ရိုဒရီဂြတ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးျဖစ္ႏိုင္ေခ်ကိုေျပာျပခ့ဲတ့ဲဘိုင္ယန္ဂႏၳ၀င္မက္သရူး

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္တ့ဲ ေလာ့သာ မက္သရူးက ရီးရဲလ္အသင္းကေနထြက္ရဖို႔ရွိေနတ့ဲ ဂ်ိမ္းရိုဒရီဂြတ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး၊ မွတ္ခ်က္ေပးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။

ဂ်ိမ္းဟာ ရီးရဲလ္နည္းျပဇီဒန္းလက္ထက္မွာ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးခ့ဲျပီး၊ (၂၀၁၇)ခုႏွစ္ေႏြာသီမွာ ဘိုင္ယန္ျမဴးနစ္ကို(၂)ႏွစ္စာခ်ဳပ္နဲ႔အငွားခ်ထားျခင္းခံခ့ဲရပါတယ္။နည္းျပ အယ္ဆယ္ေလာ့တီနဲ႔ ဂ်က္ေဟးကပ္စ္တို႔ရဲ႕လက္ေအာက္မွာ ေကာင္းမြန္တ့ဲ စတင္မႈေတြနဲ႔အတူ ဂ်ိမ္းတစ္ေယာက္ ဘိုင္ယန္မွာ ေတာက္ပႏိုင္ခ့ဲပါတယ္။ ဒါေပမ့ဲ နည္းျပ ကိုဗက္ရဲ႕လက္ေအာက္မွာေတာ့ ဂ်ိမ္းဟာ ပံုမွန္ေနရာအတြက္ရုန္းကန္ခ့ဲရျပန္ပါတယ္။

ဘိုင္ယန္မွာ အငွားစာခ်ဳပ္ျပည့္လို႔ ရီးရဲလ္ကိုျပန္လာခ်ိန္မွာလည္း ဂ်ိမ္းရဲ႕အနာဂတ္ဟာ ရီးရဲလ္မွာ ရွိမေနေတာ့ပဲ အသင္းကေနထြက္ခြာရဖို႔ရွိေနတာပဲ ျဖစ္ပါတယ္။ ဒီေအျခအေနေတြနဲ႔ပတ္သက္ျပီး၊ ဘိုင္ယန္ျမဴးနစ္ဂႏၳ၀င္ မက္သရူးက အခုလိုပဲေျပာဆိုသြားခ့ဲပါတယ္။ မက္သရူးက ” လြန္ခ့ဲတ့ဲ (၂)ပတ္ေလာက္က ဂ်ိမ္းနဲ႔ စားေျပာဆိုမႈအခ်ိဳ႕ရွိခ့ဲပါတယ္၊ သူက စီေရာ္နယ္ဒိုနဲ႔ အရမ္းပဲရင္းႏွီးပါတယ္၊

သူက စီေရာ္နယ္ဒိုနဲပဆက္သြယ္မႈေတြရွိပါတယ္၊ သူ ဂ်ဳဗင္မွာ ကစားခ်င္တယ္ဆိုတာကို စီေရာ္နယ္ဒိုကိုေျပာခ့ဲတယ္လို႔ ကၽြန္ေတာ့္ကိုေျပာျပခ့ဲပါတယ္၊ သူက စီေရာ္နယ္ဒိုကိုေထာယက္ပ့ံမႈေတြေပးႏိုင္ပါတယ္၊ သူကဂိုးလည္းသြင္းႏိုင္ပါတယ္၊ သူတို႔ႏွစ္ေယာက္ ဂ်ဳဗင္မွာ အတူေတာက္ပႏိုင္ပါတယ္ ” လို႔သူ႔ရဲ႕အျမင္ကိုေျပာျပသြားခ့ဲပါတယ္။

ဂ်မ္းနဲ႕ စီေရာ္နယ္ဒိုတို႔ဟာ ရီးရဲလ္မွာ အတူတြဲကစားခ့ဲၾကတ့ဲ သူေတြျဖစ္ျပီး၊ ဂ်ိမ္းနဲ႔စီေရာ္နယ္ဒိုအတြဲကို ဂ်ဳဗင္မွာ ျပန္လည္ျမင္ေတြ႔ရႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ရိုဒရီဂွတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဖြစ်နိုင်ချေကိုပြောပြခဲ့တဲ့ဘိုင်ယန်ဂန္ထဝင်မက်သရူး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ လော့သာ မက်သရူးက ရီးရဲလ်အသင်းကနေထွက်ရဖို့ရှိနေတဲ့ ဂျိမ်းရိုဒရီဂွတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊ မှတ်ချက်ပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ဂျိမ်းဟာ ရီးရဲလ်နည်းပြဇီဒန်းလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး၊ (၂၀၁၇)ခုနှစ်နွောသီမှာ ဘိုင်ယန်မြူးနစ်ကို(၂)နှစ်စာချုပ်နဲ့အငှားချထားခြင်းခံခဲ့ရပါတယ်။နည်းပြ အယ်ဆယ်လော့တီနဲ့ ဂျက်ဟေးကပ်စ်တို့ရဲ့လက်အောက်မှာ ကောင်းမွန်တဲ့ စတင်မှုတွေနဲ့အတူ ဂျိမ်းတစ်ယောက် ဘိုင်ယန်မှာ တောက်ပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ ကိုဗက်ရဲ့လက်အောက်မှာတော့ ဂျိမ်းဟာ ပုံမှန်နေရာအတွက်ရုန်းကန်ခဲ့ရပြန်ပါတယ်။

ဘိုင်ယန်မှာ အငှားစာချုပ်ပြည့်လို့ ရီးရဲလ်ကိုပြန်လာချိန်မှာလည်း ဂျိမ်းရဲ့အနာဂတ်ဟာ ရီးရဲလ်မှာ ရှိမနေတော့ပဲ အသင်းကနေထွက်ခွာရဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီအေခြအနေတွေနဲ့ပတ်သက်ပြီး၊ ဘိုင်ယန်မြူးနစ်ဂန္ထဝင် မက်သရူးက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ မက်သရူးက ” လွန်ခဲ့တဲ့ (၂)ပတ်လောက်က ဂျိမ်းနဲ့ စားပြောဆိုမှုအချို့ရှိခဲ့ပါတယ်၊ သူက စီရော်နယ်ဒိုနဲ့ အရမ်းပဲရင်းနှီးပါတယ်၊

သူက စီရော်နယ်ဒိုနဲပဆက်သွယ်မှုတွေရှိပါတယ်၊ သူ ဂျုဗင်မှာ ကစားချင်တယ်ဆိုတာကို စီရော်နယ်ဒိုကိုပြောခဲ့တယ်လို့ ကျွန်တော့်ကိုပြောပြခဲ့ပါတယ်၊ သူက စီရော်နယ်ဒိုကိုထောယက်ပံ့မှုတွေပေးနိုင်ပါတယ်၊ သူကဂိုးလည်းသွင်းနိုင်ပါတယ်၊ သူတို့နှစ်ယောက် ဂျုဗင်မှာ အတူတောက်ပနိုင်ပါတယ် ” လို့သူ့ရဲ့အမြင်ကိုပြောပြသွားခဲ့ပါတယ်။

ဂျမ်းနဲ့ စီရော်နယ်ဒိုတို့ဟာ ရီးရဲလ်မှာ အတူတွဲကစားခဲ့ကြတဲ့ သူတွေဖြစ်ပြီး၊ ဂျိမ်းနဲ့စီရော်နယ်ဒိုအတွဲကို ဂျုဗင်မှာ ပြန်လည်မြင်တွေ့ရနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar