အာဂ်င္တီးနားအတြက္ကိုပါအေမရိကဖလားကို ယူေပးျပီးရင္အနားယူေတာ့မယ့္ လီယြန္နယ္

လက္ရွိအာဂ်င္တီးနားအသင္းကို ကိုပါအေမရိကဖလား ရယူႏိုင္ေအာင္ စြမ္းေဆာင္ေပးျပီးရင္ နည္းျပဘ၀ကေန အနားယူေတာ့မယ္လို႔ နည္းျပ လီယြန္နယ္စကယ္လိုနီ ကထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ (၂)ၾကိမ္ဆက္တိုက္ ကိုပါအေမရိကျပိဳင္ပြဲမွာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ေပမဲ့ ခ်ီလီကို ရံႈးနိမ့္ခဲ့ ရတာေၾကာင့္ အာဂ်င္တီးနားဟာ ကံမေကာင္းစြာပဲ ဒုတိယဆုေတြနဲ႔သာေက်နပ္ခဲ့ရသလို၊ ရုရွားကမာၻ႔ဖလားျပိဳင္ပြဲမွာလည္း (၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမဲ့ အာဂ်င္တီးနားဟာ ခ်န္ပီယံေလာင္း ျပင္သစ္ကို ရံႈးနိမ့္ျပီး အိမ္ျပန္ေစာခဲ့ရပါတယ္။

အာဂ်င္တီးနားအသင္းဟာ (၁၉၉၃)ခုႏွစ္မွာ ကိုပါအေမရိကဖလားကို ကိုင္ေျမွာက္ႏိုင္ခဲ့ျပီးေနာက္ ႏိုင္ငံတကာျပိဳင္ပြဲေတြမွာ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ေ၀းကြာေနခဲ့တာဟာဆိုရင္ (၂၆)ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ျပီလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ယခုႏွစ္ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းသာ ဗိုလ္စြဲခဲ့ရင္ သူ႔အေနနဲ႔ အနားယူေတာ့မယ္လို႔ လီယြန္နယ္စကယ္လိုနီ ကထုတ္ေဖာ္သြားခဲ့တာပါ။ စကယ္လိုနီက-

” အာဂ်င္တီးနားအသင္း ကိုပါအေမရိကဖလားကို ရခဲ့ရင္ ကြ်န္ေတာ္ အနားယူပါေတာ့မယ္၊ ကြ်န္ေတာ္တို႔ ကိုပါအေမရိကျပိဳင္ပြဲမွာ ဗိုလ္လုပြဲ (၂)ၾကိမ္တက္ႏိုင္ခဲ့တယ္၊ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ဗိုလ္မစြဲႏိုင္ခဲ့ဘူး၊ ဒါကအရမ္းကို ရႈပ္ေထြးျပီး ရွင္းျပဖို႔ခက္ခဲပါတယ္ ”

” ကြ်န္ေတာ္တို႔ ေ႔ရွလာမယ့္ ပြဲစဥ္အားလံုးအတြက္ ျပင္ဆင္ထားျပီး၊ ကစားသမားေတြကလည္း အာဂ်င္တီးနားအသင္း၀တ္စံုနဲ႔ ထိုက္တန္တယ္ဆိုတာ ျပသဖို႔ အသင့္ရွိေနပါျပီ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

လီယြန္နယ္စကယ္လိုနီရဲ႕ မက္ဆီပါ၀င္တဲ့အာဂ်င္တီးနားဟာ အိမ္ရွင္ဘရာဇီးလ္အသင္းနဲ႔အတူ ကိုပါအေမရိကျပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့အသင္းျဖစ္ျပီး၊ စေနေန႔မွာေတာ့ သူတို႔ရဲ႕အဖြင့္ပြဲစဥ္အျဖစ္ ကစားရခက္တဲ့ ကိုလံဘီယာအသင္းနဲ႔ ယွဥ္ျပိဳင္ကစားသြားရဖို႔ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလားကို ယူပေးပြီးရင်အနားယူတော့မယ့် လီယွန်နယ်

လက်ရှိအာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးပြီးရင် နည်းပြဘဝကနေ အနားယူတော့မယ်လို့ နည်းပြ လီယွန်နယ်စကယ်လိုနီ ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂)ကြိမ်ဆက်တိုက် ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမဲ့ ချီလီကို ရှုံးနိမ့်ခဲ့ ရတာကြောင့် အာဂျင်တီးနားဟာ ကံမကောင်းစွာပဲ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရသလို၊ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမဲ့ အာဂျင်တီးနားဟာ ချန်ပီယံလောင်း ပြင်သစ်ကို ရှုံးနိမ့်ပြီး အိမ်ပြန်စောခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းဟာ (၁၉၉၃)ခုနှစ်မှာ ကိုပါအမေရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာဟာဆိုရင် (၂၆)နှစ်ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းသာ ဗိုလ်စွဲခဲ့ရင် သူ့အနေနဲ့ အနားယူတော့မယ်လို့ လီယွန်နယ်စကယ်လိုနီ ကထုတ်ဖော်သွားခဲ့တာပါ။ စကယ်လိုနီက-

” အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားကို ရခဲ့ရင် ကျွန်တော် အနားယူပါတော့မယ်၊ ကျွန်တော်တို့ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲ (၂)ကြိမ်တက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဗိုလ်မစွဲနိုင်ခဲ့ဘူး၊ ဒါကအရမ်းကို ရှုပ်ထွေးပြီး ရှင်းပြဖို့ခက်ခဲပါတယ် ”

” ကျွန်တော်တို့ ေ့ရှလာမယ့် ပွဲစဉ်အားလုံးအတွက် ပြင်ဆင်ထားပြီး၊ ကစားသမားတွေကလည်း အာဂျင်တီးနားအသင်းဝတ်စုံနဲ့ ထိုက်တန်တယ်ဆိုတာ ပြသဖို့ အသင့်ရှိနေပါပြီ ” လို့ပြောကြားသွားခဲ့ပါတယ်။

လီယွန်နယ်စကယ်လိုနီရဲ့ မက်ဆီပါဝင်တဲ့အာဂျင်တီးနားဟာ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး၊ စနေနေ့မှာတော့ သူတို့ရဲ့အဖွင့်ပွဲစဉ်အဖြစ် ကစားရခက်တဲ့ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ရှိနေပါတယ်။

လူညိုချော@SportsGabar