မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔စိတ္၀င္စားမႈရွိေနတ့ဲဘစ္ဆာခါ

ခရစၥတယ္ပဲေလ့ညာေနာက္ခံလူ ဘစ္ဆာခါဟာ မန္ယူႏုိက္တက္ကိုေျပာင္းေရႊ႕ဖို႔စိတ္၀င္စားမႈရွိေနတယ္လို႔သတင္းေတြအရသိရပါတယ္။ ဒါေပမ့ဲ မန္ယူႏိုက္တက္အေနနဲ႔ ဘစ္ဆာခါကို ေခၚယူခ်င္တယ္ဆိုရင္ ေျပာင္းေရႊ႕ေၾကးကိုအနည္းဆံုးေပါင္သန္း(၅၀)ေလာက္ေပးမွရႏိုင္မယ္လို႔ လည္းသိရပါတယ္။

မန္ယူႏိုက္တက္အသင္းရဲ႕နည္းျပဆိုးလ္ရွားဟာ အလားအလာရွိတ့ဲ လူငယ္ကစားသမားေတြနဲ႔အသင္းကိုျပန္လည္တည္ေဆာက္ဖို႔အလိုရွိေနပါတယ္။ ေနာက္တန္းအားနည္းမႈေတြရွိေနခ့ဲတ့ဲ မန္ယူႏိုက္တက္ခံစစ္အတြက္ မက္ဂြဲယားနဲ႔ ဘစ္ဆာခါတို႔လို ကစားပံုေကာင္းမြန္တ့ဲ ေနာက္တန္းကစားသမားေတြကို ေခၚယူဖို႔ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

ဗလန္စီယာကအသင္းကေနထြက္ခြာသြားျပီျဖစ္ကာ၊ ညာေနာက္ခံလူ ဒါမီယန္ကလည္း အီတလီကိုျပန္ဖို႔စီစဥ္ေနတယ္လို႔သိရပါတယ္။ ဒါ့ေၾကာင့္ မန္ယူႏိုက္တက္ဟာ ညာေနာက္ခံေနရာအတြက္ ဘစ္ဆာခါကိုေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ သတင္းစားတစ္ခုရဲ႕အဆိုအရ ဘစ္ဆာခါဟာ မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔သိရပါတယ္။

ဒါေပမ့ဲ ခရစၥတယ္ပဲေလ့႕ေတာ့ ဘစ္ဆာခါအတြက္ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း(၅၀)မွၽြရရင္ေရာင္းခ်ဖို႔အစီအစဥ္မရွ္ဘူးလို႔သိရပါတယ္။ အေစာပိုင္းက မန္ယူႏိုက္တက္ဟာ ဘစ္ဆာခါကိုေျပာင္းေရႊ႕ေၾကးေပါင္သန္း(၄၀)နဲ႔ကမ္းလွမ္းမႈျပဳလုပ္ခ့ဲေသးေပမ့ဲ ခရစၥတယ္ပဲေလ့ကပယ္ခ်ခ့ဲတာလည္းျဖစ္ပါတယ္။ ဘစ္ဆာခါဟာ ပဲေလ့နဲ႔(၂၀၂၂)ခုႏွစ္အထိစာခ်ဳပ္ရွိေနတာျဖစ္ျပီး၊ ပဲေလ့ကေတာ့ ဘစ္ဆာခါကိုေရာင္းခ်ဖို႔ျပႆနာမရွိဘူးလို႔သိရပါတယ္။

ဘစ္ဆာခါဟာ အသက္(၂၂)ႏွစ္အရြယ္သာရွိေသးျပီး ေျခစြမ္းပိုင္းေကာင္းမြန္တ့ဲကစားသမားတစ္ေယာက္ျဖစ္ကာ ညာေနာက္ခံေနရာမွာ စိတ္ခ်ရတ့ဲကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ မန္ယူႏိုက္တက္အေနနဲ႔ပဲေလ့ကလိုခ်င္ေနတ့ဲေျပာင္းေရႊ႕ေၾကးကိုေပးျပီး၊ ဘစ္ဆာခါကိုေခၚယူႏိုင္မလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားမှုရှိနေတဲ့ဘစ်ဆာခါ

ခရစ္စတယ်ပဲလေ့ညာနောက်ခံလူ ဘစ်ဆာခါဟာ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားမှုရှိနေတယ်လို့သတင်းတွေအရသိရပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်အနေနဲ့ ဘစ်ဆာခါကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးကိုအနည်းဆုံးပေါင်သန်း(၅၀)လောက်ပေးမှရနိုင်မယ်လို့ လည်းသိရပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေနဲ့အသင်းကိုပြန်လည်တည်ဆောက်ဖို့အလိုရှိနေပါတယ်။ နောက်တန်းအားနည်းမှုတွေရှိနေခဲ့တဲ့ မန်ယူနိုက်တက်ခံစစ်အတွက် မက်ဂွဲယားနဲ့ ဘစ်ဆာခါတို့လို ကစားပုံကောင်းမွန်တဲ့ နောက်တန်းကစားသမားတွေကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဗလန်စီယာကအသင်းကနေထွက်ခွာသွားပြီဖြစ်ကာ၊ ညာနောက်ခံလူ ဒါမီယန်ကလည်း အီတလီကိုပြန်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဒါ့ကြောင့် မန်ယူနိုက်တက်ဟာ ညာနောက်ခံနေရာအတွက် ဘစ်ဆာခါကိုခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ သတင်းစားတစ်ခုရဲ့အဆိုအရ ဘစ်ဆာခါဟာ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။

ဒါပေမဲ့ ခရစ္စတယ်ပဲလေ့တော့ ဘစ်ဆာခါအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)မျှွရရင်ရောင်းချဖို့အစီအစဉ်မရှ်ဘူးလို့သိရပါတယ်။ အစောပိုင်းက မန်ယူနိုက်တက်ဟာ ဘစ်ဆာခါကိုပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)နဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့သေးပေမဲ့ ခရစ္စတယ်ပဲလေ့ကပယ်ချခဲ့တာလည်းဖြစ်ပါတယ်။ ဘစ်ဆာခါဟာ ပဲလေ့နဲ့(၂၀၂၂)ခုနှစ်အထိစာချုပ်ရှိနေတာဖြစ်ပြီး၊ ပဲလေ့ကတော့ ဘစ်ဆာခါကိုရောင်းချဖို့ပြဿနာမရှိဘူးလို့သိရပါတယ်။

ဘစ်ဆာခါဟာ အသက်(၂၂)နှစ်အရွယ်သာရှိသေးပြီး ခြေစွမ်းပိုင်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ကာ ညာနောက်ခံနေရာမှာ စိတ်ချရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ပဲလေ့ကလိုချင်နေတဲ့ပြောင်းရွှေ့ကြေးကိုပေးပြီး၊ ဘစ်ဆာခါကိုခေါ်ယူနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar