ဒီရာသီသူ႔ရဲ႕မွတ္တမ္းအသစ္ေတြကိုအင္စတာဂရမ္ေပၚတင္ခ့ဲတ့ဲ စီေရာ္နယ္ဒို

ေပၚတူဂီနဲ႔ဂ်ဳဗင္တပ္အသင္းတို႔ရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ (၂၀၁၉)ဘလြန္းဒီေအာ္ဆုနဲ႔ပတ္သက္ျပီး သိပ္ေရပန္းမစားတ့ဲကစားသမားတစ္ေယာက္ျဖစ္ေနပါတယ္။ ဒါေပမ့ဲ စီေရာ္နယ္ဒိုဟာ ဒီရာသီမွာေအာင္ျမင္မႈေတြအမ်ားအျပားရခ့ဲတ့ဲအေၾကာင္းကိုသူ႔ရဲ႕အင္စတာဂရမ္ကေနတင္ခ့ဲျပီး၊ ဂ်ဳဗင္တပ္နဲ႔ေပၚတူဂီပရိသတ္ေတြကိုလည္းေက်းဇူးတင္စကားဆိုသြားခ့ဲပါတယ္။

စီေရာ္နယ္ဒိုအင္စတာဂရမ္ေပၚမွာတင္ခ့ဲတာကေတာ့…
” မေမ့ႏိုင္စရာေဘာလံုးရာသီတစ္ခုပါပဲ၊ အေတြ႔အၾကံဳအသစ္ေတြ၊ ၾကီးမားတ့ဲကလပ္အသင္း၊ စိတ္လႈပ္ရွားစရာေကာင္းတ့ဲ ျမိဳ႕၊ ခ်ိဳးဖ်က္ပစ္ခ့ဲတ့ဲ မွတ္တမ္းေတြနဲ႔ ဖလားသံုးလံုး ကိုရရွိခ့ဲပါတယ္၊ အီတလီမွာ ကၽြန္ေတာ္ကိုအ့ံၾသစရာေကာင္းေလာက္ေအာင္ၾကိဳဆိုခ့ဲၾကတ့ဲ အသင္းရဲ႕ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္၊ ခင္ဗ်ားတို႔က ကၽြန္ေတာ္တို႔ရဲ႕ေအာင္ျမင္မႈေတြအတြက္တကယ္ကိုအေရးပါခ့ဲပါတယ္၊ တစ္ကမာၻလံုးမွာ ရွိတ့ဲကၽြန္ေတာ္ရဲ႕ပရိသတ္ေတြကိုလည္းေက်းဇူးတင္ပါတယ္၊ အထူးသျဖင့္ ေပၚတူဂီရဲ႕သမိုင္း၀င္ေအာင္ပြဲအတြက္ ကူညီေပးခ့ဲၾကတ့ဲ ေပၚတူဂီႏိုင္ငံသားေတြကိုလည္း ေက်းဇူးအထူးတင္ပါတယ္၊ ပုဂၢဳိလ္ေရးအရလည္း အေကာင္းဆံုးအခိုက္အတန္႔ေတြကို ပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္၊

(၂၀၁၉)မွာကၽြန္ေတာ္ရရွိခ့ဲတ့ဲ မွတ္တမ္းအသစ္ေတြကေတာ့…
– အီတလီစူပါဖလား အႏိုင္ဂိုး
– စီးရီးေအခ်န္ပီယံ၊တစ္ႏွစ္တာအေကာင္းဆံုးကစားသမား၊ သြင္းဂိုး(၂၁)ဂိုး
– ေနရွင္လိဂ္ခ်န္ပီယံ၊ဟတ္ထရစ္သြင္းဂိုး
– ခ်န္ပီယံလိဂ္မွာႏိုင္ပြဲ(၁၀၀)နဲ႔သြင္းဂိုး(၁၂၅)ဂိုးပထမဆံုးျပည့္တ့ဲကစားသမား
– ယူအီအက္ေအကၾကီးမွဴးက်င္းပတ့ဲျပိဳင္ပြဲေတြမွာဖလား(၁၀)လံုးရတ့ဲပထမဆံုးကစားသမား
– ကမာၻ႕ဖလား၊ ယူအီးအက္ေအဥေရာပဖလား၊ ဖီဖာ ကြန္ဖက္ဒေရးရွင္းဖလားနဲ႔ယူအီအက္ေအ ေနရွင္လိဂ္ျပိဳင္ပြဲေတြအားလံုးမွာဂိုးသြင္းယူႏိုင္တ့ဲပထိမဆံုးကစားသမား
– (၂၀၀၄)ကေန(၂၀၁၉)ခုႏွစ္အထိႏိုင္ငံအသင္းအတြက္(၁၀)ႏွစ္ဆက္တိုက္ ပါ၀င္ယွဥ္ျပိဳင္တ့ဲျပိဳင္ပြျတိုင္းမွာဂိုးသြင္းယူႏိုင္တ့ဲပထမဆံုးကစားသမား

