဲ့ ကိုပါအီတလီယာ (၄)နှစ်ဆက် ရယူပေးခဲ့ပြီး၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၂)ကြိမ်တိုင်တိုင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar