ေနမာကိုေမ့ေပ်ာက္ေစေလာက္ေအာင္ဘရာဇီးလ္အတြက္ေျခစြမ္းျပႏိုင္ခဲ့တဲ့ေကာ္တင္ဟို

မေန႔ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ဘရာဇီးလ္အသင္းနဲ႔ဘိုလီဗီးယားအသင္းတို႔ရဲ႕ ကိုပါအေမရိကဖလားျပိဳင္ပြဲအဖြင့္ပြဲစဥ္မွာ အိမ္ရွင္ဘရာဇီးတို႔ဟာ ဘိုလီဗီးယားအသင္းကို (၃)ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားခဲ့ျပီး အဖြင့္လွခဲ့ပါတယ္။

ဒီပြဲမွာ ဘရာဇီးေတာင္ပံတိုက္စစ္ကစားသမား ေကာ္တင္ဟို ေျခစြမ္းျပႏိုင္ခဲ့ျပီး အႏိုင္ဂိုး (၂)ဂိုးကိုလည္းသြင္းယူႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဘရာဇီးလ္အသင္းရရွိလာတဲ့ ပင္နယ္တီကို ေကာ္တင္ဟိုက ကန္သြင္းခဲ့ျပီး ဂိုးအျဖစ္ေျပာင္းလဲခဲ့ကာ၊ ေနာက္ထပ္ (၃)မိနစ္အၾကာမွာပဲ ေခါင္းတိုက္ဂိုးတစ္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။

ကိုပါအေမရိကျပိဳင္ပြဲမစတင္ခင္အခ်ိန္တုန္းက ေနမာဟာ ကာတာနဲ႔ေျခစမ္းကစားခဲ့တဲ့ပြဲမွာ ျပင္းထန္တဲ့ ေျခခ်င္း၀တ္ဒဏ္ရာကို ရရွိခဲ့ျပီး ဘရာဇီးလ္ရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ရေတာ့မယ္လို႔ အတည္ျပဳထားခဲ့တာပါ။ ဒါေၾကာင့္ ေနမာမပါ၀င္တဲ့ဘရာဇီးလ္အသင္းအေနနဲ႔ ကိုပါအေမရိကဖလားျပိဳင္ပြဲ မွာ ဂိုးရရွိဖို႔ ရုန္းကန္ရႏိုင္တယ္လို႔ အားလံုးက ထင္ခဲ့ၾကေပမဲ့ ေကာ္တင္ဟိုက ဒီသံသယေတြကို သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ေခ်ဖ်က္ျပခဲ့ပါတယ္။

ျပီးခဲ့တဲ့ေဘာလံုးရာသီက ေကာ္တင္ဟိုဟာ ဘာစီလိုနာအသင္းမွာ (၅၄)ပြဲအထိ ကစားခြင့္ရရွိခဲ့ေပမဲ့ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ ေျခစြမ္းကိုမျပသႏိုင္ခဲ့ပဲ ျပိဳင္ပြဲစံု (၁၁)ဂိုးသာသြင္းယူႏိုင္ခဲ့သလို၊ ဂိုးဖန္တီးမႈကလည္း (၅)ၾကိမ္သာရွိခဲ့လို႔ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရျပီး၊ စိတ္ပ်က္စရာ ေဘာလံုးရာသီတစ္ခုကို ျဖတ္သန္းခဲ့ရပါတယ္။

ဘာစီလိုနာက သူ႔ကိုေရာင္းခ်ေတာ့မယ္ဆိုတဲ့ သတင္းေတြထြက္ခဲ့တဲ့အထိ ေကာ္တင္ဟိုဟာ ႏူးကမ့္မွာ ဖိအားဒဏ္ေတြကို ခံစားခဲ့ရတာပါ။ ဒါေၾကာင့္ ကိုပါအေမရိကျပိဳင္ပြဲမွာလည္း ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ရႏိုင္တယ္လို႔ ထင္ခဲ့ၾကေပမဲ့ ေကာ္တင္ဟိုဟာ ေနမာမပါ၀င္တဲ့ ဘရာဇီးလ္အသင္းကို ပြဲဥိးထြက္မွာ အေကာင္းဆံုး ဦးေဆာင္ႏိုင္ခဲ့ျပီး ပရိသတ္ေတြအေနနဲ႔ ေနမာကို ေမ့ေပ်ာက္ေစေလာက္ေအာင္ စြမ္းေဆာင္ျပခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နေမာကိုမေ့ပျောက်စေလောက်အောင်ဘရာဇီးလ်အတွက်ခြေစွမ်းပြနိုင်ခဲ့တဲ့ကော်တင်ဟို

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရာဇီးလ်အသင်းနဲ့ဘိုလီဗီးယားအသင်းတို့ရဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဘရာဇီးတို့ဟာ ဘိုလီဗီးယားအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး အဖွင့်လှခဲ့ပါတယ်။

ဒီပွဲမှာ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ကော်တင်ဟို ခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်ဂိုး (၂)ဂိုးကိုလည်းသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးလ်အသင်းရရှိလာတဲ့ ပင်နယ်တီကို ကော်တင်ဟိုက ကန်သွင်းခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲခဲ့ကာ၊ နောက်ထပ် (၃)မိနစ်အကြာမှာပဲ ခေါင်းတိုက်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမစတင်ခင်အချိန်တုန်းက နေမာဟာ ကာတာနဲ့ခြေစမ်းကစားခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့ ခြေချင်းဝတ်ဒဏ်ရာကို ရရှိခဲ့ပြီး ဘရာဇီးလ်ရဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မယ်လို့ အတည်ပြုထားခဲ့တာပါ။ ဒါကြောင့် နေမာမပါဝင်တဲ့ဘရာဇီးလ်အသင်းအနေနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ မှာ ဂိုးရရှိဖို့ ရုန်းကန်ရနိုင်တယ်လို့ အားလုံးက ထင်ခဲ့ကြပေမဲ့ ကော်တင်ဟိုက ဒီသံသယတွေကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ချေဖျက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ (၅၄)ပွဲအထိ ကစားခွင့်ရရှိခဲ့ပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းကိုမပြသနိုင်ခဲ့ပဲ ပြိုင်ပွဲစုံ (၁၁)ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုကလည်း (၅)ကြိမ်သာရှိခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။

ဘာစီလိုနာက သူ့ကိုရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့တဲ့အထိ ကော်တင်ဟိုဟာ နူးကမ့်မှာ ဖိအားဒဏ်တွေကို ခံစားခဲ့ရတာပါ။ ဒါကြောင့် ကိုပါအမေရိကပြိုင်ပွဲမှာလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရနိုင်တယ်လို့ ထင်ခဲ့ကြပေမဲ့ ကော်တင်ဟိုဟာ နေမာမပါဝင်တဲ့ ဘရာဇီးလ်အသင်းကို ပွဲဥိးထွက်မှာ အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ နေမာကို မေ့ပျောက်စေလောက်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။

လူညိုချော@SportsGabar