မၾကာခင္ျပန္ေတြၾကတာေပါ့၊ အ့ံၾသစရာေအာင္ျမင္မႈအသစ္ေတြအတြက္ ကၽြန္ေတာ္တို႔အတူတကြ တိုက္ပြဲ၀င္ၾကတာေပါ့ ” ဆိုျပီးသူ႔ရဲ႕အင္စတာဂရမ္မွာတင္ထားခ့ဲတာပဲျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာေရာက္တ့ဲအသင္းတိုင္းမွာ ေဘာလံုးရာသီတစ္ခုျပီးဆံုးသြားတိုင္းမွတ္တမ္းသစ္ေတြ၊စံခ်ိန္သစ္ေတြတင္ေလ့ရွိတ့ဲကစားသမားတစ္ဦးျဖစ္တယ္ဆိုတာ ရွင္းျပေနဖို႔လိုမယ္ေတာင္မထင္ေတာ့ပါဘူး။ စီေရာ္နယ္ဒိုဟာ အသက္(၃၄)အရြယ္ကိုေရာက္လာခ့ဲေပမ့ဲ ေျခစြမ္းေတြကေတာ့ဒီေန႔ခ်ိန္ထိႏုပ်ိုေနဆဲျဖစ္ျပီး၊ ေအာင္ျမင္မႈေတြထပ္မံရရွိဖို႔ စိတ္ဓာတ္ေတြကလည္းျပင္းထန္ေနဆဲျဖစ္တ့ဲကစားတစ္ဦးပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီရာသီသူ့ရဲ့မှတ်တမ်းအသစ်တွေကိုအင်စတာဂရမ်ပေါ်တင်ခဲ့တဲ့ စီရော်နယ်ဒို

ပေါ်တူဂီနဲ့ဂျုဗင်တပ်အသင်းတို့ရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုဟာ (၂၀၁၉)ဘလွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး သိပ်ရေပန်းမစားတဲ့ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ ဒီရာသီမှာအောင်မြင်မှုတွေအများအပြားရခဲ့တဲ့အကြောင်းကိုသူ့ရဲ့အင်စတာဂရမ်ကနေတင်ခဲ့ပြီး၊ ဂျုဗင်တပ်နဲ့ပေါ်တူဂီပရိသတ်တွေကိုလည်းကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်။

စီရော်နယ်ဒိုအင်စတာဂရမ်ပေါ်မှာတင်ခဲ့တာကတော့…
” မမေ့နိုင်စရာဘောလုံးရာသီတစ်ခုပါပဲ၊ အတွေ့အကြုံအသစ်တွေ၊ ကြီးမားတဲ့ကလပ်အသင်း၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ မြို့၊ ချိုးဖျက်ပစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဖလားသုံးလုံး ကိုရရှိခဲ့ပါတယ်၊ အီတလီမှာ ကျွန်တော်ကိုအံ့သြစရာကောင်းလောက်အောင်ကြိုဆိုခဲ့ကြတဲ့ အသင်းရဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေအတွက်တကယ်ကိုအရေးပါခဲ့ပါတယ်၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ကျွန်တော်ရဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်၊ အထူးသဖြင့် ပေါ်တူဂီရဲ့သမိုင်းဝင်အောင်ပွဲအတွက် ကူညီပေးခဲ့ကြတဲ့ ပေါ်တူဂီနိုင်ငံသားတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်၊ ပုဂ္ဂိုလ်ရေးအရလည်း အကောင်းဆုံးအခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်၊ (၂၀၁၉)ကျွန်တော်ရရှိခဲ့တဲ့ မှတ်တမ်းအသစ်တွေကတော့…
– အီတလီစူပါဖလား အနိုင်ဂိုး
– စီးရီးအေချန်ပီယံ၊တစ်နှစ်တာအကောင်းဆုံးကစားသမား၊ သွင်းဂိုး(၂၁)ဂိုး
– နေရှင်လိဂ်ချန်ပီယံ၊ဟတ်ထရစ်သွင်းဂိုး
– ချန်ပီယံလိဂ်မှာနိုင်ပွဲ(၁၀၀)နဲ့သွင်းဂိုး(၁၂၅)ဂိုးပထမဆုံးပြည့်တဲ့ကစားသမား
– ယူအီအက်အေကကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေမှာဖလား(၁၀)လုံးရတဲ့ပထမဆုံးကစားသမား
– ကမ္ဘာ့ဖလား၊ ယူအီးအက်အေဥရောပဖလား၊ ဖီဖာ ကွန်ဖက်ဒရေးရှင်းဖလားနဲ့ယူအီအက်အေ နေရှင်လိဂ်ပြိုင်ပွဲတွေအားလုံးမှာဂိုးသွင်းယူနိုင်တဲ့ပထိမဆုံးကစားသမား
– (၂၀၀၄)ကနေ(၂၀၁၉)ခုနှစ်အထိနိုင်ငံအသင်းအတွက်(၁၀)နှစ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်တဲ့ပြိုင်ပွတြိုင်းမှာဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမား

မကြာခင်ပြန်တွေကြတာပေါ့၊ အံ့သြစရာအောင်မြင်မှုအသစ်တွေအတွက် ကျွန်တော်တို့အတူတကွ တိုက်ပွဲဝင်ကြတာပေါ့ ” ဆိုပြီးသူ့ရဲ့အင်စတာဂရမ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာရောက်တဲ့အသင်းတိုင်းမှာ ဘောလုံးရာသီတစ်ခုပြီးဆုံးသွားတိုင်းမှတ်တမ်းသစ်တွေ၊စံချိန်သစ်တွေတင်လေ့ရှိတဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ ရှင်းပြနေဖို့လိုမယ်တောင်မထင်တော့ပါဘူး။ စီရော်နယ်ဒိုဟာ အသက်(၃၄)အရွယ်ကိုရောက်လာခဲ့ပေမဲ့ ခြေစွမ်းတွေကတော့ဒီနေ့ချိန်ထိနုပျိုနေဆဲဖြစ်ပြီး၊ အောင်မြင်မှုတွေထပ်မံရရှိဖို့ စိတ်ဓာတ်တွေကလည်းပြင်းထန်နေဆဲဖြစ်တဲ့ကစားတစ်ဦးပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar